နေ့လယ်ပိုင်းမှစ၍သူမတို့အလုပ်ရှုပ်ကြပါသည်။ကိုနဲ့မီးက မနက်ပိုင်းတင်ပြန်လို့တော်သေး၏။မဟုတ်လျှင် မီးကော ကိုကော အသက်ရှူချောင်မည်မထင်။
"ဟူးးး မိုးပွင့်ရေ ဒီနေ့ဆိုက်ကားနဲ့ပြန်ကြမလားကွယ် "
ကုလားထိုင်ပေါ်မှီထိုင်ချရင်းသူမဆိုမိတော့ မိုးပွင့်က ဒေါက်တာ့သဘောဟုဆိုသည်။ပုံမှန်လမ်းလျှောက်နေကျဖြစ်သော်လည်း တခါတရံဆိုက်ကားနှင့်ပြန်ဖြစ်တာမျိုးလဲရှိ၏။
"အင်း ကလေးတွေ အရမ်းဖျားကြတယ်ကွယ် တုပ်ကွေးတွေဖြစ်မယ် "
"ဒေါက်တာလဲ ဂရုစိုက်နော် "
"မမကဘာလို့လဲမိုးပွင့်ရဲ့ "
"ဒေါက်တာလဲ ဖျားလို့မဖြစ်ဘူးလေ အဲ ဒေါက်တာ ဟိုနေ့က City Mart ကိစ္စအကြောင်းပြောပြပါလား "
"အွမ်းးး မမဘယ်သူ့ကိုမှမပြောပြဖူးဘူးကွယ် မိုးပွင့်ကိုတော့ပြောပြပါ့မယ် ဒါမဲ့ တခြားဘယ်သူ့ကိုမှမပြောပြရဘူးလို့ကတိပေးရမယ် ဘယ်လိုလဲ "
"ဟုတ်ကဲ့ ဒေါက်တာ "
"အွမ်း ပြောပြရရင်တော့အရှည်ကြီးပေါ့ကွယ် မမက နဂိုတုန်းကဆရာ၀န်မဖြစ်ချင်ဘူးလေ "
"ဟင် ဒါဆိုဒေါက်တာကဘာဖြစ်ချင်တာ "
"အဟင်းး မမက မေမေ့လိုကျောင်းဆရာမဖြစ်ချင်တာ ကလေးတွေကို စာသင်ပြီး သူတို့နဲ့ပဲအချိန်ကုန်ချင်တာ ကလေးဆိုတာလဲ မူလတန်းအရွယ်ကလေးတွေကိုပဲပြောတာနော် အသက်ခပ်ကြီးကြီးကလေးတွေကျ မမက အန်းတယ် အဲလိုမျိုးပေါ့ ကိုယ်ကလူကောင်သေးသေးနဲ့သူတို့ကလူကောင်ထွားထွား ထိန်းမနိုင်မှာအဆင်မပြေမှာကြောက်တယ်လေ "
"သြော် "
"တကယ်လို့မမ ဆရာ၀န်မလုပ်ဖြစ်ဘဲကျောင်းဆရာမလုပ်မယ်ဆိုရင် မူလတန်းပဲသင်ပြီးနေမှာ အလယ်တန်းအထက်တန်းကိုမတိုးဘူးမလျှောက်ဘူး "
"ဒါဆို ဒေါက်တာက ဘာလို့ဆရာ၀န်ဖြစ်လာရတာလဲ "
"အွမ်းး ပြောပြမှာပေါ့ကွယ် မမဆယ်တန်းဖြေပြီးတဲ့နှစ်မှာပဲ ဖေဖေ့ကျန်းမာရေးကအရမ်းကြီးဆိုး၀ါးလာတယ် "
"မမတို့ကငွေရေးကြေးရေးလဲအဲလောက်မတတ်နိုင်တော့ အစားထိုးကုသတာတွေ နိုင်ငံခြားသွားတာတွေမလုပ်နိုင်ဘူးလေ ဖေဖေ့ရဲ့နောက်ဆုံးဆန္ဒအရလား ဘာလားတော့မမ မသိပါဘူး မေမေက မမတို့မွေးရပ်မြေ မကွေးကိုပြန်ပြီးဖေဖေ့ကိုအဲမှာပဲ ခေါင်းချစေတယ်လေ "
"မမ ဖေဖေ့ကိုဘာမှမလုပ်ပေးနိုင်ခဲ့ဘူး ဖေဖေခံစားနေရတာကိုကြည့်ပြီး ဖေဖေအဆင်ပြေပြေဘ၀ကူးနိုင်ဖို့ မေတ္တာပို့ပေးနိုင်တာပဲ မမတို့လုပ်နိုင်ခဲ့တယ် "
