"မိသရဖီကို ညည်း တကယ်မပြန်တော့ဘူးလား "
"မပြန်ချင်တော့ဘူးမေမေ သမီး ဒီမှာပဲ လုပ်ငန်းတစ်ခုတည်ထောင်ပြီးအခြေချတော့မယ် "
"ညည်းပဲအစောတုန်းကတော့ ဟိုမှာပဲအခြေချမယ် ဘာညာဆို"
သူမအဖြေကိုကြားကြားချင်းမေမေကမျက်စောင်းတစ်ချက်နဲ့အတူအလိုမကျစွာဆို၏။
"ဟား မေမေရဲ့ အဲတုန်းကတော့အဲတုန်းကအတွေးလေ ခုပြောင်းသွားပြီ "
"အဲဆိုလဲ သားညိုနဲ့အမြန်လက်ထပ်လိုက် လက်ထပ်ပြီးမှ ကျန်တာလုပ် "
"ဟာ မေမေရယ် လက်ထပ်တယ်ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်ဘဲ "
"လွယ်တာပေါ့ နှစ်ဖက်မိဘတွေလဲ သဘောတူ လူငယ်ချင်းလဲရင်းနှီး ဘာလိုလို့လဲ "
ကျွတ်စ် ။မေမေဟာ ထိုကဲ့သို့အတ္တဆန်သောအတွေးများကိုခုထိလက်မလွှတ်သေးပါ။
"မေမေ့ မေမေတို့သဘောတူလဲ ကိုမိုးညို သမီးကိုချစ်သလား သမီးကော မိုးညိုကိုချစ်သလား မေမေ မမေးတော့ဘူးလား "
"မေးနေစရာမလိုဘူး သားညိုက သဘောကျပြီးသား သမီးမှာအကုန်ပြည့်စုံနေတာ သူဘာငြင်းမလဲ နေပါအုံး သားညိုကိုမချစ်ဘူးလို့တော့မပြောနဲ့နော်သရဖီကို ညည်းငါ့ကိုကလန်ကဆန်လုပ်ဖို့မကြိုးစားနဲ့ "
"ကလန်ကဆန်လုပ်တာ မဟုတ်ဘူးမေမေ သမီးအဖြစ်မှန်ကိုပြောပြနေတာ မိုးညိုသမီးကိုမချစ်ဘူး အဲလိုပဲ သမီးလဲမိုးညိုကိုမချစ်ဘူးမေမေ "
"ဟဲ့ အချိန်တန်ရင်ချစ်သွားမှာပေါ့ နင်တို့ချင်းအဲလောက်ပြေလည်နေတာကို ဘာမပြေစရာရှိလဲ "
"မေမေရော ဖေဖေ့ကိုချစ်ခဲ့လား "
သူမအမေးအကြား မေမေဟာနားထင်ကြောများတင်းမာသွားသည်အထိမျက်နှာပြောင်းလဲသွား၏။
"မိသရဖီကို မဆိုင်တာတွေမမေးစမ်းနဲ့ "
"ဆိုင်တာပေါ့မေမေ သိပ်ဆိုင်တာပေါ့ မေမေပဲအချိန်တန်ချစ်သွားမှာပါဆို ခုမေးခွန်းကိုမေမေအမှန်တိုင်းဖြေကြည့်စမ်းပါ "
"တော်ပြီသရဖီကို ညည်းနဲ့ငါ ပြိုင်မငြင်းချင်ဘူး ညည်းသားညိုနဲ့လက်ထပ် ဒါပဲ "
မေမေဟာပြောပြီးပြီးချင်း အပြင်သွားဖို့ပြင်သည်။
ဧည့်ခန်းထဲသူမ ဆွံ့အစွာကျန်ရစ်၏။
မေမေဘာလို့ အတ္တတွေမလျှော့နိုင်သေးသလဲ။အခန်းထဲမှပြန်ထွက်ပြီး မီးဖိုထဲ၀င်ကာကြီးမေအား တစ်ခုခုမှာနေပုံပေါ်သည်။
ကျွတ်စ် ။
"သမီး နဲ့မိုးညိုက ဘယ်လိုမှမဖြစ်နိုင်ဘူးမေမေ "
မေမေက မကြားယောင်ပြုကာ ကားတံခါးကိုဆွဲဖွင့်သည်။သူမ ဤကိစ္စကိုအပြီးရှင်းပါမည်။မေ့မေ့နောက်တကောက်ကောက်လိုက်ကာ
"မိုးညိုမှာ ချစ်တဲ့သူသပ်သပ်ရှိရင်တောင် သမီးသူ့ကိုပဲလက်ထပ်ရမှာလား "
မေမေက သူမကိုလှည့်ကြည့်သည်။
"သားညိုကမရှိဘူးပြောပြီးသား ညည်းဘာအကွက်တွေဆင်နေတာလဲ မိသရဖီ "
"မဟုတ်ဘူးမေမေ ရှိတယ် သမီးတို့ အဲကိစ္စကိုနှစ်ယောက်လုံးပွင့်ပွင့်လင်းလင်းပြောပြပြီးပြီ "
"ခုက ဘာဖြစ်ချင်တာလဲ "
မေမေက ခက်ထန်စွာပင် သူမကိုမေးခွန်းထုတ်၏။
"မေမေ သမီးဘက်ကို နဲနဲလေးဖြစ်ဖြစ် တွေးပေးစေချင်တယ် မေမေသိပါတယ် အဲခံစားချက်ကိုမေမေ သေချာသိတာမို့ သမီးကို နားလည်ပေးနိုင်လိမ့်မယ်လို့သမီးထင်တယ် "
"ဂျိမ်း!! "
မေမေဟာ ဘာမှမပြောဘဲကားကိုသာမောင်းထွက်သွား၏။မေမေခံစားရလိမ့်မည်။အတိတ်ကိုတူးဆွမိပြီ။မတတ်နိုင်။သူမက မေမေ့လိုမှကြိတ်မခံစားနိုင်တာ။မေမေသိသင့်သည်။သိသင့်၏။

YOU ARE READING
ရင်ခွင်ဦး
Romanceချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။