part 8

943 40 2
                                    

အိပ်ရာပေါ်တွင် လူးလိမ့်ရင်း မိုးညို နေမထိထိုင်မသာ ဖြစ်ရသည်။ဒီချိန်ကြီး ဖုန်းခေါ်ရန်လဲ မမသက်အနှောင့်အယှက်ဖြစ်မည်စိုးသည်။မပြောဘဲနေရလျှင်လဲ ခုပုံစံနှင့်သူအိပ်ရတော့မည်မဟုတ် ။ မနေနိုင်သည့်အဆုံးဖုန်းခလုတ်များကို လက်ကအလိုအလျောက်နှိပ်မိပြီးနေပြီ။
တစ်တူတူ၀င်သွားသောဖုန်းသံနောက်တွင် မမသက်၏ချိုသာလှသော အသံကလေးထွက်လာသည်။
"မိုးညို ဒီအချိန်ကြီး ဘာကိစ္စရှိသလဲကွယ် "
"ဟို မမသက်အိပ်တော့မလားဗျ "
"ဟော့်တော်ရယ် မအိပ်သေးလို့ဖုန်းကိုင်တာပေါ့ကွဲ့ ။ကဲ ပြော မမကိုဘာများတိုင်ပင်စရာရှိ "
မမသက်ဟာပုံမှန်အတိုင်းပေါ့ပေါ့ပါးပါးပင်။အရင်ကလို တစ်ခုခုဆို မမဆီဦးစွာပြောပြတိုင်ပင်တတ်သည့် သူ့အကျင့်ကို သိသည့်ပုံစံနှင့်။တိုင်ပင်တာထက် ဒီတစ်ခါ ဖွင့်ပြောမှာဆိုတာ မိုးညိုမည်သို့စကားစရမည်နည်း။
"ဟို ဟိုဒင်းပေါ့မမသက်ရယ် "
"အွမ်းးးး ပြောပါအုံးကွဲ့ "
အွမ်းဆိုတဲ့လေသံကိုဆွဲဆွဲငင်ငင်အသံထွက်ပုံများ။စကားပြောရာတွင်မမသက်လောက်ချိုအီပြေပြစ်သူဤကမ္ဘာ၌ရှိတော့မည်မထင်ပါ။
"ကျွန်တော်လေ ကျွန်တော် မသရဖီကို ကိုမချစ်ဘူးဗျ "
အသက်မျက်မှောင့်တစ်ချက်ကြုတ်မိသွားသည်။သို့သော် မပျက်ယွင်းသောလေသံနှင့်။
"အလိုတော် မင်းမမကို ဘာလို့ ဒီအကြောင်းတွေလာပြောနေသလဲမိုးညိုရ "
"မမသက်ကို သိစေချင်လို့လေ ဒီနေ့မိတ်ဆက်ပေးတယ်ဆိုတာလဲကျွန်တော့်မိတ်ဆွေအနေနဲ့ မမသက်နဲ့ရင်းနှီးစေရုံပါ။သူ့ကိုလဲ ပြောပြထားပြီးသားမမရဲ့ "
မိုးညိုဘာတွေကြံစည်နေသလဲ။ဘာတွေပြောနေသလဲ အသက်နားမလည်တော့မတွေးတတ်တော့ပါ။
"အင်းအင်း ဟုတ်ပြီ ဒါဆိုမမက ဘာလုပ်ပေးရမလဲ "
"ဘာမှတောမလုပ်ပေးရပါဘူးမမသက်ရဲ့ မမကျွန်တော့ကိုအထင်မလွဲစေချင်လို့ပါ ပြီးတော့ ကျွန်တော်တို့ကမိတ်ဆွေတွေလေ "
"ဆိုတော့   မမက အလိုက်သင့်လေးပဲ သူ့ကိုဆက်ဆံပေးရမယ် အဲလိုလား "
"ဟုတ်ကဲ့ သူ့ကိုလဲကျွန်တော့်လိုပဲပြောနိုင်ဆိုနိုင် ဆုံးမနိုင်ပါတယ်မမရဲ့ သူကအဆိုးလေးပါ "
"အမယ် မောင်မိုးညို မချစ်ဘူးဆိုတဲ့သူက အဆိုးလေးတွေ ဘာတွေနဲ့ပါလား ဟ ဟ ။ဟုတ်ပါပြီကွယ် မင်းတို့ချင်းပြေလည်တယ်ဆို ပြီးတာပါပဲ မမသက်ကသူစိမ်းပဲဟာ "
"အာ အဲလိုမဟုတ်ပါဘူး မမသက်ကလုံး၀ဒီကိစ္စနဲ့သက်ဆိုင်တာပေါ့  ဒါ့ကြောင့်လဲခုလိုညတွင်းချင်းသေချာပြောပြနေရတာ မနက်ကတည်းက မမသက်မျက်နှာမကောင်းဘူးလေ "
မိုးညို ရိပ်မိသလားနော်။သူမသေချာထိန်းနေပါရက်နဲ့။အင်းပေါ့လေ ၆နှစ်လုံးလုံးသူမျက်နှာကိုအရိပ်ကြည့်ပြီးနေလာတဲ့သူပဲရိပ်မိမှာပေါ့။
"ဟုတ်ပြီကွယ် မမသက်ကဘာလို့သက်ဆိုင်သလဲ တွေ့မှသေချာလေးဆွေးနွေးကြမယ် ခုတော့မမအိပ်တော့မယ်ကွယ်နော် Good night မောင်လေး "
"ဟုတ်ကဲ့ဗျ မမသက်ကောပဲ "
ဖုန်းချသံအဆုံးမှ မိုးညိုရင်၀ကအလုံးကြီးကျသွားသလိုခံစားရသည်။မည်မျှပင်ပူပင်သောကရောက်နေပါစေ မမသက်အသံကြားရရုံနှင့် မိုးညိုအေးချမ်းရမြဲဖြစ်ပါသည်။

ရင်ခွင်ဦး Where stories live. Discover now