" အဲချိန်မှာ မမ ဖေဖေ့ကိုအနာရောဂါသက်သာအောင်ပျောက်ကင်းအောင်လုပ်ပေးချင်တဲ့စိတ်တွေဖြစ်ခဲ့တယ်လေ မမ သာဆရာ၀န်ဖြစ်ရင်ဖေဖေ့ကိုကူညီပေးနိုင်ခဲ့မှာကုသပေးနိုင်ခဲ့မှာလို့ စိတ်ထဲတနုံ့နုံ့ဖြစ်ခဲ့ရတယ် "
"ဖေဖေဆုံးပါးသွားတော့ မမလည်းအောင်စာရင်းထွက်ပြီလေ "
"ဂုဏ်ထူး၄ဘာသာနဲ့ အမှတ်ပေါင်း၅၀၀ကျော်တော့ မမရဲ့ ဘဘ ကဆရာ၀န်လိုင်းမှီရင်တက်ဖို့တွန်းအားပေးတယ်လေ "
"ဒါမဲ့မမတို့ရဲ့အခြေနေက ငွေကြေးမတတ်နိုင်တော့မမ လက်လျှော့လိုက်ပါသေးတယ် TTC ကိုနှစ်ကုန်မှ၀င်လျှောက်ပြီး ကျောင်းဆရာမပဲလုပ်မယ်လို့ ပုံမှန်ရည်ရွယ်ချက်လေးပဲပြန်ထားခဲ့တယ် "
" အဲ အကြောင်းတစ်ခုကြောင့် မမရန်ကုန်ပြန်လာပြီး ပိုက်ဆံစုဖို့ အလုပ်လာလုပ်သေးတယ်လေ မမရဲ့ဘဘ အကူအညီနဲ့ပေါ့ "
မိုးပွင့်ကခေါင်းတညိမ့်ညိမ့်နှင့်သူမပြောသမျှကိုငြိမ်နားထောင်နေ၏။
"သူ့သူငယ်ချင်းဘုန်းဘုန်းကဒီရန်ကုန်မှာကျောင်းထိုင်ရှိတယ် သူအလုပ်ရှာပေးနိုင်တယ်ဆိုပြီးမမကို ပို့လွှတ်လိုက်တော့မမ ရန်ကုန်ကိုတကြော့ပြန်ရောက်လာရတာပါပဲ "
"ရောက်တော့ မမ ဖိနပ်အရောင်းဆိုင်လေးမှာအလုပ်ရတယ် ဆိုပါတော့ ကွယ် တနေ့ကျ ဆိုင်ရှင်အမျိုးသမီးကမီးဖွားတော့ လိုတဲ့ပစ္စည်းတွေကိုဆေးရုံကိုမမလိုက်ပို့ရတာနဲ့ကြုံတယ် "
"ကံမကောင်းတာက လူ့လောကထဲရောက်လာတဲ့ကလေးလေးဟာ မိခင်ဆီကရောဂါပိုးကူးဆက်နေတယ်တဲ့လေ "
"ဟင် ဘာရောဂါပိုးလဲဒေါက်တာ"
တချိန်လုံးခေါင်းတညိမ့်ညိမ့်နဲ့နားထောင်ေနသောမိုးပွင့်ကမျက်လုံးအပြူးသားနှင့်စိုးရိမ်တကြီးမေး၏။
"AIDS "
"ဘုရားရေ သနားစရာပဲနော် "
"အင်း တကယ်တော့ မိခင်လဲအဲတာကိုမသိဘူးလေ သူလဲအဲလိုကိစ္စတွေမှမလုပ်ခဲ့တာပဲကို "
"ဒါဆို ဘယ်လိုကူးတာလဲဒေါက်တာ "
"သွေးသွင်းတာကနေကူးတာ "
"အို... "
"ဟုတ်တယ် ပြောပြရင်တော့ပေါ့ဆမှုပေါ့ကွယ် သွေးလှူတဲ့လူတစ်ယောက်ဟာ သွေးလှူခါနီးတိုင်း ကိုယ့်သွေးကိုယ် ရောဂါပိုးရှိမရှိအမြဲစစ်ဆေးရတယ် ဆေးရုံမှာသွေးလှူနေကျအလှုရှင်က လစဥ်လှူနေကျပဲဆိုပြီး သွေးအမြန်လိုနေတာနဲ့ သူ့ကိုမစစ်ဆေးမိဘဲ လှူခွင့်ပေးလိုက်တာတဲ့လေ လှူသူကိုယ်တိုင်လဲအဲဒီရောဂါပိုးရှိနေမှန်းမသိဘူးတဲ့ "
"ကျွတ်စ်ကျွတ်စ် ရင်နာစရာပါပဲလားဒေါက်တာရယ် "
"အဲတာကြောင့် မိုးပွင့်ကိုရှပ်ပြာရှပ်ပြာမလုပ်ဘဲသေချာသတိနဲ့လုပ်ဖို့မမအမြဲမှာနေတာပေါ့ "
"လူတစ်ယောက်ရဲ့ပေါ့ဆမှုတစ်ခုကြောင့် ဘ၀တွေပျက်စီးခဲ့ရတာမတန်ဘူးလေ "
