လေယာဥ်ဆင်းဆင်းချင်းသူမဂျင်မ့်လက်ကိုဆွဲကာအပြေးအလွှားတက္ကစီကိုငှားရန်ပြင်ရ၏။ကိုကိုကြီးကိုလဲလာကြိုဖို့မပြောထားမိလေ။ အရေးထဲ ခရီးသည်လုနေသော တက္ကစီသမားများက ရန်တွေ့နေကြသေးသည်။
သူမစိတ်မ၀င်စားပါ။ချက်ချင်း နီးစပ်ရာတက္ကစီပေါ်တက်လိုက်၏။
ဂျင်မ်ကအထူးအဆန်းလုပ်ကာရန်ဖြစ်နေသောသူတို့ကိုကြည့်နေသည်။
ကျွတ်စ်။
"Come quickly,Jim "
(မြန်မြန်လာစမ်းပါ ဂျင်မ်ရယ် )
ဂျင့်မ့်လက်ကိုဆွဲခေါ်ပြီး ဆေးရုံသို့မောင်းရန်ညွှန်ကြားရသည်။
"The cars are very busy "
(ကားတွေပိတ်တယ်နော် )
ဂျင်မ်က သူမနား နားကပ်ကာတိုးတိုးဆို၏။
လှည်းတန်းမီးပိွုင့်၏တပွမ်ပွမ်နှင့်ဆူညံနေသောကားတန်းကြီးကိုကြည့်၍ငြီးညူနေခြင်းဖြစ်သည်။သူမကတော့ ဆေးရုံကိုရောက်ရန်သာစိတ်စောနေမိသည်။
ဆေးရုံ၀င်းထဲ၀င်လိုက်သည်ဆိုရင်ပဲ သူမရင်ခုန်သံတို့သည်အဆတစ်ရာပိုမြန်လာသလိုခံစားမိသည်။ချစ်သောအသက် ကိုယ်ပြန်ရောက်ပြီ။
"ဟုတ်ကဲ့ အမ ဘာများကူညီပေးရမလဲရှင့် "
"လူနာ ဖြိုးသက်ထက်ဇော် ဘယ်အခန်းလဲ""ဘယ်လူနာလဲမသိနော်အမ "
ဟုတ်သားပဲ။သူမလောသွားတာ။ဒီလောက်ဆေးရုံကြီးကုနာမည်တစ်ခုထဲဘယ်လိုရှာမလဲ။
"မိုးညို "
"ရှင် "
"ဒေါက်တာ မိုးညိုကို ဖုန်းခေါ်ပေးလှည့်"
"ဟုတ်ကဲ့အမ ဘယ်သူလို့ပြောပေးရမလဲ "
"နေ နေ "
ဟာ ရှည်လိုက်တာဟု သူမတွေးမိသေးသည်။
ကိုကိုကြီးကို ဖုန်းေခါ်ရမည်။
"ညီမလေး ဖုန်းတစ်ကောလောက်ခေါ်ချင်လို့ရမလား "
"ဟုတ်ကဲ့ရှင့် "
သူမတစ်ယောက်ထဲ ယောက်ယက်ခတ်နေပုံကိုကြည့်ရင်း ထိုကလေးမလေးက လန့်ဖျန့်နေပုံပေါ်သည်။
"ဟာ ကိုင်စမ်းပါကိုကို ရ""အို သမီးးသရဖီ "
သူမအား မထင်မှတ်စွာတွေ့ရသောကြောင့်ဖြစ်မည် ။
အန်တီဆွေသည် ဒိွဟဖြစ်နေသောအကြည့်များနှင့်သာမကိုကြည့်ဆို၏။ခေါ်နေသောဖုန်းကို ပြန်ပေးကာ ။
"အန်တီ အသက် မဟုတ်ဘူး ဒေါက်တာ ဖြိုးသက်ထက်ဇော် ဆီကို သမီးကိုလမ်းညွှန်ပါ အန်တီဆွေ "
"ဟော် သမီးနဲ့သိသလား "
"ဟုတ်ကဲ့ "
"ဒုတိယထပ်က ထောင့်ခန်း ၅၀၂ လေ"
အန်တီ့အဖြေအကြားသူမ အပြေးအလွှား ဓာတ်လှေကားဆီသွားရ၏။
"ကျွတ်စ် "
လူကပြည့်နေပြန်သည်။စိတ်မရှည်စွာ လှေကားကနေအပြေးတက်သွားမိသည်။
၅၀၂။၅၀၂။
အခန်းများကိုကြည့်ရင်းရှာဖွေနေမိသည်။ဟောတွေ့ပါပြီ။ချက်ချင်းအပြေးအလွှား သွားမိသည်။
အခန်းတံခါးဖွင့်ဖွင့်ချင်း မိုးညို၊အန်တီနီနီ၊ကိုကိုကြီးနှင့် မိုးပွင့်ကိုတွေရ၏။သူမကိုမြင်တော့ တအံတသြအကြည့်များဖြင့်။ထို့နောက် ကုတင်ပေါ်တွင် နွမ်းလျစွာအိပ်မောကျနေသော ချစ်ရသည့်အသက်။
