ဒီည အခန်းထဲမှာ စိတ်ရှုပ်စရာ ကောင်းလောက်အောင်ကို တိတ်ဆိတ်နေတယ်။
အိပ်ရာပေါ်ကလူက အိပ်မပျော်ပေမဲ့ ဗီရိုထဲကလူကတော့ အရမ်းအိပ်ချင်နေတယ်။ ဝမ်ရိပေါ် အရမ်းအိပ်ချင်နေပြီဖြစ်တယ်။ ညတိုင်း အိပ်ရာဘေးမှာ ရေတခွက် ထားပေးဖို့ ရှောင်းကျန့်က သူ့ကို ပြောတဲ့အထိ စောင့်နေတတ်တယ်။ သာ့ရန်ဟာ ဝမ်ရိပေါ်ကို အမြဲ ရေခပ်ခိုင်းတတ်တယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ အဲ့လိုပြောတဲ့အချိန်ကို စောင့်မနေဘူး။
နောက်ပိုင်းမှာ ရှောင်းကျန့်က အခန်းမီး ပိတ်လိုက်တဲ့အခါ တခန်းလုံး အမှောင်ကျသွားတယ်။ ရှောင်ယောက်ကွိုက် ပိုအိပ်ချင်လာတယ်။ သူ ရှောင်းကျန့်ရဲ့ကုတ်အင်္ကျီကို ခြုံလိုက်တယ်။ ကုတ်အင်္ကျီပေါ်မှာ သာ့ရန်ရဲ့ ရနံ့တွေ ရှိနေတယ်။
မှောင်မဲနေတဲ့ ဗီရိုထဲမှာ ဝမ်ရိပေါ်ဟာ ရှောင်းကျန့်နာမည်ရေးထားတဲ့ ယူရိုငွေကို ထုတ်လိုက်ပြီး သူ့ဒူးပေါ်မှာ ဖြန့်တင်လိုက်တယ်။ ဒီနေ့ သာ့ရန်က သူ့ကို စကားမပြောချင်သလိုပဲ။
မနက်ဖြန် အဆင်ပြေသွားမှာပါ။ ဘာပဲပြောပြော၊ အမှတ်အသား ရှိထားပြီမို့ သူတို့ ခွဲလို့မရဘူး။
ဗီရိုထဲမှာ ဘာလှုပ်ရှားမှုမှ မရှိတော့ဘူး။ ဝမ်ရိပေါ် အိပ်ပျော်သွားပြီလို့ ရှောင်းကျန့် တွေးလိုက်တယ်။ သူ တဖက်ကို လှည့်လို့ ဗီရိုကို ကျောပေးလိုက်တယ်။
ဝရန်တာပေါ်မှာ ငွေရောင်အလင်းတန်းတွေ ဖြာကျနေတယ်။ Orion ပဲ ဖြစ်လိမ့်မယ်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အချိန်မှာ ဖန်ခွက်ကွဲသံကို ဝမ်ရိပေါ် ကြားလိုက်ရတယ်။ သူ ချက်ချင်း ဗီရိုထဲက ထွက်လိုက်တယ်။
အခန်းထဲမှာ မီးဖွင့်မထားဘူး။ ငွေရောင်လမင်း အလင်းရောင်အောက်မှာ ရေခဲသေတ္တာရှေ့ မတ်တပ်ရပ်နေတဲ့ သာ့ရန်ကို ရှောင်ယောက်ကွိုက် တွေ့လိုက်ရတယ်။ သာ့ရန်ဟာ ဘယ်ဘက်ခြေထောက်ကို မြှောက်လို့ သူ့လက်က စားပွဲပေါ် ထောက်ထားတယ်။ စားပွဲအောက်မှာ ကွဲနေတဲ့ ဖန်ခွက် ရှိနေတယ်။
"သာ့ရန် ခြေထောက်ကို ထိသွားတာလား? ဘာလို့ ကျနော့်ကို မခေါ်တာလဲ?"
ESTÁS LEYENDO
For Emma ||Completed||
Fanfic"I just want you to remember." Authorized Myanmar Translation. Unicode only.