"မမလဲ ကြောက်လန့်သွားမိတယ် အဲတာကြောင့်မမကိုယ်မမလဲ မကြာခဏသွေးစစ်လေ့ရှိတယ် "
"ဒါဆို ကျောက်ကပ်လှုဖြစ်တဲ့ကိစ္စက "
"အွမ်းးးအဲသွေးစစ်တဲ့အဆစ်ပေါ့ကွယ် "
"မမဆေးစစ်ချက်အဖြေထွက်တဲ့နေ့မှာ လူးလွန့်အော်ဟစ်နေတဲ့ကောင်လေးတစ်ယောက်ကိုမမတွေ့တယ် ကုတင်ပေါ်မှာလှဲလျောင်းပြီးမချိမဆန့်ခံစားနေရရှာတယ်ကွယ် သူ့မျက်နှာကိုမမ မမြင်ရပေမဲ့ သနားစိတ်ဖြစ်မိတယ် ဘာဖြစ်တာလဲမေးတော့ကျောက်ကပ်မကောင်းတာတဲ့ ပထမတစ်ခြမ်းကိုဖြတ်ထုတ်ပြီးခုတစ်ခြမ်းကလဲ မကောင်းတော့ အမြဲလိုလိုအဲလိုခံစားရသတဲ့ "
"မမလဲ ဖေဖေ့ကိုမကူညီနိုင်ခဲ့တဲ့စိတ်တွေကြောင့်ဒီကလေးအသက်ရှင်ပါစေတော့လို့ ချက်ချင်းမမလှူလို့ရလားသွားမေးတယ်လေ ။သူတို့ကလိုအပ်တာစစ်ဆေးပြီးရတယ်ဆိုတာနဲ့ မမ ဘ ဘုန်းဘုန်းကိုလျှောက်ပြီး လှူဖြစ်တာပေါ့ "
"မမလှူပြီးဆေးရုံမဆင်းခင်အဲကလေးအဆင်ပြေလားသွားကြည့်ချင်ပေနဲ့ ဘဘကပြန်လာပါဆိုလို့ အရေးပေါ် နယ်ပြန်ရပြန်တယ်လေ "
"အဲတုန်းကမမအသက်တစ်ချောင်းကယ်နိုင်ပြီဆိုတဲ့အသိကမမကို ဆရာ၀န်ဖြစ်ဖို့ပိုတွန်းအားပေးတော့တာပဲ"
"နယ်ကနေမှတစ်ဆင့် မမဘုန်းဘုန်းအကူအညီနဲ့ပဲ ဆေးကျောင်းဆက်တက်ခွင့်ရတယ် မန်းဆေးကိုမှီပေမဲ့လဲ မမကိုယ်တိုင် ရန်ကုန်ကိုတမင်လာတက်ချင်လို့ရန်ကုန်ကိုပဲရွေးလိုက်တာလေ ဆေးလိုင်းဘက်ရောက်တော့လဲ မမကကလေးအထူးပြုပဲတက်ခဲ့တယ်ဆိုပါတော့ "
"အဲဒီခွဲစိတ်မှုအကျိုးဆက်လားဘာလားတော့မသိပါဘူးကွယ် အသက်ကြီးလာတော့နောက်ပိုင်း မမ အအေးခံလို့မရတော့တာပဲ နဲနဲအေးတာနဲ့ တကိုယ်လုံးသွေးဆုတ်သလိုဖြူရော်ပြီး နေမကောင်းခဏခဏဖြစ်တတ်တာပါပဲ "
"ဒါဆို ဒေါက်တာမိုးညိုကကောအဲကိစ္စသိသလားဟင် ဒေါက်တာ"
"အွမ်း မိုးညိုက မမနဲ့ဆေးကျောင်းဒုတိယနှစ်မှ စသိတာ။ သူကမမနဲ့ရေစက်ပါတယ်ထင်ပါရဲ့ကွယ် မမကိုမြင်ကတည်းက ရင်းနှီးနေသတဲ့လေ။ မမလဲမောင်လေးတစ်ယောက်ကောက်ရသလိုပဲ မိုးညိုကမမအတွက်အဖော်ဖြစ်ခဲ့တာပေါ့ကွယ် မမ တစ်ခုခုဖြစ်တိုင်း မိုးညိုကအနားမှာရှိတတ်သလို မမဖြစ်တတ်တဲ့ပုံစံအနေထားကို မိုးညိုကလေ့လာထားတယ် သူကတော့ မမသွေးပုံမမှန်လို့ ဖြစ်တာလို့ပြောတာပဲကွယ် ကျောက်ကပ်ကိစ္စကတော့ ဘဘုန်းကလွဲရင်မမဘယ်သူ့မှမပြောဖြစ်ပါဘူးမေမေတောင်မှပဲမမ မပြောဖြစ်ဘူး "
YOU ARE READING
ရင်ခွင်ဦး
Romanceချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။