စာဖတ်သူများဗျ ကျွန်တော့်ရဲ့ ဒီ ရင်ခွင်ဦး fic ထဲမှာ စာလုံးပေါင်းသတ်ပုံမှားနေတာတွေ ပြန်ဖတ်မိတဲ့အခါတွေ့ရပါတယ်ဗျ။
စာဖတ်သူတို့ထင်မိကောင်းထင်မိပါလိမ့်မယ် ။
ကျွန်တော်ဟာ စာလုံးပေါင်းတွေမစစ်ဘူး စာကိုပြန်မစစ်ဘူးလားလို့လဲတွေးမိကောင်းတွေးမိပါလိမ့်မယ်။ဒီစာလေးကို ရေးနေတဲ့ကျွန်တော်ဟာ မြန်မာစာကိုတန်ဖိုးမထားသလိုလဲဖြစ်နေကောင်းဖြစ်နေပါလိမ့်မယ်။
ကျွန်တော်အဲလိုမျိုးမဟုတ်ရပါဘူးနော်။
ကိုယ်တိုင်ကလဲစာဖတ်ရင် စာလုံးပေါင်းသတ်ပုံမှန်မှကြိုက်ပါတယ်။ပြီးတော့မြန်မာစာကိုလဲ ချစ်မြတ်နိုးပါတယ်။
စာတွေလဲပြန်စစ်ပါတယ်။ဒါမဲ့ အမှားတွေတွေ့ပေမဲပြန်မပြင်ရဲတော့ပါဘူး။ပထမ ဟို အပိုင်း၁ တွေ၂တွေတုန်းကစစ်တယ် ပြီးတော့ပြင်တယ်။ ဒီfic က အမှန်ပြောရရင် ကျွန်တော် ၂၀၂၃ကတည်းက ရေးနေတာပါ။ချမပြတာပဲရှိတာပါ။ပထမ ဟိုဘက်Tarrar မှာချပြပြီး အပိုင်း၁၀ရောက်တော့ wpကို update မြှင့်လိုက်တာ အကောင့်ကိုပြန်၀င်မရတော့ဘဲခုအကောင့်ကို ထပ်ဖွင့်ရတာပါ။
ခုဒီမှာတင်တော့လဲ သူများဟာကို copy လုပ်တယ်ထင်မှာစိုးလို့အဲအကောင့်ကိုရှာပြီးပြန်ရှယ်ကာ အသိပေးထားပါသေးတယ်။ ပြောချင်တာက ဒီfic ကိုရေးတာ တော်တော်ကိုအခက်တွေ့ရပါတယ် ။ ပထမဖုန်းနဲ့၂၀၂၃ကတည်းကရေး ဖုန်းကစာလုံး၁၀၀၀ထက်ကျော်ရေးမရလို့ရပ်ထား။ဖုန်းလဲပြီး ရတော့တင်။အကောင့်၀င်မရ ။အကောင့်သစ်ဖွင့် ခုလက်ရှိဆက်ရေး။စာလုံးပေါင်းတွေကမမှန်ပြန်ဘူး။ရှေ့မှာပြောခဲ့သလိုပဲ အစကပြန်စစ်တယ်ပြန်ပြင်ပါတယ်။အဲလိုပြင်တော့ ခုဖုန်းက စာတွေအများကြီးရိုက်ရပေနဲ့ အရင်ဖုန်းလို ပြင်ဆင်လို့မလွယ်ပါဘူး။စစ်လို့ပြန်ပြင်ပြီးလို့ ပြန်ဆေ့တဲ့အခါ စာတွေကအပိုဒ်လိုက်ကြီးပျောက်သွားတာမျိုး။တစ်ခါတလေ တစ်ပိုင်းလုံးပျောက်သွားတာမျိုး ကြုံခဲ့ရပါတယ်။ကျွန်တော်က တောက ဆိုတော့ လိုင်းမကောင်းတာလဲပါ ပါတယ်။ပြန်ဆေ့လိုက်ရင် လိုင်းကမကောင်းတော့ချက်ချင်းဆေ့မရ ။အဲချိန် စာတွေကယာယီပျောက်သွား ။ကျွန်တော်က နည်းပညာပိုင်းလဲသိပ်မကျွမ်းကျင်ပါဘူး။အပိုင်း၄နဲ့အပိုင်း၂ဆိုရင်နေရာလွဲနေတာတွေ့ပါလိမ့်မယ်။အဲတာ အပိုင်း၁ကနေ၄အထိရေးပြီးသားကိုပြန်စစ်ရင်းစာတွေပျောက်သွားလို့ အပိုင်း၂ကိုပြန်ရေးပြီးတင်ရတာပါ။ အဲလိုပြန်စစ်ရင်းပြန်ဆေ့ရင်းနဲ့ စာတွေပျောက်သွားပြီး အစကနေပြန်တင်ရေးပြန်တော့ ပျောက်သွားတဲ့စာတွေကပြန်ပေါ်လာပြန်ပါတယ်။အဲမှာအပိုင်းတွေရှုပ်ကုန်တာပါပဲ။အဲတာနဲ့စာတွေအကုန်ဖျက်ချ။အစကနေပြန်တင်ကြည့်ပါတယ် မရပါဘူး။သူ့နေမြဲအတိုင်းပဲနေနေတော့ကိုယ်လဲထပ်မလုပ်တတ် လုပ်လဲမလုပ်ရဲဘဲ စာဖတ်သူတွေကြည့်ဖတ်လိမ့်မယ်ဆို ထားရတာပါ။
အဲတော့ပြောချင်တာက စာလုံးပေါင်းမှားတာတွေရှိပါတယ် သိလဲသိပါတယ် ရေးနေရင်းအမှန်ရိုက်ပေမဲ့စာလုံးရေများလာရင်ကီးဘုတ်က လေးပြီး မမှန်တာမျိုးရှိပါတယ်။တစ်ခါတလေရေးရင်းသဘောမကျဘဲပြန်ဖျက်ပြန်ရေးတဲ့အခါ စာတွေကအကုန်မပျက်ဘဲတစ်လုံးစ နှစ်လုံးစ ကျန်နေပြီး ထပ်ရေးတာနဲ့ရောပြီးအဓိပ္ပာယ်မရှိတာတွေလဲတွေ့ရပါတယ်။ဒါမဲ့ကျွန်တော်ပြန်မပြင်ရဲတော့ပါဘူးခဗျာ။ဒါ့ေကြာင့် စာဖတ်သူများ စာလုံးပေါင်းသတ်ပုံအမှားတွေပါလာခဲ့ရင် နားလည်ပြီးသည်းခံဖတ်ပေးဖို့ တောင်းပန်အပ်ပါတယ်။ခုလိုစာရေးတယ်ဆိုတာလဲ ကျွန်တော်ရေးတဲ့စာလေးဖတ်မိသူတွေ အနည်းငယ်ပဲစိတ်သက်သာရရ။စိတ်ကျေနပ်မှုနည်းနည်းလေးပဲဖြစ်ဖြစ် ဖြစ်ရပါစေကျေနပ်ပါစေဆိုတဲ့အတွေးနဲ့ရေးတာပါ။မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်းမရည်ရွယ်ပါ။ ကျွန်တော့်စာကိုဖတ်သူ တစ်ယောက်ပဲရှိနေရင်လဲ အဲတစ်ယောက်တည်းအတွက် ကျွန်တော် ဆက်ရေးနေပါမယ်။ပြီးတော့ဒီfic က ကျွန်တော် ၂၀၁၂-၂၀၁၃ခုနှစ်လောက်က ရန်ကုန်မှာကျင်လည်ခဲ့တဲ့အခြေနေကို မှီငြမ်းပြီး အဲခေတ်၀န်းကျင် အဲခေတ်အချိန်အနေနဲ့ရေးတာပါ။၁၀နှစ်လောက် ကျန်ခဲ့တဲ့အတွက် လက်ရှိအခြေနေနဲ့အများကြီးကွာခြားနေပါလိမ့်မယ်။၀ါသနာကြောင့်ရေးတာမို့ လိုအပ်ချက်တွေအများရှိနေသေးတဲ့အတွက်လဲအားနာရပါတယ်။တစ်ခုခုအကြံပြုချင်တာရှိရင် ကျွန်တော့်ကိုပွင့်ပွင့်လင်းလင်းပြောပြနိုင်ပါတယ်။စာဖတ်သူတို့ရဲ့သင်ကြားမှုကိုအမြဲလက်ခံလိုက်နာနေပါ့မယ်။
ခုလိုစာအရှည်ကြီးရေးပြီးပြောပြတာလဲ နားလည်မှုမလွဲစေရုံပါ။attention လိုချင်လို့တင်ရခြင်းမဟုတ်ပါ။စာဖတ်သူတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါသည်။
တာရာ
YOU ARE READING
ရင်ခွင်ဦး
Любовные романыချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။
