နောက်တစ်နေ့မနက်တွင် ယင့်ရိုးမနောင် အစောကြီးနိုးလာခဲ့သည်။ ထို့နောက် မူးနှောက်နေသောခေါင်းကိုက်ခြင်း ဝေဒနာနှင့် အတူ သူ့လက်မောင်းများကြားမှ နွေးထွေးမှုတစ်ရပ်ကိုအရင်ခံစားမိသည်။ ထိုအနွေးဓာတ်ကလေးက အမှန်စင်စစ်တော့ လူတစ်ယောက်ပင်။
အိမ်မက်လား၊တကယ်ဖြစ်နေတာလား မသည်းကွဲသော်လည်း ယင့်ရိုးမနောင် သူ့လက်မောင်းများကြားထဲမှလူအား ငုံ့နမ်းလိုက်မိသည်။ သူ့ကိုယ်သူပင်တားမချိန်မရလိုက်။ ထိုအနမ်းက အလိုလိုဖြစ်တည်သွားခဲ့ခြင်းသာ။
ထိုအရာများထက် အခန်းကမှောင်နေလို့လား၊မနက်မရောက်သေးတာလားဆိုတာ ယင့်ရိုးမနောင် မသိသော်လည်း ထိုလူ့ရဲသဏ္ဍာန်ကို အသေအချာလေးငုံ့ကြည့်၍ ယုယစွာထွေးပွေ့ထားမိသည်။ သဲကွဲစွာမမြင်ရသော်ငြား အမှောင်ထဲတွင် အဖြူရိပ်ကလေးသန်းနေမှန်းတော့ ဝိုးတဝါးတားသူတွေ့သည်။
ပြီးတော့ သူ့နှလုံးသားရဲ့အောက်ခြေကနေ ကြောက်ရွံမှုလေးတစ်ခုက တိတ်တဆိတ်ရုန်းကန်ထွက်ပေါ်လာသလိုမျိုး ထိုအနွေးဓာတ်ကလေး ပျောက်ကွယ်သွားမှာကိုစိုးရွံနေမိတော့သည်။ ထ်ိုအတွေးက သူခေါင်းအား ပို၍ထိုးကိုက်စေပုံပင်။
" ကျစ်... "
ခပ်တိုးတိုးစုပ်တစ်ချက်သပ်ရင်း ယင့်ရိုးမနောင် ကိုက်ခဲနေသော နားထင်အား ခပ်သာသာဖိနှိပ်လိုက်သည်။ ထိုခဏ၌ အနည်းငယ်အဝေးသို့ရောက်သွားသော ထိုနွေးထွေးမှုကြောင့် သူ့မျက်ခုံးများစုကျုံ့သွားရသလို ၎င်းဖြူဖြူအရိပ်ကလေးအား လက်မောင်းများကြားထဲ ပြန်၍သိမ်းပိုက်ရင်း ယင့်ရိုးမနောင် ဘာကိုအလိုမကျဖြစ်နေမှန်းကိုယ့်ကိုယ်ကိုယ်မသိဖြစ်နေမိသည်။ ခဏအကြာတွင် ရင်ခွင်ထဲသို့ဆွဲသွင်းထားသော အနွေးဓာတ်လေးအား ဂရုတစိုက်ထွေးပိုက်ရင်း သူကိုယ်တိုင်လည်း ထပ်မံ၍ အိပ်ပျော်သွားတော့သည်။
............
............" နိဒါန်းပျို "
နောက်ပါးမှခေါ်သံကြောင့် နိဒါန်းပျိုလှည့်ကြည့်လိုက်သည်။ ထိုအခါ သူ့ထံသို့ပြေးလာနေသော ရိုးမအားတွေ့လိုက်ရပြီး....
YOU ARE READING
ရင်ခွင်ရိပ်မြုံ ( Ongoing )