Part 1

7.8K 171 1
                                    

"ဟင့်အင်း မရဘူး ရဘူး တီလေးဆေးထိုးမယ်ဆို မီးပြနေကျ ဒေါက်တာမမဆီမှာ မှထိုးမယ်"
နှုတ်ခမ်းကိုစူထော်ပြီးဂျီကျနေသောတူမငယ်ကြောင့် သရဖီကိုစိတ်ညစ်ရပြီ။
"အွန်း ဆေးထိုးမယ်ဆိုသွားမယ်လေ။ ဘာလို့အဲလောက်တောင် သူမှသူ တကဲကဲဖြစ်နေတာလဲ ။လိုက်ပို့မယ်လာ "
အမိမြန်မာပြည်ခဏပြန်လာတုန်းအမ်ိမြေအရသာအပြည့်အ၀ခံစားမည်ဟုတွေးထားကာမှ တစ်ဦးတည်းသောတူမငယ်လေး ကိုယ်အနည်းငယ်ရှိန်နေတာကြောင့် လည်ပတ်မည့်အစီစဥ် ဖျက်ကာ ဆေးခန်းပို့ရန်ပြင်ရပေသည်။အရေးထဲ သူပြနေကျဒေါက်တာမမ မှပြမည်တကဲကဲ။
ဆေးခန်းသည်အရမ်းကြီးမကြီးလှ...။
"ဟင် "
မြင်လိုက်ရသောဒေါက်တာနာမည်ကြောင့် သူမအနည်းငယ်တုန်လှုပ်သွားမိသည်။
သူ....သူ...မဖြစ်ပါစေနဲ့။
သူမနဲ့ပတ်သက်လျှင် အမြဲကိုယ်ချည်းနာကျင်ရသည်မို့ အနာကိုအဆွမခံလို၍သူမဟုတ်ပါစေနဲ့ဟူသာ စိတ်ထဲကြိတ်ဆုတောင်းမိသည်။
"သားသားလေး မမနဲ့ဆေးထိုးတမ်းကစားကြမလား သားသားကမမကိုအရင်ထိုး ပြီးရင်မမကသားသားကိုပြန်ထိုးမယ်နော် ဟုတ်လား"
ဒီအသံ ဒီအသံက သေချာပေါက်အသက်ပဲ သေချာတယ် ဒါအသက်မှအသက်စစ်စစ်"

"တောက်စ်!!"
"မီး... ခုချက်ချင်းတခြားဆေးခန်းသွားမယ် လာ"
"ဟင့်အင်း မီး လိုက်ဘူး မီးမမဒေါက်တာနဲ့ပဲပြမှာ မမဆီမှာပဲဆေးထိုးမှာ မလိုက်ဘူး ဟင့်ဟင့်"
"ဆောင်းသဇင်!! "
"ငါ့ကိုစိတ်တိုအောင်လုပ်နေတာလား ဟမ်။ မရဘူး လာ ။ ဒီဆေးခန်းကိုဘယ်တော့မှမလာနဲ့ "
"ဟင့် ဟင့် "
"ဗြဲ !! အီးဟီး လိုက်ဘူး ။မီးဒီမှာပဲပြမှာ ။မမဒေါက်တာနဲ့မှ ပြချင်တာ အီးးး"
"ဘာဖြစ်..."
အပြင်မှရုန်းရင်းဆန်ဆတ်အသံတွေကြောင့် အသက် ကလေးကိုဆေးအမြန်ထိုးကာထွက်အကြည့် ...။မြင်လိုက်ရသောသူကြောင့်ပြောမည့်စကားများပင်ဆုံးအောင်ထွက်မလာ။
"ဂျိမ်းးး!!!"
ကားတံခါးကိုဆောင့်ပိတ်ပြီးသူမ၏ဆေးခန်းရှေ့မှတရကြမ်းမောင်းထွက်သွားသော ကိုရယ်ပါ။
ကို...။ဒီနာမ်စားနဲ့ ကို..။
ကိုဟာ အရင်တုန်းကလိုပဲ တဇွတ်ထိုးဆန်တုန်းပါပဲလား။
မောင်းထွက်သွားသောကားကလေးကိုတစ်ဆုံးထိကြည့်ရင်း သက်ပြင်းအရှည်ကြီးကို အသက်ချမိပါသည်။

ရင်ခွင်ဦး Where stories live. Discover now