part 9

436 19 0
                                    

" ဒေါက်တာ မမ သားသားကိုမချစ်တော့ဘူး ခါတိုင်းလို ကစားပေးဘူး"
"မဟုတ်တာကွယ် မမနေသိပ်မကောင်းလို့ပါနော် အာဘွားပေးမယ်လေစိတ်မဆိုးပါနဲ့ ဟုတ်ပြီလား "
"ဟွန့် ဒီဘက်ကောဒီဘက်ကော နော် "
"အင်းပါအင်းပါ ရွှတ် ရွှတ် "
ခပ်မြန်မြန်ပါးနှစ်ဖက်ကိုမွှေးပေးလိုက်မှ ကလေးသည်ကျေနပ်သွားသယောင်ရှိ၏။
တစ်မနက်လုံး ဆေးခန်းတွင်ထိုင်နေရသော်လည်း အသက်စိတ်မပါလှပါ။ သွက်လက်လှသည့်ကလေး၏ ဂျီကျမှုကိုခံရတာလဲဖြစ်သင့်ပါသည်။ ကို့ကို မျှော်နေသော်ငြား ကို ကတော့ ခုထိပေါ်မလာ ။မေမေနဲ့ကို ဘာတွေများပြောနေမလဲနော်။ပုံမှန်ဆို ကိုဟာ ခုချိန် သူမနောက်သို့ အမြန်လိုက်ပါလာမည့် ကပ်ပါးလေးဖြစ်သည်။ မေမေများတစ်ခုခုပြောလိုက်၍လား ဒါမှမဟုတ် သူမရဲ့စိမ်းသက်လှသောစကားများကြောင့်လား မသိတော့။ ဟင်းးးးး ခက်တာပဲကိုရယ် ။ မိုးညိုနဲ့ကို ။ကိုနဲ့မိုးညို ။ခက်ရချည်ရဲ့။အသက်ခွရချည်ရဲ့ကွယ် ။

သရဖီလေးပြန်သွားတော့ ၁၁ပင်ထိုးနေပြီ။လောင်းနေကျ ဆွမ်းခံလဲမလောင်းရတော့ ။သူမ သမီးဇောနဲ့မို့ ဆွမ်းခံအသံမကြားရတာလဲဖြစ်နိုင်သည်။ စားပြီးမှပြန်ဖို့ပြောပေမဲ့ ၀င်စရာရှိသေးသည်ဟုဆိုကာပြန်သွား၍ စိန်မကောင်းဖြစ်ရသေးသည်။သူမစကားများသည် လူတစ်ဦးတစ်ယောက်အား စိတ်ကသိကအောက်ဖြစ်စေပြီလား။မတတ်နိုင်ပြီ။သမီးတစ်ယောက်အတွက် အမေတစ်ယောက်၏အတ္တဟု အမည်ပေးကာ စိတ်ကိုနှစ်သိမ့်ရသည်။ ထမင်းစားရင်းးလွန်ခဲ့သောနှစ်များကို ပြန်လည်သတိရမိသည်။

"မေမေ အသက်တို့ ဒီမှာပဲနေလို့မရဘူးလားဟင် ဘာလို့နယ်ကိုပြန်မှာလဲမေမေရဲ့ "
"သမီးလေးရယ် သမီးဖေဖေရဲ့ရောဂါက နယ်မှာနေမှ ပိုအဆင်ပြေမှာကွဲ့မေမေတို့နယ်ပဲပြန်ကြမယ်လေနော် သမီး "
"အဲဆို သမီးကိုနဲ့​ေ၀းရမှာပေါ့မေမေရဲ့ ကို့ကိုလဲမပြောရသေးဘူး ကို့ကိုကော ခေါ်သွားကြမယ်လေနော်မေမေ "
"သမီးလေးရယ် သရဖီလေးက နိုင်ငံခြားသွားမှာဆိုကွယ် ခေါ်လို့ဘယ်ဖြစ်မလဲ သူတစ်ပါးရဲ့တိုးတက်ရာတိုးတက်ကြောင်းကို မကန့်ကွက်မဖျက်ဆီးရဘူးလေသမီးရဲ့နော် "
