part 29

2.9K 113 5
                                        

သူမတို့ဆေးခန်းကလေးက ကျဥ်းသောကြောင့် အနီးနားကအောင်စည်းစိမ်ကိုသာ စကားပြောမည့်နေရာအဖြစ်ရွေးချယ်လိုက်ကြ၏။ဆေးခန်းကိုခဏပိတ်ထားခဲ့လိုက်၏။ဒီရက်ထဲသူမ ပုံမှန်ပြန်ဖွင့်နိုင်မည်မထင်။
ဆိုင်ထဲအနည်းငယ်ဆူညံနေသော်လည်း အဆင်ပြေပါသည်။
" ကဲ ပြောပါမကေသီကျမ အချိန်မရဘူး "
"မမကလဲ အေးဆေးပေါ့ မကေသီဘာသောက်မလဲ "
"ပုံမှန်ပဲ "
"မိုးပွင့်က ချိုဆိမ့် "
"မမလဲ ပုံမှန်ပဲမလား "
သူ စားပွဲထိုးကောင်လေးကိုလှမ်းခေါ်ရင်း ထိုအရာများကိုမှာရ၏။မမအကြိုက် အီကြာကွေးတစ်ပွဲပါထပ်မှာလိုက်၏။
"မင်းကတော့ တကယ့်ဆရာ၀န်မကြီးဖြစ်လာတာပဲနော် ဂုဏ်ယူတယ်သိလား "
"ရှင်ရောဘာတွေလုပ်ဖြစ်နေလဲ မကေသီ "
"အင်းး ကိုယ်ပြောဖူးတယ်လေ မင်းကျေးဇူးနဲ့ ကိုယ်အဆင်ပြေသွားတယ်လို့ "
"တို့မှ မသိချင်တာ "
"အာ မမကလည်း "
"မကေသီ သေချာလေးပြောပြပါလား ကျွန်တော်တို့သိချင််တယ်နော် ညီမလေး "
"ဟုတ် ဟီး "
တစ်ခုခုဆိုအတိုင်အဖောက်ညီလွန်းသောသင်းတို့နှစ်ယောက်ကို သူမ ထု ပစ်ချင်သည်။
"အင်းးး ကိုယ့်ပေါင်ကိုယ် ပြန်လှန်ထောင်း ဖြစ်နေပေမဲ့လဲ  ပြောပြပါ့မယ် အမှန်တရားတွေပဲကို "
"တို့ ဆယ်တန်တုန်းက အရမ်း စာညံ့တယ်လေ ။ညံ့ဆို ၃နှစ်တိတိ ဖြေခဲ့တာမအောင်မြင်ခဲ့ဘူး။သူနဲ့မတွေ့ခင်နှစ်အထိပေါ့။တို့အဖေက အရမ်း စိတ်ဆိုးခဲ့တယ်။သူ့အပေါင်းသင်းတွေကြားထဲ ဆယ်တန်း၃ခါကျ သမီးရှိတယ်လို့ လုံး၀ထုတ်မပြောရဲဘူး ။တို့လဲ မဖြစ်ချင်ပါဘူး ဒါမဲ့ တို့မှ စာကိုစိတ်မ၀င်စားတာ ။အထူးသဖြင့် သင်္ချာ ပေါ့။အသေကြောက်တာ ။ဖေဖေက အဲနှစ်စာမေးပွဲထပ်ကျရင် သူကိုယ်တိုင် အိမ်ပေါ်ကနှင်ချမယ်လို့ ကြိမ်းမောင်းခဲ့သေးတယ် ။တို့ ကြိုးစားခဲ့တယ်။ ဒါမဲ့ မရဘူး ။သင်္ချာနေ့ရောက်တော့တို့ဦးနှောက်က ချာချာလည်နေတယ်။ဘာမှမမှတ်မိဘူး။အောင်မှတ်ရဖို့ တို့ အပြင်းအထန် ဖြေနေရတယ်။ဘယ်လိုပဲ စဥ်းစားစဥ်းစား ခေါင်းထဲက ဘာမှထွက်မလာခဲ့ဘူး။အဲတော့ ကြံရာမရတဲ့အဆုံး မင်းတို့မမ ကိုအကူညီတောင်းရတော့တာပဲ ။တို့ကံကောင်းတယ်ပြောရမယ် ။အဲနှစ်သင်္ချာကို၄၀အတိနဲ့ တို့အောင်ခဲ့တယ်လေ။"
"မမက ဘာကူညီခဲ့လို့လဲ "
"အဟင်းး စာခိုးချဖို့ပေါ့ "
"ဟင် တကယ်ကြီး "
မိုးပွင့်ကော မိုးညိုပါ အထိတ်တလန့်ဖြစ်သွားကြ၏။ထို့နောက်မယုံကြည်စွာ သူမကို သေချာကြည့်နေကြသည်။
