အပိုင်း ၄၁ ( Unicode )

280 13 3
                                    

" တောက်ခ်! "

တက်တစ်ချက်ခေါက်ရင်း သမိုင်းဦးတည်ကလက်ထဲက ကြေးနန်းစာအား တစစီလုံးချေ လွှင့်ပစ်လိုက်သည်။ လက်သီးကို ကျစ်နေအောင် ဆုပ်ထားပြီး မေးရိုးတွေထင်းသည်အထိ အံကြိတ်ရင်း ကျွန်းစားပွဲဲကြီးအား အားဖြင့်ထိုးချလိုက်ချိန်။

"ဝုန်း"

အသံနှင့်အတူ ကျွန်းစားပွဲဲကြီးက သမိုင်းဦးတည်ရဲ့ ခြေဖျားနားအထိ ကျိုးကျသွားတော့သည်။

" သမိုင်းဦးတည်..၊ "

သက်ခိုင် အမြန်သွား၍ စားပွဲအားထိုးခွဲလိုက်သော သမိုင်းဦးတည်ရဲ့လက်အား အသာလေးဆွဲယူကြည့်လိုက်သည်။ လက်က နီရဲညိုငြမ်းနေခဲ့ပြီး သွေးစစို့နေ၏။ စာကြည့်ခန်းက အသံလုံလို့သာပေါ့ မဟုတ်ရင် ကြီးမြိုင်တို့ပါ ပူပန်ရမယ့်အဖြစ်။

ထို့နောက် သူ့လက်ထဲက စုတ်ပြဲပြီးသွေးစို့နေသည့်လက်အားအသာကိုင်ကာ သက်ခိုင် သမိုင်းဦးတည်အား ခပ်စူးစူးမော့ကြည့်ရင်း....

" မင်း၊ရူးနေသလားဟမ်... ဘာလို့ ကိုယ့်အသားကို အနာခံရသလဲ၊ ဘာဖြစ်လို့ ငါ့ရင်တွေနာအောင် သိပ်လုပ်နေရသလဲ၊ ပြောစမ်း..သမိုင်းဦးတည်၊ မတော်လို့များ အရိုးတွေဘာတွေကျိုးသွားရင် ဘယ်လိုလုပ်မလဲ။ "

သက်ခိုင် အသံက တင်းမာနေသည်။ မျက်ဝန်းတွေကတော့ သမိုင်းဦးတည်ရဲ့ လက်ကိုကိုင်၍ စိုးရိမ်ပူပန်နေ၏။ အပြုအမူနှစ်ခုက တစ်ချိန်တည်းမှာပင် ဆန့်ကျင်စွာ တည်ရှိနေသည်။

သမိုင်းဦးတည် ရင်ထဲနွေးခနဲ ဖြစ်သွားရသည်။

" မင်းရူးနေသလား...၊ "

သမိုင်းဦးတည် မျက်စိရှေ့က ကိုယ်လုံးလေးအား ရင်ခွင်ထဲ ဆွဲယူလိုက်သည်။ ပြီးတော့ သက်ခိုင်ရဲ့ ပုခုံးထက်မှာ မေးတင်ရင်း သူ့စိတ်ကိုတည်ငြိမ်စေသော ကိုယ်သင်းနံံံ့လေအား တစိုက်မတ်မတ်ရှူရှိုက်မိ၏။

" လွှတ်ပါ... "

သက်ခိုင် ရုန်းလိုက်မိသည်။ သို့​သော် သမိုင်းဦးတည် ပြောလာတဲ့ စကားများကြောင့် ငြိမ်ကျသွားရပြန်၏။

" မရုန်းပါနဲ့၊ မောင်ဖက်ထားပါရစေ... အခုချိန်မှာမှ အသက်ကိုမဖက်ထားရင် အသက်ကိုယ်သင်းရနံံ့လေးကိုမရှူရရင် မောင့်စိတ်တွေ အထိန်းကွပ်မဲ့သွားနိုင်တယ် "

ရင်ခွင်ရိပ်မြုံ ( Ongoing ) Where stories live. Discover now