"ရှူးးး ညီမလေး ရောက်လာပြီလား "
ကိုကိုကြီးက တိတ်ဆိတ်ရန်အချက်ပေးပြီးသူမကိုတိုးတိုးမေး၏။ခေါင်းတစ်ချက်သာ ငြိမ့်ပြရင်း အသက်အနားကိုသူမ တိုးကပ်မိသည်။အန်တီက ဖော်မပြတတ်သောအကြည့်နှင့် သူမကိုတွေတွေငေးမောနေသည်။
မိုးညိုသည် မျက်ရည်အ၀ိုင်းသားနှင့် သူမကိုကြည့်နေသည်။
"ခုပဲပြန်အိပ်ပျော်သွားတာ မမ မင်းကို မျှော်နေရှာတာ"
မိုးညိုက မျက်ရည်ကို အသာသုတ်ရင်းတိုးတိုးဆိုသည်။
ယမန်နေ့က တွေ့ရှိခဲ့သော ပါးပြင်နုနု နှုတ်ခမ်းပါးဥဥလေးများသည် သွေးမရှိစွာ ဖြူရော်နေသည်။သူမရင်ထဲ၌ပူလောင်မှူလားစိုးရွံ့မှုလားမပြောတတ်ပါ။ တစ်မျိုးတစ်မည်ခံစားရခက်နေသည်။နေရခက်သည်။အတော်နေရခက်သည်။ ရင်ဘတ်အတွင်း၌ရှုပ်ထွေးပွေလီနေသောခံစားချက်များသည် နှုတ်မှမထွက်နိုင်အောင် သောကများနေရသည်။
အသက်ကိုပုံမှန်ဖြစ်အောင်မနည်းရှူသွင်းရင်းသူမ ချစ်ရသူကို မမှိတ်မသုန်စိုက်ကြည့်နေမိသည်။အာ့ ။နာလိုက်တာ ။ချစ်ရသူအား ဤပုံစံနှင့်မြင်တွေ့ရမှုသည်သူမရင်အုံအတွင်း အတော်ကို နာနာကျင်ကျင်ခံစားရစေသည်။မဖြစ်ဘူး အသက် ကုစားမှဖြစ်မည်။
အသက်လက်ချောင်းလေးများကိုအသာအယာဆုပ်ကိုင်ရင်း သူမ ရင်ဘတ်ကိုကပ်ထားမိသည်။
သွယ်လျလျလက်ချောင်းလေးများသည်ပိုသေးသွားသယောင်ပင်ထင်မိသည်။
မျက်၀န်းထဲမှ မျက်ရည်ပူများစီးကျလာပြန်သည်။သို့သော် ထိုမျက်ရည်ထက် ရင်တွင်း၌အဆများစွာပိုပူနေသည်ကိုသူမ သာ သိသည်။
"ကို ရောက်ပြီလေ "
တိုးလျညှင်သာစွာ သူမ စကားဆိုမိသည်။မိုးညိုက အန်တီ့ကိုနားစေရန် အပြင်သို့ခေါ်ထုတ်သွား၏။စိတ်မပါစွာ သူခေါ်ရသို့ပါသွား၏။အင်းလေ အန်တီနီလဲ မည်မျှစိတ်ပင်ပန်းနေမလဲ။ကိုကိုကြီးနှင့်မိုးပွင့်က အလိုက်သိစွာ ထွက်ခွာပေး၏။
သူမ အသက်နားသို့ကပ်ထိုင်ရင်း ပိန်သွယ်သွားသောမျက်နှာလေးကို ငေးမောနေမိသည်။နဖူးပြင်မှဆံနွယ်စ လေးများကိုအသာယာသပ်တင်ပေးရင်း ကိုယ့်ကိုယ် ကို အပြစ်တင်မဆုံးဖြစ်ရသည်။
အပြင်ထွက်၍ 'အားးးးးးး´ဟု စိတ်ရှိလက်ရှိအော်ပစ်လိုက်ချင်သည်။
အိပ်မောကျနေတာတောင် ချစ်ရသူသည် လှနေဆဲ ဖြစ်သည် ကိုတွေးမိတော့ ကျေနပ်သောအပြုံးတစ်ခု သူမ မျက်နှာထက်တွင် ဆိုက်ရောက်လာသည်။လက်ချောင်းလေးများကိုနမ်းရှုံ့ရင်း ပါပြင်သို့ မျက်ရည်စများ တလှိမ့်လှိမ့်စီးဆင်းနေသည်။

YOU ARE READING
ရင်ခွင်ဦး
Roman d'amourချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။