Ep-30

527 26 5
                                    

          အတ္တ...လွန်ဆွဲ

အား မျက်လုံးတို့ဖြေးဖြေးချင်းဖွင့်လာတော့ သူအား စိုးရိမ်နေတဲ့ ဓနအားပထမဆုံး တွေ့လိုက်ရသည်။ ဗိုက်က ဒဏ်ရာက နာကျင်နေတာကြောင့် အသံတိုးတိုးမျှသာထွက်တော့သည်။

"ဓ.န"

"ကိုယ့်ရှိတယ် ကိုယ့်ရှိတယ် ခနပဲ.ခနပဲသည်းခံပေးပါ ဆေးရုံးရောက်တော့မယ်နော် ညို့အား"

"ညို့..ချက်"

"ရှိတယ် ညို့ချက်ရှိတယ်"

"ကျွန်တော် ဘာမှမဖစ်ဘူးအကို အားတင်းထားနော်"

ညို့ချက်အသံကိုကြားတော့ စိတ်ချသွားကာ ညို့အား အနည်းငယ်ပြုံးလာခဲ့သည်။ ထိုနောက်

"ဇက်..ဇက်ရော"

ညို့အားမှ ဇက်ကိုမေးလာတာကြောင့် ကားအထဲလေထုတို့က တိတ်ဆိတ်သွားတော့သည်။ ဓန မည်သို့ပြန်ဖြေရမလဲမသိခဲ့ ဘေးနားကိုကြည့်လိုက်တော့လဲ ဂျေးရင်ခွင်ထဲ၌ အသက်ပင်မနည်းလုရူနေရတဲ့ ဇက်နဲ့ ဇက်အားရင်ခွက်ထဲထည့်ပီး မျက်ရည်များတသွင်သွင်ကျနေတဲ့ဂျေးကြောင့် ဓန ဘာကိုမှပြောမထွက်ခဲ့ပေ။

ဓနရဲ့ပြန်ဖြေသံမကြားရတာကြောင့် ဓနကြည့်ရာကို မနည်းခေါင်းထူကာ ကြည့်လိုက်တော့ ညို့အားမျက်လုံးများ ပြူးကျယ်သွားတော့သည်။

"ဇက် အာ့..."

ညို့အား ရုတ်တရက်ထလိုက်တော့ ဗိုက်ဒဏ်ရာက ဆစ်ကနဲ့နာလာကာ ပြန်လဲနေရသည်။
ညို့အား မျက်လုံးများမပွင့်သော်လည်း အသံများကိုကြားနေရကာ အားကုန်သုံးဖွင့်ကြည့်တော့မှ ခုလိုမြင်တွေ့ရချင်သာ။ ညို့အား ကြားနေရသည် မေဝတီကသူတို့အားမကျေနပ်၍ လက်စားချေတဲ့အသံကို။ မေဝတီသေနတ်ပစ်လိုက်သည်ကိုလဲကြားခဲ့ရာ ဇက်ကဝင်ခံပေးထားသည်ပုံပင် ။ ညို့အားရင်ထဲတင်းကျပ်လာကာ လည်ပင်းတွင်လဲ ထစ်စိုနေသလိုဖစ်လာသည်။ ဇက်ခုလိုဖစ်ရတာသူကြောင့် ဒီအသုံးမကျတဲ့သူအားကာကွယ်ရင်ဖစ်ခဲ့ရတာကြောင့်ပင်။ ညို့အား ဇက်လက်အားမမှီမကန် ဖွဖွလေးလှမ်းကိုင်ကာ

"ဇက်..ဇက် ငါတောင်း.ပန်ပါတယ် ဇက် "

ညို့အား ပြောလိုက်တော့ ဇက်တစ်ယောက် အနည်းငယ်လှုတ်လာသော်လည်း မျက်လုံးတို့ကမပွင့်ပေ။ ထိုနောက် အာလေး လျှာလေးဖြင့်

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now