part 19

915 46 8
                                    

အိမ်အပြန်လမ်းတစ်လျှောက် သူမရင်ထဲ၌ပူလောင်မှုအရှိန်သည် တဟုန်းဟုန်းတောက်လောင်လျက်ရှိ၏။
ခြံထဲသို့၀င်ရောက်လာသည့်တိုင် သူမ မူမမှန်သေးပါ။
"သမီးလေး ပြန်လာတာစောပါ့ကော  "
"အဟင့် ဟင်းးး အိ  "
"အို ကလေး ဘာဖြစ်လို့လဲကွယ် ဟင် "
"အိ အီးးးဟီးးးးးးး ကြီးမြ ကို ကို ကြီး ကိုခေါ်ပေးပါ ကို..ရှုံ့ ကိုကြီး..ကိုခေါ် ပေး ပါ အုံးကြီးမြရဲ့ "
သည်းမခံနိုင်သည့်အဆုံးသူမ ရှိုက်ကြီးတငင်ငိုကြွေးမိပါသည်။သို့သော် ငိုကြွေး၍မရနိုင်အောင်ပင် သူမရင်ဘတ်ထဲ၌ကြပ်သိပ်လျက်ရှိ၏။ဤအခြေနေသည် ကြီးမြရင်ခွင်ထဲ၌နေရုံနှင့်ငြိမ်းအေးမသွားပါ ။
"အေးပါကွယ် ကြီးမြခုပဲခေါ်လိုက်မယ်နော်  သမီး "
တယ်လီဖုန်းခလုတ်များကိုနှိပ်နေရင်းမှ ကြီးမြက မသက်မသာ သူမကိုကြည့်နေရှာသည်။သူမငုတ်တုတိပင်မထိုင်နိုင်တော့ပါ။ ရင်ဘတ်ထဲမှပူလောင်မှုများသည် တကိုယ်လုံးပျံ့နှံ့သွားသယောင်ထင်ရ၏။
မျက်လုံးကိုအသာယာမှတ်ကာ မနည်းပင်အားယူ၍အသက်ကိုရှိုက်ရှူနေရသည်။ မကြာလိုက်ပါ။ကိုကိုကြီးရောက်လာ၏။ကိုကိုကြီးကိုမြင်သည်နှင့် မျက်ရည်များပြိုဆင်းကာ အားရပါးရဖက်ငိုမိ၏။ထို့နောက် ထို့နောက် သူမ မည့်သည့်အခြေနေရောက်ရှိသွားလဲမသိတော့ပါ။

