"ဟင့်အင်း မရဘူး ရဘူး တီလေးဆေးထိုးမယ်ဆို မီးပြနေကျဒေါက်တာမမဆီမှာမှထိုးမယ်"
နှုတ်ခမ်းကိုစူထော်ပြီးဂျီကျနေသောတူမငယ်ကြောင့် သရဖီကိုစိတ်ညစ်ရပြီ။
"အွန်း ဆေးထိုးမယ်ဆိုသွားမယ်လေ ဘာလို့အဲလောက်တောင် သူမှသူ တကဲကဲဖြစ်နေတာလဲ လိုက်ပို့မယ်လာ"
အမိမြန်မာပြည်ခဏပြန်လာတုန်းအမ်ိမြေအရသာအပြည့်အ၀ခံစားမည်ဟုတွေးထားကာမှ တစ်ဦးတည်းသောတူမငယ်လေး ကိုယ်အနည်းငယ်ရှိန်နေတာကြောင့် လည်ပတ်မည့်အစီစဥ် ဖျက်ကာ ဆေးခန်းပို့ရန်ပြင်ရပေသည်။အရေးထဲ သူပြနေကျဒေါက်တာမမ မှပြမည်တကဲကဲ။
ဆေးခန်းသည်အရမ်းကြီးမကြီးလှ...။
"ဟင် "
မြင်လိုက်ရသောဒေါက်တာနာမည်ကြောင့် သူမအနည်းငယ်တုန်လှုပ်သွားမိသည်။
သူ....သူ...မဖြစ်ပါစေနဲ့။
သူမနဲ့ပတ်သက်လျှင် အမြဲကိုယ်ချည်းနာကျင်ရသည်မို့ အနာကိုအဆွမခံလို၍သူမဟုတ်ပါစေနဲ့ဟူသာ စိတ်ထဲကြိတ်ဆုတောင်းမိသည်။
"သားသားလေး မမနဲ့ဆေးထိုးတမ်းကစားကြမလား သားသားကမမကိုအရင်ထိုး ပြီးရင်မမကသားသားကိုပြန်ထိုးမယ်နော် ဟုတ်လား"
ဒီအသံ ဒီအသံက သေချာပေါက်အသက်ပဲ သေချာတယ် ဒါအသက်မှအသက်စစ်စစ်""တောက်စ်!!"
"မီး... ခုချက်ချင်းတခြားဆေးခန်းသွားမယ် လာ"
"ဟင့်အင်း မီး လိုက်ဘူး မီးမမဒေါက်တာနဲ့ပဲပြမှာ မမဆီမှာပဲဆေးထိုးမှာ မလိုက်ဘူး ဟင့်ဟင့်"
"ဆောင်းသဇင်!! "
"ငါ့ကိုစိတ်တိုအောင်လုပ်နေတာလား ဟမ် မရဘူး လား ဒီဆေးခန်းကိုဘယ်တော့မှမလာနဲ့ "ဟင့် ဟင့် ဗြဲ အီးဟီး လိုက်ဘူး မီးဒီမှာပဲပြမှာ မမဒေါက်တာနဲ့မှပြချင်တာ အီးးး"
"ဘာဖြစ်..."
အပြင်မှရုန်းရင်းဆန်ဆတ်အသံတွေကြောင့် အသက် ကလေးကိုဆေးအမြန်ထိုးကာထွက်အကြည့် မြင်လိုက်ရသောသူကြောင့်ပြောမည့်စကားများပင်ဆုံးအောင်ထွက်မလာ။
"ဂျိမ်းးး!!!"
ကားတံခါးကိုဆောင့်ပိတ်ပြီးသူမ၏ဆေးခန်းရှေ့မှတရကြမ်းမောင်းထွက်သွားသော ကိုရယ်ပါ။
ကို...။ဒီနာမ်စားနဲ့ ကို..။
ကို ဟာအ ရင်တုန်းကလိုပဲ တဇွတ်ထိုးဆန်တုန်းပါပဲလား။
မောင်းထွက်သွားသောကားကလေးကိုတစ်ဆုံးထိကြည့်ရင်း သက်ပြင်းအရှည်ကြီးကို အသက်ချမိပါသည်။ဟူးးးး။အသက် ...အသက် ခုချိန်ထိသူမနှလုံးသားကိုဖမ်းစားနိုင်နေတုန်းပါပဲလား။
မည်မျှပင်မေ့ဖို့ကြိုးစားကြိုးစား။ဘယ်လိုပဲမုန်းကြည့်ကြည့် ခုချိန်အထိ သူမကိုမြင်ရင် သရဖီကို့နှလုံးခုန်သံတို့သည် စည်းချက်ညီညီ ထကြွကခုန်စမြဲ။
နောက်ကြည့်မှန်မှ မြင်နရသည့်အသက်၏တည်ငြိမ်လှသော ပုံရိပ်ကလေးသည် ဟိုတုန်းကလို သူမကိုဆွဲဆောင် ပြုစားနေဆဲပါပဲ။
ကားမောင်းရင်းပင် သူမ၏စိတ်အစဥ်သည်အတိတ်သို့ခြေဆန့်မိပြန်သည်။
![](https://img.wattpad.com/cover/373451587-288-k454883.jpg)
YOU ARE READING
ရင်ခွင်ဦး
Romanceချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။