part 4

1.3K 44 0
                                    

ထိုရက်တွေကအဖြစ်ပျက်များသည်မြန်ဆန်လွန်းလှပါသည်။ဖေဖေ့အခြေနေကြောင့်သူမကိုနှင့်မတွေ့ဖြစ်တော့ပါ။ကိုသည်လဲ သူမ ထံသို့ပေါ်မလာပါချေ။စာမေးပွဲပြီးသည်နှင့်ကို့ဆီသွားလည်အုံးမည်ဟု တေးထားသော်ငြား မေမေသည် တပတ်အတွင်းနယ်ပြန်မှရမည်ဆိုကာ ချက်ချင်းနယ်ပြန်ဖို့စီစဥ်၍သူမတို့မိသားစုနယ်ကိုပြန်ပြောင်းရသည်။ထိုကတည်းက သူမနှင့်ကိုတို့ ​ေ၀းခဲ့ကြသည်မှာမနေ့ကအထိပင်ဖြစ်ပါသည်။ယနေ့တော့ကိုသည် ဆိုက်ဆိုက်မြိုက်မြိုက်သူမဆီသို့ရောက်လာသည်။  ကိုသည် သူ့ကိုနှုတ်မဆက်ဘဲနယ်ပြန်သွား၍စိတ်ဆိုးနေတာဖြစ်နိုင်သည်။ဒါမှမဟုတ် သူ့ကို လေဆိပ်တောင် လိုက်မပို့ဘဲနေနိုင်လွန်းသည်ဟုထင်၍စိတ်ဆိုးကောင်းဆိုးနိုင်သည်။သို့မဟုတ်လဲ ထိုရက်ကတည်းကသူ့ဆီမဆက်သွယ် ၍စိတ်ဆိုးစိတ်ကောက်နေတာလဲဖြစ်နိုင်ပါသေးသည်။မည်သို့ပင်ဆိုစေကာမူ သူမ ကို့ကိုချော့ပါမည်။ကို့ကို ချော့မော့၍ ထိုရက်များက ပင်ပန်းခဲ့ကြောင်းပြောပြပါအုံးမည်။

"သမီးလေးး ရေချိုးတာကြာလိုက်တာကွယ် အအေးပတ်မယ်"
အို....ဟုတ်သားပဲ ။သူမရေချိုးနေတုန်းအတိတ်ကိုအာရုံရောက်သွားတာပဲ။
"ဟုတ်ကဲ့မေမေ ပြီးပါပြီ"
မေ့မေကိုပြန်ဖြေအလျှင်အမြန် အ၀တ်စားလဲရသည်။ညစာစားတော့အတွေးလွန်ခြင်းအကျိုးဆက်သည်စတင်ပြသလေသည်။
"ဟတ်...ချိုးးး "
"ကဲ ခုတော့ဖြစ်ပြီမလား ဘာတွေများလုပ်နေလို့အဲ​ေလာက်ကြာနေရတာလဲအေ ညည်းကလေးလဲဟုတ်တော့ဘူး"
မေမေသည် သူမကိုစိတ်ပူသည်ကတစ်ကြောင်း အပြစ်တင်ကာထုံးစံအတိုင်းပွစ်ိပွစိနှင့်ဓာတ်ပြားဟောင်းဖွင့်လေသည်။
"ဟုတ်ကဲ့ပါမေမေရဲ့ သမီးဆေးကြိုသောက်လိုက်ပါ့မယ်"
မေမေသည် ကိုယ်ပူစမ်းကာ ညကျတစ်ခုခုဆိုလာနှိုးဖို့။ဆေးသေချာသောက်ဖို့ တတွတ်တွတ်ပြောဆိုနေပြန်သည်။
အသက်မှာပြုံး၍ ဟုတ်ကဲ့ပါ မနက်ကျ ဆေးခန်းထိုင်နိုင်စေပါ့မယ် ဂရုစိုက်ပါ့မယ်ဟု ကတိက၀တ်ပြုမှ အခန်းထဲ၀င်သွားလေ၏။

