Ep-26

510 30 1
                                    

          အတ္တ...လွန်ဆွဲ

ဇက်တစ်ယောက် မနေ့ကအခန်းပြောင်းပီး အိမ်ကြီးထဲမှာရောက်နေသော်လည်း ဂျေးဆိုတဲ့သူကသူအနားမရှိချေ။ လှုတ်ရှားလို့မရတာကြောင့် အိပ်ရာထက်လှဲနေရသော်လည်း ပျင်းလှပီးမို့ စကားပြောဖော်ရအောင်
ဂျေးအားလှမ်းခေါ်မိသည်။

"ဂျေး... ဂျေး... ဂျေး..."

ဇက်ခေါ်လိုက်တော့ ဘယ်ကမှန်းမသိပြန်လာတဲ့ပုံနဲ့ဂျေးက အခန်းထဲဝင်လာခဲ့သည်။

"မင်းဘယ်သွားနေတာလဲ."

"ဂိုဏ်းချုပ် ခိုင်းတာတွေလုပ်နေတာ မင်းဘာလိုလို့လဲ"

"ငါပျင်းလို့ "

"ငါဘာလုပ်ပေးရမှာလဲ"

"စကားနည်းနည်းပြောရအောင်"

ဂျေးလဲ အဝတ်အစားများလဲကာ ဇက်ဘေးနားသွားထိုင်လိုက်ပီး ဇက် ခန္ဓာကိုယ် အားဖြေးဖြေးချင်မထူကာ ကုတင်ကိုမှီစေလိုက်သည်။

"ပြော မင်းဘာပြောချင်တာလဲ"

"မင်းကဒီအိမ်ကဘာလဲဂျေး"

"ဂိုဏ်းချုပ်ရဲ့ ဘယ်လက်ရုံ မင်းကရော"

"ငါညာလက်ရုံ"

ဂျေးလဲဇက်မပျင်းအောင်စကားများပြောပေးနေလိုက်သည်။ တဖြေးဖြေးညနက်လာတော့ ဂျေးတစ်ယောက်

"ငါခနနေပြန်လာခဲ့မယ်ဇက်"

ဂျေး မီးဖီုးချောင်ကိုသွားကာ ဇက်အတွက်ဆန်ပြုတ်ပြုတ်ပေးပီး ဆေးနဲ့အတူယူလာပေးတော့ ဇက်တစ်ယောက်မျက်နှာတို့စူပုတ်နေကာ

"ဆန်ပြုတ်ကြီးလားကွာ"

"မင်းဒါသောက်မှဆေးသောက်လို့ရမှာပေါ့"

"ငါဖစ်တာ ပခုံးနဲ​နံရိုးဖစ်တာလေ ပါးစပ်ကအကောင်းကြီး"

"မနက်ဖြန် ပြောင်းပေးမယ် ဒီနေ့တော့ဒါပဲစားလိုက် ဇက်"

ဂျေးဘဲ ဇက်အားဆန်ပြုတ်တိုက်ပီး ဆေးပါတခါထဲတိုက်လိုက်သည်။ ပီးနောက် ဂျေးစားပွဲတွင်ထိုင်ကာ စာရင်းများကိုလုပ်နေတော့သည်။

⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔

တနေ့ ညို့အားဆီဖိတ်စာတစ်ဆောင်ရောက်ကာ သံအမတ်ရဲ့မွေးနေ့ဖိတ်စာပင်။ မပီးနိုင်မစီးနိုင်လုပ်နေကြသည်မွေးနေ့ပွဲတွေကြောင့် စိတ်ရှုပ်ကာဖိတ်စာအား စားပွဲပေါ်တွင်ပစ်ချလိုက်တော့ ဓနကကောက်ယူကာကြည့်လိုက်သည်။ ဓန ခုတလောညို့အားဘယ်သွားသွားအနောက်ကတကောက်ပင် အိပ်သာထဲကိုတောင်မလိုက်ရုံတမယ်။
ဓန ညို့အားပစ်ချလိုက်တဲ့ဖိတ်စာအားကောက်ဖတ်ကြည့်လိုက်တော့ အသံအမတ်ရဲ့မွေးနေ့ပွဲဖစ်နေသည်။ အသံအမတ်ဆိုမှ ဟိုတခါကလူပဲ

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now