"မင်းတို့မမက မကူညီချင်ပါဘူး ။သူမနည်းကြောက်နေတာ တို့သိတယ်လေ ။အဲဒီနေ့က အချိန်စေ့တောင်သူမဖြေသွားဘူး "
"အဲလိုကိစ္စတွေလဲ ရှိသေးတာပေါ့နော် "
"အင်းး ဖြစ်လေ့ဖြစ်ထ မရှိတဲ့ကိစ္စတွေပေါ့ ။ဒါမဲ့ ဘ၀တစ်ခုကတော့ လုံး၀ပြောင်းလဲသွားတယ်လေ "
"ခု မကေသီ ဘာလုပ်နေလဲ "
"အွမ်းပြန်ကြားရေးနဲ့ဆက်သွယ်ရေး၀န်ကြီးဌာန မြန်မာ့အသံမှာ အလုပ်လုပ်နေတယ် အသံလွှင့်ဌာနပေါ့"
"ဟာ ဒါဆို လေဒီယို ကအစီစဥ်တွေမှာအမပါမှာပေါ့ "
"အင်းးးဆိုပါတော့ ခုရက်တွေတော့ တို့ယာယီခွင့်ယူထားတယ် နောက်လဆိုရင်တော့ပုံမှန်အတိုင်းပြန်ဆင်းမှာပါ "
"ဟုတ်လား ဘာဖြစ်လို့ခွင့်ယူထားတာလဲ "
"တို့အဖေ ဆုံးလို့လေ "
"အို "
"အင်းး တို့အဖေရဲ့ ဆန္ဒတွေကို တို့ဖြည့်ဆည်းပေးနိုင်ခဲ့လို့ နောင်တ မရပါဘူး ပြီးတော့ အဲနှစ်တုန်းက အဖေ့ရဲ့မျက်နှာကို မြင်ရတာ မင်းကို ပိုပြီးကျေးဇူးတင်မိတယ် "
"သူ သိပ်ဂုဏ်ယူခဲ့မှာပေါ့​ေနာ် "
"အင်းပေါ့ ။ပုံမှန်ဆို ဆယ်တန်းကိုရိုးရိုး အမှတ်လေး၂၄၀ကျော်နဲ့အောင်တာ ဘာ ဂုဏ်ယူစရာရှိမလဲ ။ဒါမဲ့အဖေ့အတွက်ကတော့ သူ့သမီး တို့ကို ကျရှုံးမယ်လို့ မျှော်မှန်းထားပုံပေါ်တယ် ။သူအဲနေ့က ဟီးတိုက်ပြီး ငိုချခဲ့တာလေ ။  ပျော်လွန်းလို့ကျခဲ့တဲ့မျက်ရည်တွေပေါ့ "
"ဘယ်လိုပဲဖြစ်ဖြစ် မင်းကိုကျေးဇူးတင်ပါတယ် ဖြိုးသက်ထက်ဇော် ။အကူညီလိုရင်ပြောပါ ။အချိန်မရွေးတို့အသင့်ရှိနေမယ် "
"ကျေးဇူးပါ  မကေသီ "
"အင်းးး ခု မင်းကိုကြည့်ရတာအဆင်ပြေပုံမပေါ်ဘူး။ ဘာကိစ္စရှိလဲ "
"မရှိပါဘူး ရှင်ရယ် ။အလုပ်ရှိတယ် မလား လူစုခွဲကြစို့ "
"ဟုတ်ပြီကွာ  ခုတော့ တို့ကျေးဇူးတင်တာ ခံချင်သွားပြီလား "
မကေသီက ထိုစကားကို ပြုံးတုုံ့တုံ့ဆိုနေ၏။သူမ ခေါင်းကိုသာ ခါရမ်း၍ပြုံးပြမိပါသည်။
"ဒါ တို့လိပ်စာကဒ် တစ်ခုခုဆို ဖုန်းဆက် ဟုတ်ပြီလား "
"ဟုတ်ပြီ မကေသီ "
"နောက်မှတွေ့ကြမယ် အားလုံးပဲ  "
ထိုအမျိုးသမီးထွက်သွားသည့်တိုင် သူတို့ မထသေးဘဲရှိနေကြ၏။
"မမ "
"ဟင် ဘာလဲ မိုးညို "
အတွေးလွန်နေသော သူမ မိုးညိုခေါ်သံကြောင့်အသိ၀င်လာခဲ့၏။
"ဟို သရဖီကိုကော မကေသီကို သိလားဟင် "
"ဟင့်အင်း ကိုနဲ့ စာဖြေတော့ ကျောင်းမတူဘူး  "
"သြော် "
စကားစများပြတ်တောက်သွားပြန်သည်။

ရင်ခွင်ဦး Where stories live. Discover now