ညပိုင်းတွင်းအနည်းငယ်အဖျားတက်သော်ငြားသူမ မနက်ခင်းတွင်ဆေးခန်းထိုင်ရန်ထွက်လာခဲ့မိသည်။
သို့သော် ။
" ဟတ် ချိုးးး "
"ဟတ် ..ဟတ်ချိုးးး "
ဆေးခန်းစထိုင်ရုံရှိသေးသည်သူမ၏ခန္ဓာကိုယ်သည်မူမမှန်တော့ကြောင်းစတင်ပြသလေသည်။
"ဒေါက်တာ နေမကောင်းရင်နားလိုက်ပါလားဒေါက်တာရယ် မိုးပွင့်ရှိနေတာပဲကို "
"ရပါတယ် မိုးပွင့်ရဲ့ မမဆေးကြိုသောက်လာတယ် ခဏဆိုသက်သာသွားမှာ "
သက်သာမှာဟုပြောနေသော်ငြား မူမမှန်တော့သည်ကိုသူမကိုယ်သူမ သိနေသည်။တကိုယ်လုံးထူပူလာကာ ရှိန်းတိန်းတိန်းနှင့်တုန်ရီချိနဲ့လာသည်။ထိုင်နေရင်းပင် ခေါင်းများကတစ်ဆစ်ဆစ်ထိုးကိုက်လို့နေချေသည်။
"ဒေါက်တာရယ် ရတာသေချာရဲ့လား ဒီနေ့စနေဆိုတော့ ဒေါက်တာမိုးညိုဆေးရုံကoffတယ်လေ ဒေါက်တာနားချင်ရင် သူ့ကိုခေါ်ပေးရမလား"
"အင်းအင်း မိုးညိုနဲ့မတွေ့ရတာတောင်ကြာပြီ ဒါဆိုလဲခေါ်လိုက်ပါကွယ် မမခဏလောက်နားမှထင််တယ်"
မိုးပွင့်အားလက်လွှဲကာ ဆေးတစ်လုံးထပ်သောက်။နားနေးခန်းထဲမှေးရသည်။
"မမ မမသက် နိုးပြီလား ခုထိအဖျားကမကျဘူးအိမ်ပြန်မလားဟင်"
မည်မျှအိပ်ပျော်သွားသည်မသိ မိုးညိုခေါ်မှ သတိကပ်သည်။
"အင်း မောင်လေးရောက်ပြီလား"
"ဟုတ်ကဲ့မမ ကျွန်တော်ဖြင့်ကြားကြားချင်းစိတ်ပူသွားတာမမရယ် မမက ဖြစ်ခဲတယ်လေ ဖြစ်မိရင်လဲ.."
" မိုးညိုရယ် စကားတွေရှည်လိုက်တာ မမအဲသလိုထပ်မဖြစ်တော့ပါဘူး ကဲကဲမမကိုထူပါအုံးအိမ်ပြန်မှဖြစ်တော့မယ်ထင်တယ်"
မိုးညိုစကားကိုဖြတ်ကာသူမစကားလမ်းကြောင်လွှဲမိသည်။
"ကျွန်တော်လိုက်ပို့မယ်နော်မမ "
"အမလေး ရပါတယ်ငါ့မောင်ရယ် မမလမ်းလျှောက်ပြန်နေကျ ဘာမှ​ေ၀းတာလဲမဟုတ်ဘူး မိုးပွင့်ရေ လာပါအုံးကွယ် "
မှာစရာရှိသည်များကိုမှာကြားပြီးထ အရပ်။
အို...။
"ဟာ မမ !"
"ဒေါက်တာ !"
အာမေဋိတ်သံများမဆုံးလိုက်ပါ။သူမ၏ခန္ဓာကိုယ်လေးသည်ရုတ်ချည်းပျော့ခွေယိုင်ကျသွားလေပြီ။
"မမရယ် ထိုင်ပါအုံး ကျွန်တော်ပဲလိုက်ပို့ပါ့မယ် ခဏစောင့်နော် လိုအပ်တာယူပြီးအိမ်ပြန်ကြမယ် "
သူမခေါင်းပဲညိမ့်ပြနိုင်တော့သည်။တကိုယ်လုံးထူပူပြီးခြေဖျားလက်ဖျားများအေးစက်ကတုန်ယင်နေသည်။ကားပေါ်သို့ မိုးညိုကိုယ်တိုင်ချီခေါ်မ တင်ပေးသည်။မိုးခွင့်ခမျာမှာလဲ ပျာပျာသလဲလဲ ဆေးအိတ်ကိုင်ကာလိုက်ရှာသည်။ဒီနေ့တော့ဆေးခန်းပိတ်ရတော့မည်။သူမအသိစိတ်ထဲ အတွေးများဟိုဒီပြေးလွှားနေသည်။

ရင်ခွင်ဦး Where stories live. Discover now