" အဲတာဆို သမီးကိုနဲ့ တွေ့ချင်သေးတယ် စကားတွေအများကြီးပြောချင်သေးတယ်လို့မေမေရဲ့ "
ငိုမဲ့မဲ့ဖြစ်လာသောသမီးဖြစ်သူကိုမြင်ရတာ သူမရင်ကိုမီးစနှင့်ထိုးသလိုပူလောင်လှပါသည်။ဒီကလေးသည် ငယ်စဥ်ကတည်းက ဘာကိုမှ အထွန့်တက်ခြင်းမရှိခဲ့။သူမ၏ပြုစုပျိုးထောင်မှုအောက်တွင်သေသေ၀ပ်၀ပ်ကြီးပြင်းလာသူဖြစ်သည်။လိမ္မာရေးခြားရှိလှပြီး မိဘမှလွဲ၍ဘာဆိုဘာမှမသိခဲ့သောအဖြူထည်လေးသည်ယခုတော့ မိန်းကလေးတစ်ယောက်နှင့်ခွဲခွာရမည်ကို အကြောက်အကန်ငြင်းဆန်နေသည်။
"အင်းပါကွယ် နက်ဖြန်သမီးဖေဖေဆီကအပြန် သရဖီလေးဆီ၀င်ကြတာပေါ့ နော် ခုတော့ မေမေလမ်းထိပ်ဟင်းသွား၀ယ်အုံးမယ် ခဏနေရစ်နော် သမီး "
"​ေ၀းးးးဒါမှတို့မေမေ ရေးးးးး "
ပြုံးပျော်ခုန်မြူးနေသောသမီးကိုကြည့်ကာ နီနီလည်းပြုံးမိသည်။လမ်းထိပ်သည်အရမ်းကြိီးမ​ေ၀းလှသော်ငြားအနည်းငယ်လမ်းလျှောက်ရပါသည်။၀ယ်နေကျဆိုင်မှ ကောင်းနိုးရာရာဟင်းများကိုရွေးချယ်ရင်းပါဆယ်ထုတ်ခိုင်းရ၏။
"သမီး ၂၀၀ ဖိုးစီပဲနော် "
"ဟုတ်ကဲ့ဒေါ်လေး သက်လေးကော စာမေးပွဲဖြေနိုင်ရဲ့လား "
"ဖြေနိုင်တယ်ပြောတာပါပဲသမီးရယ် ဒေါ်လေးလဲသေချာဂရုစိုက်မပေးနိုင်တော့ မသိပါဘူး အောင်စာရင်းထွက်မှိလိမ့်မယ် "
"ဒီနားက ဒေါ်နီနီတို့အိမ်ကို သိသလားကလေးမ "
ဟင်းပါဆယ်ထုပ်များကို လှမ်းယူနေသည့်သူမလက်များ ခေတ္တရပ်တန့်သွားသည်။
"အထက်တန်းပြဆရာမ နီနီကိုပြောတာလားအဒေါ် "
"အထက်တန်းပြတွေဘာတွေမသိဘူး သူ့မှာ အသက်ဆိုတဲ့သမီးတစ်ယောက်ရှိတာတော့သေချာသိတယ် "
စကားလုံးပြတ်ပြတ်နှင့်အထက်စီးဆန်လှသောထိုးအမျိုးသမီးကိုသူမလှည့်ကြည့်မိသည်။လူကုံထံအသိုင်း၀ိုင်းကထင်ရဲ့။
"ဘာကိစ္စများရှိလို့ပါလဲရှင် ကျမနီနီပါ အသက်က ကျမသမီးလေးပါရှင် "
"သြော့် တစ်ခါထဲ တွေ့ရတော့လဲကောင်းတာပေါ့ ကျမ စကားပြောချင်လို့ခဏလောက်လိုက်ခဲ့ပါလား "
အမိန့်ဆန်ဆန်စကားတို့ကိုသဘောမတွေ့လှသော်လဲ ပါဆယ်ထုပ်များကိုဆိုင်တွင်ခဏအပ်ကာ သူမ ကားပေါ်တက်ခဲ့ပါသည်။ခပ်လှမ်းလှမ်းတစ်နေရာအရောက် ကားကိုရပ်ကာဒရိုင်ဘာသည်ကားပေါ်မှဆင်းသွား၏။သူမနှင့်ထိုအမျိုးသမီးသာ ကားနောက်ခန်းတွင်ကျန်ရှိသည်။
