အတ္တ...လွန်ဆွဲ
ဓန မေ့ဆေးအရှိန်ကြောင့် သတိမရသေးတဲ့ ညို့အားကိုကြည့်ကာ သူကိုယ့်သူအပြစ်တင်မဆုံးပါ ။ ဓနသာတားဆီးခဲ့ရင် သူသာစောစောရောက်သွားခဲ့ရင် ခုလိုတွေဖစ်လာမှာမဟုတ် ။ ခုလိုဖစ်ရတာတွေက ဓနအပစ်တွေသာ သူအသုံးမကျလိုသာဖစ်လာခဲ့ရတာ။ ဓန အမြဲညို့အားကို ထိခိုက်စေတာလား ဟုတွေးမိတဲ့အထိပင်။ ထိုညတစ်ညလုံးညို့အားသတိမရလာခဲ့။တဖြေးဖြေးမိုးလင်းလာတော့မှသာ ညို့အား သတိရလာခဲ့သည်။ ညို့အား မျက်လုံးဖွင့်ဖွင့်ချင်း တွေ့လိုက်ရတဲ့မျက်နှာကျက်ဖြူဖြူတို့ကြောင့် ဒါကသူအခန်းမဟုတ်ပေ ။ထို့ကြောင့် ဘေးပတ်လည်ကြည်ရန် လှဲနေရာကထလိုက်တော့ ဗိုက်ထက်က နာကျင်မှုကမသေးလှ။
အာ့...
ဓန တစ်ယောက် မိုးလင်းခါးနီမှမေးကနဲအိပ်ပျော်သွားကာ နားထဲ ညို့အားရဲ့အသံအားကြားလိုက်ရတာကြောင့် မျက်လုံးတို့ကချက်ချင်းပွင့်လာသည်။ သတိရလာတဲ့ညို့အားကိုမြင်တော့လက်ကလေးအားကိုင်ကာ
"မင်းသတိရလာပီးပဲ တော်သေးတာပေါ့ တော်သေးတာပေါ့"
ဓန ခုမှပိုပိးပေါ့ပါးလာသလိုခံစားရမိကာ စိတ်လိုလက်ရပြုံးမိလိုက်သည်။ သို့သော် ထိုအပြုံးကခနပင် ညို့အားရဲ့စကားကြောင့် ပြန်ပီးပျောက်ကွယ်သွားခဲ့သည်။
"ဓန ...ညို့ချက်နဲ့ဇက်ရော"
ဓန ညို့အားရဲ့မေးခွန်းကြောင့် အကျပ်ရိုက်မိသည်။ သူသာပြောလိုက်ရင် ညို့အား ခံနိုင်ရည်ရှိပါမလား ဟုတွေးကာ တိတ်ဆိတ်နေမိသည်။ သို့သော် အကင်းပါးတဲ့ ညို့အားက
"တခုခုဖစ်နေတာလား "
"ညို့အား မင်းထလို့မရဘူး ပြန်လှဲနေ"
ကုတင်ပေါ်ကနေ ထလာတဲ့ ညို့အားကြောင့် ဓနတားလိုက်ရသည်။ အရေးပေါ်ခန်းက ထွက်လာတာဖြင့်မကြာသေး ဒဏ်ရာပြန်ပီးပွင့်သွားနိုင်သည်မို့ တားလိုက်တော့ မျက်မှောင်ကြိုတ်ကာ ကြည့်လာပီး
"ငါ ညို့ချက်နဲ့ ဇက်ကိုတွေ့ချင်တယ်"
"ကိုယ့်ခေါ်သွားပေးပါမယ် အခုတော့နားလိုက်ပါ ဒဏ်ရာပြန်ဖွင့်သွားမယ်လေကွာ လှဲနေလိုက်"