Ep-48

449 21 1
                                    

          အတ္တ...လွန်ဆွဲ

ဓန ညို့ဖုန်းဆက်ချိန်းတာကြောင့် cafeတခုကိုရောက်လာခဲ့သည်။ စောစောလာသော်လဲ သူထက်ပိုစောကာ ရောက်နေတဲ့ ညို့ပင်။ဆိုင်ထဲဝင်ကာ ညို့ထိုင်​နေတဲ့ထိုင်ခုံရဲ့မျက်နှာချင်းမှာသွားထိုင်လိုက်ပီး မှာစရာရှိတာမှာနောက် နှစ်ယောက်လုံးဘာစကားမှမပြောဖစ်ပေ။ မှာထားတဲ့ကော်ဖီရောက်လာပီးသောက်လိုက်တော့ လည်ချောင်းစီးဝင်သွားတဲ့ coffeeပူပူများ။ ညို့နဲ့သူက အကြိုက်ရော အကျင့်ရော စိတ်ရောတူညီတာကြောင့် မတူညီတဲ့အရာဆိုတာ ရှားပါးလှသည်။ ဒါကြောင့် ယုံကြည့်မှုမှာတော့တူညီလိမ့်မယ်လို့လဲထင်ခဲ့သည်။

"မောင်တို့ကအကြိုက်ချင်းလဲတူပါလျက်နဲ့ ဘာလို့ယုံကြည့်မှုမှာတော့ မတူညီနိုင်ကြတာလဲ ညို့"

"စိတိပျက်နေပီးလား မောင်"

ဓန ပြောရမဲ့စကားများတောင် ထွက်မလာတော့ပဲ ဆွံအသွားတော့သည်။ မောင်တဲ့လေ ညို့က သူကိုမောင်ဟုခေါ်သည်တဲ့လေ။ အရင်က ခေါ်ခိုင်းသော်လည်း သိပ်မခေါ်ဖစ်ခဲ့ပင်မဲ့ အခုလို ညို့ရဲ့ပါးစပ်မောင်လို့ထွက်တဲ့အချိန်တိုင်း ဓန ရင်ခုန်သံတို့ အဆမတန်ခုန်မြန်လာသည်။ ထို့နောက်စကားအားပြန်ဆက်ကာ

"မောင်စိတ်မပျက်ပါဘူး မောင်နဲ့သူနဲ့ကလဲဘာမှမဟုတ်ဘူး ညို့ကြိုက်သလို စုံစမ်းနိုင်တယ် မောင်ကိုမယုံဘူးလား"

"မယုံတာမဟုတ်ဘူး အဲတာကိုဖျောက်ဖြတ်မရတာ"

"မောင်မင်းနဲ့မခွဲချင်ဘူး ညို့ရော မောင်နဲ့ခွဲနိုင်လို့လား"

ဓန ထိုသို့ပြောလိုက်တော့ ညို့က သဘောမကျသလိုဖြင့် မျက်ခုံးတွန့်ကြိုးသွားတော့သည်။ ဓနလဲထပ်မပြောတော့ပဲ ကော်ဖီခွက်အား ကိုင်ကာသောက်လိုက်သည်။ အဲ့နေ့ ဓနရဲ့စကားဆုံးတာနဲ့ စကားဝိုင်းလဲပီးဆုံးသွားပီး အချိန်အတော်ကြာ ဘာမှမပြောကြပဲ cafeတွင်သာအချိန်ကုန်ခဲ့ကျသည်။ နှစ်ယောက်သား ကိုယ့်အိမ်ကို ကိုယ့်စီပြန်သွားကျပီး ခေါင်းထဲတွင်လဲ စဥ်းစားစရာတပုံကြီးပါလိမ့်မယ်လို့ ထင်ပါသည်။

⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔

ညို့အား အိမ်ပြန်ရောက်တဲ့အထိ အတွေးပေါင်းမြှောက်များစွာနဲ့ပင် ။ အိပ်ခန်းထဲဝင်ကာ တံခါးလော့ချလိုက်ပီး ကုတင်ပေါ်တွင်သာ ငူငူငိုငိငိုင်ကြီးထိုင်နေမိသည်။ အလုပ်လဲမသွားချင် ဘာဆိုဘာမှမလုပ်ချင်ပေ။ ဒီလိုခံစားချက်ကပထမဦးဆုံးမို့အတော်ကို ခံရခက်သည်။ ​ဒါပင်မဲ့ တွေးကြည့်လိုက်ရင်တော့ ညို့အား သူကို ယုံကြည့်ပေးခဲ့သင့်တာမလား သူအပေါ်အယုံအကြည့်မရှိသလိုဖစ်သွားတာလားဟု အကြိမ်ကြိမ်တွေးတောနေမိသည်။ အချစ်နဲ့ခုမှစထိတွေ့တာဖစ်ပီး အဲတုန်းကခံစားရတဲ့ခံစားမှုက လူတွေပြောတဲ့ သဝန်တိုမှုများလား။ မဖစ်နိုင်တာ ညို့အားလိုလူကလေ မာန်ဓနဂုဏ်နဲ့တွေ့ပီးကထဲက မဖစ်ဘူးတာတွေရော မဖစ်ချင်တာတွေရော အကုန်လုံးကိုဖစ်နေတော့သည်။

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now