part 3

4.2K 148 1
                                        

ဖြေဆိုပြီးကျောင်းပေါက်၀မှထွက်စောင့်နေသည်အထိကို့ကားလေးပေါ်မလာသေး။
အသက်ဟိုဟိုဒီဒီကြည့်ရင်းကားအလာကိုစောင့်နေမိသည်။အသက်စိတ်နဲ့ဆိုအိမ်ကိုပြန်နှင့်နေပြီ။လာကြိုလှည့်မယ်လုံး၀တစ်ယောက်တည်းမပြန်နဲ့ဟူသည့် ကို့အမိန့်ကြောင့်သာ။မိဘများအစီရီလာကြိုကြသည့်ကျောင်းရှေ့၀ယ်သူမတစ်ဦးတည်း။ဖေဖေ့ကျန်းမာရေးအခြေနေအရ မေမေသည်လာမကြိုအားပါ။ကိုကသူ့တာ၀န်ထားဟုဆိုကာ လာမကြိုခိုင်းခြင်းးကြောင့်လဲပါပေမည်။လူအုပ်ကြားထဲ သူမကိုလာကြိုမည့်မိဘမရှိ ။ကို....သာ....။
မကြာမီ ကို့ကားလေးတရွေ့ရွေ့ချီတက်လာသည်ကိုမြင်ရသည်။၀မ်းသာအားရကားနားသို့အပြေးသွားကာ။
"ကို့ "
ကိုပါသည်အထင်နှင့် အသံထွက်ကာချွဲနွဲ့စွာခေါ်မိသည်။ကားသမားဦးကြီးက သူမကိုကားတံခါးဆင်းဖွင့်ပေးသည်။
"ဦးလေး ။ကို မပါဘူးလားဟင် ။ကို့ကိုအရင်သွားမကြိုဘူးလား"
"ဒီနေ့သမီးသရဖီ ကိုမမကြီးလာကြိုသွားတယ်သမီးရဲ့။ သမီသရဖီက သမီးလေးသက်ကို အိမ်သေချာပြန်ပို့ဖို့မှာထားလို့ ဦးလေးလာကြိုတာ "
"သြော် "
ထိုစကားမှလွဲ၍အသက်ဘာမှထပ်မဆိုမိ။ဒီနေ့ကိုနဲ့ထပ်မတွေ့ရတော့ဘူးပေါ့။ကျောင်းတက်ချိန်များကသာ အတူတူရှိကြပေမဲ့ စာဖြေရက်နီးကတည်းကကိုနဲ့နေ့တိုင်းမတွေရတော့။ကို့မေမေ့က ကို့ကိုအထူးမျှော်လင့်ထားသည်ဟုဆိုသည်။အိမ်တွင်အထူးဂိုက်များ ဆရာများနှင့်သင်ကြားပေးသလို အသက်လဲ ​ေမမေ့အကူညီနဲ့ စာကိုလုံးပန်းနေရတာပါပဲ။မေမေကတော့ ဆေးရုံသွားလိုက်။ ပြန်လာရင်စာပြလိုက်နှင့် အရမ်းပင်ပန်းခဲ့သည်။ဖေဖေကလဲ ခုတခါ အရမ်းကြာတာပဲ ။ဟိုတခါအသက်သွားတွေ့တုန်းကတော့ ဘာမှမဖြစ်ဘူးဆိုပြီး ခုထိမဆင်းလာသေး။အိမ်ရောက်မှမေမေ့ကိုသေချာမေးကြည့်ရမည်။
"ကျေးဇူးတင်ပါတယ် ဦးဦး "
"နောက်နေ့တွေအတွက်ကြိုးစားလိုက်ပါအုံးသမီးရေ"
"ဟုတ် "
ကားသမားဦးကြီးကိုနှုတ်ဆက်ပြီးခြံထဲသို့၀င်လာခဲ့သည်။
"မေမေ..။.မေမေ့ "
အိမ်ထဲ၀င်ရှာသော်လဲမရှိ။မေမေခုချိန်ဆေးရုံကပြန်လာပါပြီ။
"ဒေါ်လေးငယ် ။မေမေခုထိပြန်မလာသေးဘူးလားဟင်"
အိမ်ဘေးမှ ဒေါ်လေးငယ်အားလှမ်းအော်မေးရသည်။
"ဟော သမီး သက်ကလေးပြန်ရောက်ပြီလား။ဖြေနိုင်ရဲ့လားကွယ် ။မနီခုထိပြန်မလာသေးဘူးသမီးရဲ့ ။မနက်ကတည်း သမီးပြန်လာရင် စာကြည့်နေနှင့်ဖို့မှာထားတယ်။ ဒီနေ့နောက်ကျမလားမသိဘူးကွဲ့"
"သြော် ။ဟုတ်ကဲ့ဒေါ်လေး ။ဒါဆိုသမီးမေမေ့ကိုထမင်းစားမစောင့်တော့ပါဘူး"
"အေးကွယ် ။ဟင်းမရှိရင် ဒေါ်လေးငယ်အိမ်မှာ လာစားလှည့်နော်သမီးလေး"
"ဟုတ်ကဲ့ "
အ၀တ်စားလဲပြီးမနက်ကအကျန် ငါးသလောက်ဆီပြန်နဲ့ငပိရည်တို့စရာဖြင့်သာစားလိုက်သည်။ဖေဖေ့ကိုလွမ်းလိုက်တာ ။ခုရက်တွေဖေဖေနဲ့ထမင်းလက်ဆုံမစားရတာကြာပြီ။စားပြီးတရေးအိပ်။ရေချိုးကာ စာပြန်ကြည့်ရသည်။မေမေ မရှိလဲ အသက်တစ်ယောက်တည်းစာကြည့်ရပါသည်။ပြန်နွှေးရုံဆိုတော့ ကိစ္စမရှိ။ကို့ကိုလွမ်းလိုက်တာ ။ဖုန်းဆက်ချင်ပေနဲ့လမ်းထိပ်ထွက် ရအုံးမည်။အချိန်မပေးအား ။ကို လဲအားမှာမဟုတ်ပါဘူးလေ။

ရင်ခွင်ဦး Where stories live. Discover now