"မမဒေါက်တာကိုလွမ်းနေတာ သိရား "
"အိုကွယ် ။မမကောလွမ်းနေတာပါ။ ဘယ်သူနဲ့လာတာလဲ "
"တီးလေးနဲ့ "
"ဟုတ်လား ။ကျောင်း၀တ်စုံနဲ့လာတာ နေမကောင်းဖြစ်ပြန်ပြီလားမီး ။ဘယ်နားနေမကောင်းလဲ မမကိုပြောပြ"
သူမအားတစ်ကိုယ်လုံးခြုံကြည့်ကာ မေးမြန်းနေသောဒေါက်တာမမကို ကလေးငယ်လေးသည် ကျေနပ်စွာပြုံးပြုံးကြီးကြည့်နေလေသည်။
"ဟီးး "
"ဟော့်တော် ရယ်နေတယ်တော့ ။မမကိုဘာတွေလျှို့၀ှက်ထားသလဲပြော "
"တကယ်ကလေ.. "
"အသက် မီးလေးက ခေါင်းမကြည်ဘူးပြောတာနဲ့ ကိုခေါ်လာတာ။ နော် မီးလေး ။မမကိုသေချာပြောပြလိုက်လေ "
တစ်ချိန်လုံးငြိမ်နေသောကိုက ခုမှ စကားစသည်။
"ဟုတ်လား မီး ။ဘယ်လိုဖြစ်တာလဲကွယ် ။မေမေဆေးမတိုက်ဘူးလား "
"တိုက်ပါတယ်မမဒေါက်တာရဲ့ ။ခုနကထိတော့ ခေါင်းမကြည်ဘူး ။ခုတော့မမဒေါက်တာကိုမြင်ရလို့ကြည်သွားပြီ။ ဟီး ဟီး"
"ဟော မမကအကောင်းမှတ်လို့ ။ဒါဆိုမမကအာဘွားပေးလိုက်မယ်။ မူကြိုချိန်စတော့မယ်မလား ပြန်တော့နော်မီး "
"ဟုတ် ။အာ မဟုတ်ဘူးမမဒေါက်တာ။ မီးတို့ကဒီနေ့ ခွင့်တိုင်ခဲ့တယ်"
"ဟုတ်လား နေကောင်းရက်နဲ့ဘာလို့ခွင့်တိုင်သလဲမီး ။အိမ်ကသိလား ။ဖေဖေကောမေမေကောသိရင်မီးကိုဆူမှာနော် ။မမဒေါက်တာလဲ အဲလိုတွေမကြိုက်ဘူး "
"မီးလဲပြောပါတယ် တီလေးက..."
"အာ မီး မဟုတ်ဘူးလေ ။တော်ပြီ ။တော်ပြီ ။အသက်ရယ် မီးကိုသေချာကြည့်ပေးလိုက်ပါ ။ကုတင်ပေါ်တက်တက် မီး "
တူမငယ်ပါးစပ်အားလက်နှင့်အမြန်ပိတ်ကာ သူမတားလိုက်ရ၏။မဟုတ်လျှင် သူမလွယ်မည်မထင်။
"ကလေးကိုဘယ်လိုပြုမူနေတာလဲ ကိုရယ်။ သူပြောချင်တာလွတ်လွတ်လပ်လပ်ပြောပါစေ ။အဲလိုမျိုးပိတ်ပင်တာအသက်မကြိုက်ဘူးနော် "
အသက်ကသူမကိုအေးအေးလေးနှင့်ဆူသည်။မသိလျှင်အိမ်ထောင်ရှင်မက လင်ယောက်ျားအားဆူပူသည့်ပုံစံမျိုးနှင့်တူ၏။
"မီးလေး မမကိုသေချာပြောပြ ။ဘာလို့ဒီနေ့မူကြိုမသွားဘဲဒီကိုလာတာလဲ ။တီလေးကိုမေကြာက်နဲ့မမရှိတယ် "
တူမငယ်သည် ကို့အား သမင်ပြန်လှည့်ကြည့်သည်။မျက်နှာဇီးရွက်လောက်ဖြစ်နေသောကို့ကိုမြင်တော့သနားသွားပုံပေါ်ပါသည်။အသက်ကိုပြန်ချော့၏။
"မဟုတ်ပါဘူးမမဒေါက်တာရဲ့ ။မီးက မမကိုအရမ်းလွမ်းနေလို့ လိုက်ပို့ခိုင်းလို့ တီလေးက အဆူခံပြီးပို့ပေးရတာပါ ။တီလေးက မူကြိုကပြန်မှပို့ဖို့ပြောပါတယ် ။မီးက အရမ်းလာချင်နေလို့ပါ "
"ဟုတ်ရဲ့လား မီး ။မမကိုမညာရဘူးနော်။ မမက မီးညာရင်စိတ်မကောင်းဖြစ်မိမှာ "
"ဟုတ် ညာ၀ူး ။မမကိုမီးကချစ်တယ်လေ။ ညာ၀ူးနော် "
"ပြီးရော် ။ဒါဆိုခု မူကြိုကိုပြန်ရမယ်နော် "
"အသက်ကလဲကွာ ။မီးလေးက အသက်ကို အရမ်းတွေ့ချင်လွန်းလို့ ကို "
"ကို ကတော့မလာချင်ဘဲ လာရတယ်ပေါ့။ အဲလိုမျိုးလား "
အသက်ကထိုစကားကိုသူမကိုကြည့်ကာမချိုမချဥ်နှင့်မေးနေသည်။ရှင့်အကြောင့်ကျမ မသိရင်ခက်မယ်ဆိုသည့်အကြည့်မျိုးပင်။
"ဟီး ကိုလဲ လာချင်လို့လေ။ မီးကလဲ လာချင်တယ်လေ ။အဲတော့ ကို တို့တူ၀ရီးနှစ်ယောက်လုံးလာကြတယ်လေ "
"သြော့် သြော်။ အတော်တတ်နေတယ်ပေါ့ ။ဟုတ်လား သရဖီကို "
"အ အားးး ။မီးလေး တီလေးကိုကူပါအုံး။ အ ့ ။နာတယ်အသက်ရ အားး "
"နာနာပေါ့ ။ကလေးကလမ်းမှားနေရင်တောင်ရှင်ကလမ်းမှန်ကိုပို့ပေးရမယ့်ဥစ္စာကို ။ ရှင်ကအတတ်ကောင်းတွေသင်ပေးနေတာပေါ့ ။ကဲ ...ကဲ"
"အ အားးး မီးလေးရေ ။ညီမလေး ကူပါအုံး "
"ဟားးးဟားးး ။တီလေးပြေးပြီ။ ဟားဟားး "
အသက်ကပြောရင်းဆိုရင်း သူမဗိုက်ခေါက်ကိုအားကုန်လိမ်ဆွဲလိုက်သည်မို့ ကို့မှာ ရုတ်တရက် ရှောင်ချိန်ပင်မရလိုက်ပါ။
အရမ်းကြီးမနာသော်လည်းသူမ ဟန်ဆောင်ကာအော်၍အခန်းထဲပတ်ပြေးနေမိသည်။ဒါကိုပင် မီးလေးကအတော်သဘောကျနေပုံပေါ်ပါသည်။ကုတင်ပေါ်မှသူမကိုလက်ညိုးထိုးကာ အားရပါးရရယ်နေလေသည်။

YOU ARE READING
ရင်ခွင်ဦး
عاطفيةချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။