အတ္တ...လွန်ဆွဲ
ညို့ချက် အကိုဖစ်သူရဲ့လက်အားတွဲကာ ခန်းမထဲဝင်လာခဲ့သည်။ အားလုံးရဲ့အကြည့်တို့က ညို့ချက်စီမှာပင်ရောက်နေကာ မီးရောင်တို့ကအားလုံးအမှောင်ချထားပီး ညို့ချက်ကိုသာအလင်းရောင်ပေးထားသည်။ တေးသွားသံအေးအေးတို့က ပျံနှံကာ ညို့ချက်မှာပင် တစ်လှမ်းလျှောက်တိုင်း နှလုံးခုန်နှုန်းက ပိုပိုပီးမြန်ဆန်လာသည်။ တဖြေးဖြေးစင့်မြင့်အလယ်ရှိ လူကြီးနားတရွေ့ရွေ့နဲ့ရောက်သွားချိန် လူကြီးကလက်လှမ်းတော့ အကိုကသူရဲ့လက်အား လူကြီးရဲ့လက်ထဲထည့်ပေးလိုက်ပီး
"ငါညီ မျက်ရည်ကျရင် မင်းအသေပဲ ထည်အာဏာ"
"စိတ်ချပါ ကလေးငယ်ကိုတသက်လုံးပျော်ရွင်အောင်ထားမှာပါ"
ထိုအခါမှ ညို့အားလဲ ဓနဘေးနားကထိုင်ခုံတွင်ထိုင်လိုက်သည်။ အကိုဖစ်သူလဲသွားထိုင်တော့လူကြီးကသူအားမျက်နှာချင်းဆိုင်စေပီး လက်တို့အားကိုင်ထားလျက် ဖာသာရဲ့မင်္ဂလာရွတ်ဆိုသံများစတင်ခဲ့သည်။ မင်္ဂလာရွတ်ဆိုသံများဆုံးတော့ဖာသာက လူကြီးဘက်ကြည့်ကာ
"သတိုးသား တည်အာဏာ သည် သတိုးသား ညို့ချက်ပြင်းအား သေတပန်သက်တစ်ဆုံးပေါင်းသင်းပါမည် အသက်ရှင်သည်ဖစ်စေ သေဆုံးသည်ဖစ်စေ ရာသက်ပန်ပေါင်းသင်းပါမည် လက်ခံပါသလား"
"လက်ခံပါတယ်"
လူကြီးက ညို့ချက်အားကြည့်တာ ဆိုလာတော့ ညို့ချက်ရင်တွေတလှပ်လှပ်ခုန်နေခဲ့သည်။ ထိုနောက်ဖာသာက ညို့ချက်အားကြည့်ပီး
"သတိုးသား ညို့ချက်ပြင်းသည် သတိုးသား ထည်အာဏာ အား သေတပန်သက်တစ်ဆုံးပေါင်းသင်းပါမည် အသက်ရှင်သည်ဖစ်စေ သေဆုံးသည်ဖစ်စေ ရာသက်ပန်ပေါင်းသင်းပါမည် လက်ခံပါသလား"
"လက်ခံပါတယ်"
"လက်စွပ်များ အပြန်အလှန် ဝတ်ပေးကြပါ"
ဖာသာရဲ့စကားအဆုံး ဂျေးက လက်စွပ်ဗန်းအားကိုင်ကာ အနားကိုရောက်လာခဲ့သည်။ လူကြီးကထိုဗန်းထဲကလက်စွပ်အားယူကာ ညို့ချက်လက်၌စွပ်ပေးလာသည်။ ထို့နောက်ညို့ချက်လဲဗန်းထဲကလက်စွပ်အားယူကာ လူကြီးအားစွပ်ပေးလိုက်ချိန်
