"ကဲ စကားကောင်းတာကောင်းကြပေါ့ မိုးချုပ်နေပြိီဆရာမရေ့ ။ပြန်အုံးမယ်"
"ဟုတ်ကဲ့ မမယ်စိန် ။တက်တိုးတို့ကော လိုက်သွားကြနော် "
"ဟုတ်ကဲ့ပါဆရာမရဲ့ ။ဒီမှာ မမချောနဲ့ပြောလို့မ၀သေးပါဘူးဆို "
ဟိုဘက်၀ိုင်းမှ ကလေးတစ်သိုက်နှင့် အဖွဲ့ကျနေသောကိုသည် တက်တိုး ၏ စကားအဆုံးကတည်းကထို၀ိုင်းဘက်ပြောင်းသွားခြင်းဖြစ်သည်။ သူမတို့ကတော့ ဒီဘက်၀ိုင်းမှာပင် မမယ်စိန်တို့နှင့်ဦးတည့်ရာရာပြောနေဖြစ်ကြ၏။
"ပြန်ကြမယ် ဟေ့ယောင်တွေ "
အဖွဲ့ခေါင်းဆောင်တက်တိုး၏အသံနှင့်အတူ ကလေးတစ်သိုက်သည်လည်း ရွာအပျိုများနောက်သို့မပြန်ချင့်ပြန်ချင် ပါသွားကြ၏။
"မမချော မမေ့နဲ့နော် "
"မမေ့ပါဘူး ကောင်လေးရ "
အောက်ရောက်သည့်တိုင် ကို့ အား လှမ်းသတိပေးနေသော တက်တိုး။ကိုကလည်း အပြုံးတွေဖောသီစွာ ။ခုနက ငြူစူနေသော ကို ဘယ်ရောက်သွားသည်မသိ။
"ဘာတွေ လဲ "
"ဘာမှ ဟုတ်ပါဘူး ။အိပ်ကြတော့မှာမလား "
"အကို ဖုန်းသွားပြောတယ် ဒေါက်တာ "
"အင်းအင်း အိပ်ရာတွေ မမခင်းပေးလှည့်မယ် မိုးပွင့်ခြေလက်ဆေးရင် သွားဆေးနော် "
"ဟုတ်ကဲ့ဒေါက်တာ "
ပြောပြောဆိုဆိုနှင့်မိုးပွင့်က အောက်ဆင်းသွား၏။မိုးညို့အသံလည်းသဲ့သဲ့ကြားရ၏။
"ကိုလည်း သွားထားလေနော် ညဘက်ကျ မိုးရွာရင်ရွာမှာ ကျီတွေမမြင်ဘူး"
"မသွားပါဘူး ။အသက်နားက ဘယ်မှမခွာဘူး "
အိပ်ရာများခင်းရင်းသူမဆိုတော့ ကိုက ထိုင်နေရင်းပြန်ဖြေသည်။
"အိပ်ရာကဘယ်လိုကြောင့်အဲလောက်ကျယ်နေတာလဲ "
"ဟော် ။ကို ရယ် ၃ယောက်လေကွယ်။ ဒီလောက်တော့ကျယ်မှပေါ့ "
"ဘာလို့၃ယောက်လဲ "
သူမ ကို့ထံကြည့်မိ၏။ကိုဟာ အတည်ဆိုနေတာ။
"ကိုရယ်၊ အသက်ရယ် ၊မိုးပွင့်ရယ်လေ "
"နှစ်ယောက်တည်းအိပ်ချင်တာကို "
သူမ အိပ်ရာခင်းရင်းပြုံးမိပါသည်။ကို့ထံသို့လှည့်မကြည့်ပေမဲ့ သူမ သိပါသည်။ကိုဟာ နှုတ်ခမ်းကိုထော်လျက် မျက်ခုံးများတွန့်ချိုးထားလိမ့်မည်။
"မရဘူးလေ ကို။ကလေး တစ်ယောက်တည်းမဖြစ်ဘူး "
"သူက ကလေးမှမဟုတ်တော့တာ "
"အဲဆို ဘယ်သူက ကလေးလဲ "
"ဒီမှာလေ ။ဒါမှ ကလေး ။ အသက်ရဲ့ တစ်ဦးတည်းသောကလေး "
အသံမထွက်မိအောင် မနည်းချုပ်တီး၍ သူမ ရယ် လိုက်ရ၏။ကိုကမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နှင့် သူမကိုချွဲနွဲ့နေသည်မဟုတ်ပါလား။ခက်တာပါပဲ။ကို ။ ကို ။ကို ။
" ဒီကလေးက အသက်စကား နားမထောင်ဘူးလေကွယ် "
"နားထောင်တယ်လေ "
"ကဲပါ အသက်အလုပ်လုပ်နေတုန်း စကားမများနဲ့ကွယ် ။ ကလေးကြီးက အလယ်ကအိပ်ပေါ့ ဟုတ်လား။ဒီလောက်ဆို အဆင်ပြေလား ထပ်ခင်းရအုံးမလား"
အိပ်ရာကို ချည်စောင်သုံးထပ်ခင်းရင်း သူမမေးမိခြင်းဖြစ်၏။မြို့မယ်လို မွေ့ယာတွေမရှိဘူးလေ။မိုးပွင့်နဲ့သူကရပေနဲ့ ကို က အိပ်နိုင်မှာမဟုတ် ။
"ဟင့်အင်း အသက်နဲ့ဆို ဘယ်လိုအိပ်ရ အိပ်ရ ဖြစ်တယ်"
သူမစကားမပြန်ခင် မိုးညို ပြန်ရောက်လာ၏။
"မမရေ့ မာမီက မမကိုသိပ်လွမ်းနေတာတဲ့ "
"ဟုတ်သလား။ မမတော့မထင်ပါကွယ် ။အန်တီဆွေက သူ့သားချောလေးကိုသာ လွမ်းတာနေမှာပါ "
"မမကတော့ လုပ်ပြိီ "
သူမတို့ ဘာစကားမှ မဆက်မိကြဘဲ အိပ်ရာ၀င်ခဲ့ကြပါသည်။တစ်ခုခုဆိုလျှင် သူမကိုနှိုးဖို့ အားလုံးကိုမှာထားရသေးသည်။ည၉နာရီခွဲေလာက် သူတို့အိပ်ဖြစ်ကြ၏။တကယ်အိပ်သည့်အခါ အသက်ပဲအလယ်၌
အိပ်လိုက်ရပါသည်။

YOU ARE READING
ရင်ခွင်ဦး
Romanceချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။