"ညီမလေး ညီမလေး  "
နားထဲ၌မပီမပြင်၀ိုးတ၀ါးအသံကိုကြားနေရ၏။
"ညီမလေးရေ "
မျက်လုံးအစုံကိုအားယူဖွင့်ရင်း သက်မကိုဟင်းခနဲ ဖျော့တော့စွာချရသည်။ကြီးမြကောကိုကိုကြီးပါ သူမကိုစိုးရိမ်စွာကြည့်နေကြ၏။
"သတိရပြီလား ငါ့ညီမလေး ဘာဖြစ်လို့လဲဟင် ဒေါက်တာဆွေကို ခေါ်ထားတယ်နော် ခဏဆိုရောက်တော့မှာသိလား "
သူမခေါင်းခါပြလိုက်၏။ယခုအခြေနေနှင့်သူမမည်သူ့ကိုမျှမတွေ့လိုပါ။မတွေ့ချင်ပါ။အထူးသဖြင့်ိုးညိုနှင့်ပတ်သက်သမျှလူတိုင်းပင်။
"မခေါ်နဲ့တော့ကိုကို အဆင်ပြေပြီ "
"အင်းပါ ဘာဖြစ်တာလဲ ကိုကို့ကိုပြောပြလှည့်အုံးလေ "
"ကြီးမြ သမီးဖို့တစ်ခုခုလုပ်ပေးပါလားဟင်"
ကြီးမြက အလိုက်သိစွာအောက်ထပ်ဆင်းသွား၏။
"သူတို့ချင်းက ချစ်နေကြပြီကိုကို "
သိမ်၀င်သွားသည့်အသံနှင့်အတူ သူမ၀မ်းနည်းနှုတို့ကကြီးစိုးလာပြန်သည်။
"ဘယ်သူတို့လဲ ကိုကြိးကိုသေချာပြောပြပါ "
"အသက်နဲ့မိုးညိုလေ "
"ဟုတ်ရဲ့လား ညီမလေးရာ "
"ညီမလေးကိုယ်တိုင် နားနဲ့ဆက်ဆက်ကြားခဲ့တာကိုကိုကြီး "
"ခု ဘာဆက်လုပ်မလဲ ငါ့ညီမလေး ဘာလုပ်ချင်သလဲ "
"ကိုကိုကြီး အဲကလေးမလေးကို.."
"ဟင့်အင်း  သူပျော်မယ်ထင်လို့ရွေးတဲ့လမ်းကို ညီမလေးမနှောင့်ယှက်ချင်ပါဘူး "
"ဒါဆို လက်လွှတ်ခံတော့မလို့လား "
"အစကတည်းကညီမလေးမှ မပိုင်ခဲ့တာ အဲလိုမသုံးနှုန်းသင့်ပါဘူးလေ "
နံရံကိုငေးရင်း ထိုစကားကိုပြောနေသော သူမသည် စိတ်နှင့်လူမကပ်ပါ။အရာအားလုံးအရှုံးပေးချင်သလိုခံစားမိသည်။
"ဘေဘီ ဘယ်လိုဖြစ်တာလဲ ဟမ် သား ဆွေကော ခုထိ​ေရာက်မလာသေးဘူးလား "
အခန်းထဲအလောတကြီး၀င်လာကာ မေးခွန်းတွေတရစပ်မေးနေသော မေမေသည် ဂနာမငြိမ်ရှိလှပါသည်။
"ညီမလေးက မခေါ်နဲ့တေ့ာဆိုလို့မေမေ  "
"ဟဲ့ သူကမခေါ်နဲ့ဆိုတိုင်း နင်ကနေရသလား နင်တို့မခေါ်ရင်ငါခေါ်မယ် "
"မေမေ့ "
သူမမေ့မေ့ကို စိတ်ပျက်မိလာသည်။
"ဘာပဲဖြစ်ဖြစ်ခေါ်ရမယ် "
"သမီး US ကိုပြန်တော့မယ်မေမေ "
"ဟမ် ဘာ ဘာပြောလိုက်တာလဲသရဖီကို "
"သမီးဟိုကိုပြန်တော့မယ်လို့ "
"ညည်းပဲ ဒီမှာပဲနေတော့မှာဆို ခုဘာဖြစ်ရပြန်တာလဲ ဘာဖြစ်လို့လဲ "
"မေမေရယ် ညီမလေးကိုနားပါစေအုံး အဲကိစ္စ​ေနာက်မှပြောကြတာပေါ့ လာ လာ"
ကိုကိုကြိး၏ဖျောင်းဖျမှုကြောင့်မေမေပါသွား၏။သူမ ခုချိန်မှာဘာကိုမှ စိတ်မ၀င်စားပါ။ဟိုကိုပြန်လည်းဘာလုပ်ရမည်ဟု ရေရေရာရာမရှိလှပါ။အစကတော့သူမနှင့်Jim နှစ်ယောက်အတူတူ စီးပွားရေးလုပ်ငန်အသေးစားလေးလုပ်မည်ဟုစိတ်ကူးထားခဲ့ကြသည်။ခုတော့သူမပြန်မလာဖြစ်ဘူးဆို၍ Jim လဲ တစ်ခုခုလုပ်ပြီးသွားလောက်ပြီ။ဖုန်းဆက်ကြည့်ရမလား။ဖုန်းကိုကြည့်မှ ပါ၀ါပိတ်နေမှန်းသိရ၏။
"ကျွတ်စ် "
စုတ်တစ်ချက်သပ်ကာ အားသွင်းကြိုးအမြန်ရှာကာအားသွင်းရ၏။ဒိ့တိုင်းဆို သူမ ၀မ်းနည်းစိတ်ကအလိုလိုပေါ်ပေါ်လာသည်။မဖြစ်ဘူး တစ်ခုခုလုပ်ရမည်။စိတ်ပြေလိုပြေငြား တီဗွီရီမုကိုနှိပ်လိုက်သည်။တီဗွီမှအစီအစဥ်တစ်ခုလာနေပုံပေါ်သည်။လူများအပြန်အလှန်ပြောဆိုရင်း ရယ်မောနေကြသည်။သူမကတော့ စိတ်မပါစွာကြည့်​ေနလိုက်၏။

ရင်ခွင်ဦး Where stories live. Discover now