"ဆိုင် တစ်ဆိုင်မဟုတ်ဘဲ ဒီနေရာမှာပဲပြောလို့ရတယ်မလားဒေါ်နီနီ "
သူမ ခေါင်းအသာညိမ့်ပြလိုက်သည်။
"ရှင့်သမီးကို ကျမ သမီးနဲ့​ေ၀းရာကိုခေါ်သွားပါဒေါ်နီနီ "
"နေပါအုံး ကျမကို အမိန့်တွေချည်းပေးနေရအောင် ဒီက ဘယ်သူများပါလဲနော် "
"ကျမက သရဖီကိုရဲ့မိခင်ပဲ တကယ်လို့ရှင့်သမီးကို ကျမ သမီးအနားမှာထပ်ရှိနေတာမြင်ရင် ရှင့်သမီးကို ကျမသမီးကိုဖျားယောင်းသွေးဆောင်မှုနဲ့ ချူစားတဲ့မိန်းက​ေလးအဖြစ် ရှင်မြင်တွေ့ရမယ် "
" ဘယ်လို "
"ဟုတ်တယ် ရှင့်သမီးနဲ့ကျမသမီးက မိန်းမချင်းကြိုက်နေကြတယ် ဒါကို အမေတစ်ယောင်အနေနဲ့ကျမကန့်ကွက်တယ် ပတ်၀န်းကျင်မှာ မိန်းမချင်းကြိုက်တယ် စလောင်းဖုံးတီးတယ်ဆိုတဲ့ ပြောဆိုထိုးနှက်မှုတွေကို ကျမမခံနိုင်ဘူး ကျမသမီးလဲခံစားနိုင်မှာမဟုတ်ဘူး အဲတော့ ရှင်လဲမိခင်တစ်ယောက်ပဲ ကျမကိုနားလည်နိုင်မှာပါ "
နီနီခံပြင်းမိပါသည်။ကိုယ်တိုင် မိန်းမသားတစ်ယောက်ဖြစ်ပါလျက်ဤမျှကြမ်းတမ်းသောစကားလုံးများကို နှုတ်မှထွက်လာသည်ကိုအံ့သြ၍မဆုံးပါ။
"နေပါအုံးနေပါအုံး ဒီကညီမက အတိအကျကြီးပြောဆိုနေရအောင် ကျမသမီးက ရှင့်သမီးကို ချစ်ပါတယ် ကြိုက်ပါတယ်လို့ပြောနေတာရှင်မြင်ဖူးလားကြားဖူးလား ဒါမှမဟုတ် ရှင့်သမီးကကျမသမီးနဲ့ အချင်းချင်းမေတ္တာမျှနေတာပါလို့ပြောပြဖူးသလား "
ပုံမှန်ဆို နီနီ ရှင်တွေကျမ တွေမသုံးတတ်ပေမဲ့ ဤအမျိုးသမီးသည်ထိုစကားလုံးများနှင့်သာ တန်ပါသည်။
"မပြောပြလဲ သိတယ်လေ မေမီကိုတို့က အပွေးမြင်ရင် အပင်သိတယ် ပြီးတော့ရှင့်သမီးက ကျမသမီးကိုတကယ်ကြိုက်တာမဟုတ်ဘဲငွေမက်လို့ချဥ်းကပ်တာ ဒီယုန်မြင်လို့ဒီခြုံထွင်တာ သိရဲ့လား ဒါကို ကျမသမီးကလဲ နုံအ ပြီးမသိတတ်ဘူးလေ ရှင့်သမီးလွှမ်းမိုးတာပဲခံနေရတယ်  "
မိမိသမီးအားချိုနှိမ်ပြောဆိုရုံသာမက သူ့သမီးကိုပါပြစ်တင်ရှုတ်ချနေသောထိုအမျိုးသမီးကို နီနီအင်မတန်ဒေါသဖြစ်လှပါသည်။
"ဒီမယ် ကျမက ကျမသမီးကို ငယ်စဥ်ကတည်းက စိတ်ကောင်းနှလုံးကောင်းရှိဖို့ သူတစ်ပါးကိုထိခိုက်နစ်နာအောင်မပြုမူမပြောဆိုမိစေဖို့အမြဲသွန်သင်ဆုံးမလာခဲ့တာပါ
