Review

3.2K 214 11
                                    

ဝမ်ရိပေါ်ရဲ့ဘဝက စက္ကူဖြူစာရွက်လေးနဲ့ တူတယ်။ မားမားရဲ့ သိမ်းဝှက်ထားမှုအောက် လောကကြီးအကြောင်း ဘာဆိုဘာမှမသိ၊ ပြောတိုင်းယုံတတ်တဲ့ ကလေးလေး၊ ပြန့်ပြန့်ပြူးပြူး၊ ခြစ်ရာအစွန်းထင်း မရှိတဲ့ စာရွက်ဖြူလေးပေါ့။

ဒါပေမဲ့ တနေ့မှာ သူ့စက္ကူဖြူလေးပေါ် အရောင်ဆိုးတဲ့သူ ရောက်လာခဲ့တယ်။ အရောင်ဆိုးတယ်ဆိုတာထက် ထိုလူဟာ သူ့ဘဝကို ရောင်စုံခြယ်သပေးခဲ့တဲ့ ပန်းချီဆရာတယောက်ပေါ့။

ထိုလူဟာ သူ့ဘဝကို ဆေးရောင်စုံစေခဲ့တယ်။
ထိုလူဟာ သူ့ဘဝကို ရနံ့တွေ ထုံမွှန်းစေခဲ့တယ်။
ထိုလူဟာ သူ့ဘဝကို ဂီတသံစဉ်တွေ သာယာစေခဲ့တယ်။
ထိုလူဟာ သူ့ဘဝပေါ် အလှပဆုံး ပန်းချီကားချပ်လေး ရေးဆွဲပေးခဲ့တယ်။

ထိုအဖိုးတန်ဘဝပန်းချီကားအတွက် ဝမ်ရိပေါ် ပြန်ပေးခဲ့တာဟာ သူ့ရဲ့ အရာရာ၊ စိတ်ဝိဉာဉ်နဲ့ ခန္ဓာအလုံးစုံပါပဲ။

ထိုလူကို သူ အဲ့လောက်ထိ အားကိုး ချစ်မြတ်နိုးခဲ့မိတယ်။

...

သာမန်နေ့တနေ့မှာ ရှောင်းကျန့်ဟာ ပြဿနာအိုးလေးတယောက်ကို ရှာတွေ့ခဲ့တယ်။ ထိုကောင်လေးကို သူ ကာကွယ်ပေးတယ်၊ ထိုကောင်လေးကို သူ ယုံကြည်ပေးတယ်၊ ထိုကောင်လေးကို သူ အထိခိုက်မခံ စောင့်ရှောက်ပေးတယ်၊ ထိုကောင်လေးအတွက် အရာရာကို ဖြည့်ဆည်းပေးတယ်။

အနည်းဆုံးတော့ သူ အဲ့လို ထင်နေခဲ့မိတာပေါ့။

သူ မသိလိုက်တာက ထိုကောင်လေးဟာ တကယ်တမ်းမှာ အာလာဒင်ရဲ့ မီးခွက်ကလေး၊ သူ လိုတိုင်းတ ရနိုင်တဲ့ လိုတရအိတ်ကလေး၊ ပုံပြင်တွေထဲကလို ကျိန်စာသင့်နေတဲ့ ငန်းမင်းသားလေး ဖြစ်နေခဲ့တာပါပဲ။

သူဟာ သူ့ရဲ့ ပန်ဒိုရာသေတ္တာလေးကို စွန့်လွှတ်ဖို့ အကြိမ်ကြိမ် အခါခါ ကြိုးစားခဲ့မိတယ်။

ပန်ဒိုရာသေတ္တာထဲမှာ နောက်ဆုံးကျန်ခဲ့တာဟာ ဘာဖြစ်မလဲ။

အားလုံးသိတဲ့အတိုင်း "မျှော်လင့်ချက်" ဆိုတဲ့ အရာပါပဲ။

________________________________________

ဒါလေးကို အစက ရိပေါ်မွေးနေ့ကျမှ တင်မယ်ပေါ့။ ခု အစီစဉ်ပြောင်းလိုက်ပြီ။ လကုန်ကစပြီး ရက်ခြားစီ တင်ပါမယ် ချစ်တို့ရေ။ ရိပေါ်မွေးနေ့အမီ တင်ချင်တဲ့အပိုင်းလေး ရှိလို့ပါ။

လောလောဆယ် Starry ဆီမှာ လှူထားတဲ့လူတွေကို အပိုင်း (၁) တင်တော့မှပဲ နာမည်စာရင်း ထည့်ပေးတော့မယ်ကွယ်။ အဆင်ပြေရင် ရှေ့ဆုံးစာမျက်နှာကို ပြန်ဖတ်ပေးပါဦးနော်။

နောက်ပြီးတော့လေ လက်ဆောင်ပေးမယ့်ဖစ်က male preg ချည်းကိုမှ ၃ ပိုင်းနဲ့ အပိုင်း ၂၀ ဟာ တခုခုလို့ ပြောခဲ့တယ်မလား။ အဲ့ဒါ မှားတာပါရှန် 😁

၃ ပိုင်းဟာက male preg မှန်ပေမဲ့ အပိုင်း ၂၀ ဟာက ပြန်ကြည့်လိုက်တော့ တကယ်တမ်းမှာ ၃၇ ပိုင်း ဖြစ်နေတယ်။ အဲ့လောက်ကြီးကျ ရေးနိုင်တော့ဘူးရယ်။ အာ့ကြောင့် ၁၅ ပိုင်း ဖစ်ကို ပြောင်းလိုက်ပါတယ်။ အဲ့ ၁၅ ပိုင်းဟာက male preg မဟုတ်တော့ပါဘူး။ အဲ့တော့ ကြိုက်ရာရွေးရမှာပါ။ male preg ဆို ၃ ပိုင်း၊ male preg မဟုတ်တာဆို ၁၅ ပိုင်းပါ။

ကျေးဇူးတင်ပါတယ်ရှင်။

(⁠◍⁠•⁠ᴗ⁠•⁠◍⁠)⁠❤

For Emma ||Completed||Where stories live. Discover now