Ep-28

469 25 1
                                    

အတ္တ...လွန်ဆွဲ

ညို့အားတို့ Snakeဂိုဏ်းရဲ့စုဝေးပွဲကိုသွားရန်ပြင်ဆင်နေကြကာ ညို့အားစိတ်ထဲလေးလံနေမိသည်။ ဘာကြောင့်များလေးလံနေသည်ကိုတော့မပြောတတ်ပေ။ ညို့အားဂိုဏ်းအဖွဲ့သားများအားလုံးကိုခေါ်ကာ သွားရန်အသင့်ဖစ်နေသည်။ ညို့အားသည် ဇက်ကလွဲရင် တခြားတပည့်များအား အနားတွင်မထားပါ နေရာအသီးသီးတွင်သူတို့အား လက်နတ်ရောင်းဝယ်စေပီး အခုတော့ကာအာလုံးခေါ်ထားသည်။
ဇက်နဲ့ ညို့အား ကားတစီး စီးပီးညို့ချက်ကတော့တစီးပင် တခြားသောတပည့်များနဲ့အတူ Snakeဂိုဏ်းစီကိုဦးတည်ထွက်လာခဲ့ကြသည်။

ဓန နဲ့ အာဏာ ဂျေးတို့သုံးယောက် ထွက်ခွာသွားတဲ့ ကားများကိုရပ်လို့သာကြည့်နေသည်။ သူတို့အနေနဲ့လဲ တားလို့မရတာကြောင့် ပင် ညို့အားတို့ကားလေး မြင်ကွင်းထဲပျောက်ကွယ်သွားတော့မှ ဓန ဘေးနားက ဂျေးအား

"ဂျေး"

"အသင့်ဖစ်ပါပီး ဂိုဏ်းချုပ်"

"သွားကြမယ် "

⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔

ညို့အားတို့ Sankeဂိုဏ်းရဲ့စုဝေးပွဲနေရာကိုရောက်တော့ ဘယ်သူမှမရှိရှင်းလင်းနေတာကြောင့် အနည်းငယ်ကြောင်အသွားကာ ဘေးနားကညို့ချက်အား

"ညို့ချက်"

"အကို သေချာပါတယ် ကျွန်တော် "

"ကျစ်" ဘာလို့တွေလုပ်နေတာလဲ !"

"တောင်းပန်ပါတယ် အကို"

ညို့အား တပည့်တချို့အား ပတ်ဝန်းကျင်ကိုလည့်ပတ်ကြည့်ခိုင်းသော်လဲ တစ်ယောက်မှမရှိတာကြောင့်

"စောက်အလုပ်တွေ ဘာလို့တွေလုပ်နေကြတာလဲ!!"

ညို့အား ဒေါသများထွက်အော်လိုက်တော့ အားလုံးခေါင်းသာငုံနေကြတာကြောင့် ညို့အားဆက်မပြောချင်တော့ပေ။ ညို့အားပြန်လည့်ကာထွက်လာခဲ့ရာ

"နေပါအုံး ညို့အားပြင်းရဲ့ စိတ်မပျက်ပါနဲ့အုံး"

ညို့အားတို့ ထိုအသံကြောင့် ခြေလှမ်းများရပ်တန့်ကာ ညို့အားတို့ရှိရာကိုလူအများအပြားဝင်ရောက်လာခဲ့သည်။ ညို့အားတို့ထက်နှစ်ဆများတဲ့လူများအနက် ခေါင်းဆောင်ဖစ်ဟန်လူကို ညို့အားကြည့်လိုက်တော့ ဂတုံးပုံစံဖြင့်ခေါင်းတွင်မြွေပုံတက်တူးထိုးပီး ဗိုက်တို့ကပူနေကာ ချစ်တီးပုံလိုပင် အတော်လဲရုပ်ဆိုးနေသည်။ ညို့အားထိုသူရဲ့အသံကိုမှတ်မိပါသည် ဒီတသက်မေ့မရတဲ့ အသံမို့ပင်။ ခေါင်းဆောင်ဖစ်ဟန်ရှိတဲ့ထိုလူအား

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now