Ep-27

500 19 0
                                    

          အတ္တ...လွန်ဆွဲ

တလခန့်ကြာသော်အခါ

ညို့ချက်နဲ့ ဇက် ဒဏ်ရာများသက်သာလာကာ ယခုဆိုအလုပ်များပြန်လုပ်လာနိုင်ကြလေသည်။ ညို့ချက်နဲ့အာဏာကလဲ ချစ်သူသက်တမ်း တလပြည့်ကာ ညို့အားနဲ့ဓနတို့လဲယခင်ကထက်ပိုပီးရင်းနှီးသထက်ရင်းနှီးလာကြသည်။ ဇက်နဲ့ဂျေးမှာလဲ သူငယ်ချင်းအရင်းကြီးပင်ဖစ်လာခဲ့ရာ ယခင်က တိတ်ဆိတ်နေတဲ့ ဓနတို့အိမ်ကြီးက စိမ်းလန်းစိုပြေလာခဲ့သည်။
ညို့အားနဲ့ဓန ဂျေးနဲ့ဇက်အားခိုင်းစရာအလုပ်ရှိတာကြောင့် သူတို့အခန်းကိုလာခဲ့ရာ

"အာ့...ဖြေးဖြေးလုပ်ပါ ဇက်ရဲ့ ငါနာတယ်"

"ဖြေးဖြေးလုပ်တာပဲ ဒီထက်ဖြေးရင် မကောင်းဘူးကွ"

"အာ့..အာ့...နာတယ်ကွ မင်းမခံရတိုင်း"

"ဒီလိုလုပ်မှ မင်းကောင်းမှာလေ သည်းခံ"

"အာ့...ဖြေးဖြေး.ဇက်"

ဓနနဲ့ညို့အားထိုအသံများကြောင့် ဝင်ရမလို ပြန်သွားရမလို့ပင် ဖစ်နေသည်။ နောက်မှပဲပြောမယ်ဆိုပီးပဲပြန်လာကာ ဓနမျက်နှာထက် မဲမှောင်နေပီးညို့အားကတော့ ရွင်လန်းနေသည်။

"ဇက်ကတော့ကွာ တကယ်ကိုသွက်တာပဲ"

ညို့အားပြောလိုက်တာကြောင့် ဓနမျက်နှာတို့ပိုပီးမဲမှောင်သွားကာ စိတ်ထဲ တပည့်ဖစ်သူဂျေးအားကျိန်ဆဲနေပါသည်။

"အသုံးမကျတဲ့ကောင်"

ဓန ညို့အားရဲ့ပြုံးပျော်နေတဲ့မျက်နှာကြောင့် ပိုခံရခက်သည်ပင် ထို့ကြောင့် ညို့အားအနားမှထွက်လာပီး အာဏာဆီကိုလာလိုက်သည်။အာဏာဆီကိုရောက်တော့

"မလာစဖူးပါလား ဓန"

"မင်းအပေါက်ပိတ်ထား အာဏာ"

"ဟ မင်းရောက်နေတာ ငါအခန်းနော် "

"ညို့ချက်ဆိုတဲ့ဟာရော"

"ကလေးငယ်က အပြင်ခနထွက်သွားတယ် ဘာဖစ်လာတာလဲ ကိုညို့အားနဲ့ပဲလား"

"မဟုတ်ဘူး မင်းတပည့်ဂျေးကြောင့်"

"ဂျေးက ဘာဖစ်လို့လဲ"

"ဂျေးက အောက်ကတဲ့ကွာ ငါကအပေါ်ကထင်တာ"

"ဓန ရာ အချစ်မှာအပေါ်အောက်မရှိပါဘူးကွ "

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now