မမေမီကို ကျမသမီးကလဲခုချိန်အထိ ကျမပျိုးထောင်ခဲ့တဲ့အတိုင်းလူ့ကျင့်၀တ်နဲ့ညီညွတ်စွာနေထိုင်လာခဲ့တာပါ အကယ်၍ရှင့်သမီးနဲ့မေတ္တာမျှနေမယ်ဆိုရင်တောင် ဒါဟာသူတို့ချင်းပျော်ရွှင်လို့ကျေနပ်လို့ဖြစ်လာတဲ့ကိစ္စပါ ရှင်အဲသလိုစကားကို လက်လွှတ်ဆံပါယ် မပြောသင့်ပါဘူးရှင် "
"အလိုတော် မအေကိုယ်တိုင်ကမြှောက်ထိုးပင့်ကော်လုပ်နေမှတော့ သမီးက ပိုဆိုးပြီပေါ့ ဘယ်လိုဖြစ်ဖြစ် ကျမလုံး၀လက်မခံနိုင်ဘူး ဘယ့်နှယ်တော် မိန်းမချင်း လူကြားလို့မှမကောင်းဘူး "
နီနီ့သည်းခံမှုတို့သည်အတိုင်းအတာကုန်ဆုံးသွားလေပြီ။
"ဒီမယ် မမေမီကို မိန်းကလေးတစ်ယောက်ဟာမိသားစုကလွဲပြီးအခြားသောသူစိမ်းတစ်ယောက်ကိုချစ်တယ်ဆိုတာသူ့အတွက်သေချာပေါက် အားကိုးယုံကြည်လို့ အားလုံးထက်အရေးပါလို့ ချစ်တာပါ အဲဒီအခြားတစ်ယောက်ဟာ ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ် ဘယ်လိုလိင်မျိုးမဆိုဖြစ်လို့ရတာပဲလေ ရှင် ဘယ်လိုတောင်တစ်ယူသန်နေရတာလဲ မိန်းကလေးချင်းချင်းချစ်တော့ကောဘာဖြစ်သလဲ သူတို့ဘ၀သူတို့ကျေနပ်လို့ ပျော်ရွှင်လို့ ပတ်၀န်းကျင်က ကဲ့ရဲ့မှာအပြစ်တင်မှာကိုသိရက်နဲ့တောင် သူတို့အဲအရာတွေကိုလျစ်လျူရှုပြီးဒီလမ်းကိုရွေးချယ်ခဲ့ကြတာပဲလေ ချစ်မိတာ သဘာ၀တရားပဲ ဘာလို့ အပြစ်မြင်နေရတာလဲ ရှင်လဲ မိန်းမသားတစ်​ေယာက်ပဲဒီခံစားချက်ကို နားလည်ဖို့ကောင်းပါတယ် "
"အို..နားမလည်နိုင်ဘူးဒေါ်နီနီ ကျမက ပြောရင်ပြောသလိုလုပ်တတ်တယ် ရှင်ကျမပြောသလိုသာလုပ်ပါ မဟုတ်ရင် ကျမကိုအဆိုးမဆိုနဲ့ ။ ကိုသောင်း သွားမယ် ဒီမိန်းမကိုသူ့အိမ်ပြန်လိုက်ပို့လိုက် "
အချေအတင်စစ်ထိုးနေသောစကား၀ိုင်းကလေးသည် တိခနဲပြတ်ကျသွား၏။စကားကိုသူမဘက်မှအနိုင်ပိုင်း ဖြတ်ချပြီးပြောချင်ရာပြောနေသောထိုအမျိုးသမီးသည် မိန်းမသားတစ်ယောက်မှ ဟုတ်ပါလေစဟု နီနီတွေးနေမိပါသည်။
ခြံထဲဆင်း၀င်သည်နှင့်သူမကိုအပြုံးနဲ့ဆီးကြိုသောသမီးလေးကြောင့်သောကများငြိမ်းအေးသွားရသည်။

ရင်ခွင်ဦးWhere stories live. Discover now