Ep-50 ဇာတ်သိမ်းပိုင်း

1.2K 27 0
                                    

          အတ္တ...လွန်ဆွဲ

ညို့အား ခုဓနချိန်းထားတဲ့နေရာကိုသွားနေချင်ပင်။ခုတလော ဓနနဲ့သိပ်မတွေ့ဖစ် သူကလဲဖုန်းစမဆက်သလို ဓနဖက်ကလဲစဆက်ချင်မရှိ မတွေ့လဲမတွေ့ကျပေ။ ဒီနေ့မှ ဓနကသူအားဖုန်းဆက်ခေါ်ကာ သူပို့ထားတဲ့လိမ်စာအတိုင်းလာရန်ပြောလာတာကြောင့် Meetingလုပ်နေရင်းထွက်လာခဲ့ရသည်။ခု ဓနချိန်းထားတဲ့နေရာကိုရောက်တော့ ကားရပ်လိုက်ပီး ကားပေါ်ကဆင်းလာလိုက်သည်။ ကားပေါ်ကဆင်းပီးရှေ့ဆက်သွားတော့ ဘယ်သူမှရှိမနေ။ ဘေးပတ်လည်ကြည့်တော့လဲ ဘယ်သူမှရှိမနေတာကြောင့် လိပ်စာများမှားလေသလားဟု ဖုန်းထုတ်ကာ ပို့ထားတဲ့လိပ်စာကိုကြည့်တော့လဲ ဒီနေရာမှာပဲပင်။

ဓန ချိန်းထားတဲ့နေရာသည် မည်သည်အဆောက်အအုံမှမရှိ ရှင်းလင်းနေပီး မြက်ခင်းပြင်သာရှိသည်။လေများတဖြူးဖြူးတိုက်နေပီး သဘာဝအားခံစားလိုရတဲ့နေရာပင်။ ညို့အား ပတ်ပတ်လည်လည်ရှာသော်လည့်မတွေ့တာကြောင့် ဓနအားဖုန်းဆက်ခေါ်လိုက်ရသည်။ သို့သော် မကိုင်ပေ နောက်တခါထပ်ခေါ်တော့လဲ မကိုင်။ထို့နောက်

"ညို့"

ညို့အား နောက်ပါးမှ ကြားလိုက်ရတဲ့အသံကြောင့် လှည့်ကြည့်လိုက်တော့ ဓနပင်။ ဓနကသူရှိရာ တည့်တည့်အားတလှမ်းချင်းလျှောက်လာကာ ညို့အားရဲ့ရှေ့တည့်တည့် မျက်နှာချင်းတွင်ရပ်လိုက်ပြီး

"ဘာလို့ဒီနေရာကိုခေါ်တာလဲ"

"မောင် ညို့ကိုပြောစရာရှိလို့"

"ပြောလေ"

ညို့အား ပြောစရာရှိ၍ပြောခိုင်းသော်လည်း ဘာမှမပြောပဲ စိုက်ကြည့်မြဲစိုက်ကြည့်နေတဲ့ ဓနကြောင့်

"ပြောလေကွာ ပြောစရာရှိရင်"

ညို့အားပြောလိုက်တော့ ပြုံးပြလာတဲ့ဓန။ထို့နောက်

"မောင်တို့ စတွေ့တုန်းကအချိန်ကိုမှတ်မိသေးလား ညို့"

"အင်း လေလံပွဲမှာလေ"

"မောင်တို့ရဲ့ပထမတုံးစတွေ့ကရော အဲတုန်းကခံစားချက်ကရော အခုနဲ့ယဥ်ရင် လားလားမှ မဆိုင်ဘူး"

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now