"ဟော မောင်မိုးညိုကောပါလာတာလား လာလာကလေး "
မိုးညိုရောက်လာသည့်တိုင်အသက်သည်စိတ်ပြေပုံမရသေးပါ။သူမကို မျက်ထောင့်နီနီနှင့်ကြည့်နေဆဲဖြစ်ပါသည်။
"မမ ကျွန်တော်နည်းနည်းကြာသွားသလား "
"ကြာတယ် မိုးညို ။မင်း သိပ်ကြာတယ် "
သူမဒေါသတို့သည်အရှိန်မပြေစွာမိုးညိုအပေါ်ပုံချသည်။မိုးညိုခမျာ ဘုမသိဘမသိနှင့်။
"မသရဖီကိုလဲ အန်တီ့ဆီလာတာလား "
မိုးညိုကတမင်သက်သက်စကားလမ်းကြောင်းလွှဲသည်။
"ဒီလိုပါပဲ မိုးညိုရယ်။ ရှင့်ကိုလဲဒီမှာပဲတွေ့နေရတယ်နော် "
"ဘာဖြစ်လဲ။ မိုးညိုက လာနေကျလူပဲဥစ္စာ "
ကို့စကားကိုအသက်က ပက်ခနဲပြန်ပြောသည်။
"ခွီးးး"
ကို စိတ်မထိန်းနိုင်စွာ ရယ်မိသည်။အသက်ဒီနေ့ စွာနေပါ့လား။
"ဘာ ရယ်တာလဲ။ မရယ်နဲ့ "
သူမမျက်နှာပိုးကိုပြန်သပ်ရသည်။အန်တီကတော့ ပြုံးပြုံးကြီးကြည့်နေရှာသည်။မိုးညိုလည်း ထူးဆန်းသလို အသက်ကိုကြည့်နေသည်။အဘယ့်ကြောင့်ဆိုသော် သူ့ဘ၀တွင် မမသက်နှင့်ရှိခဲ့သည့်ကာလတစ်လျှောက်လုံး ဤကဲ့သို့သောအပြုမူမျိုးတစ်ခါမှမမြင်ဖူး၍ဖြစ်လေသည်။
"မောင်လေး မမရေချိုးအုံးမယ်ကွယ်နော် ။ခဏစောင့်ပေး ။ဟုတ်ပြီလား "
"ဟုတ်ဟုတ် မမ "
အသက်သည်ချက်ချင်းပင်မိုးညိုဘက်လှည့်ကာ ချိုသာလှသောစကားများနှင့်ဧည့်ခံသည်။ခုနကသူမကိုရန်လိုနေသော အသက်ဘယ်ရောက်သွားသည်မသိပါ။
"ကဲ သားတို့သမီးတို့ ခဏထိုင်ကြအုံးနော် ။ဒေါ်လေး မင်းတို့အတွက်ပါ ထမင်းချက်အုံးမယ်။ နှစ်ယောက်လုံးစားပြီးမှပြန်ကြရမယ်နော် "
"ဟုတ်ကဲ့ဒေါ်လေး ""ဟုတ်ကဲ့အန်တီ "
စကားနှစ်ခွန်းသည် အနည်းငယ်ခြားစွာထွက်ပေါ်လာသည်။ကိုငြင်းမလို့ပါပဲ။မိုးညိုမှမငြင်းတာ ။သူလဲအသက်နဲ့အတူတူထမင်းပြန်စားချင်တာပေါ့။အားနာ၍သာငြင်းမည်ပြုတာ။သူမှစားရင် ကို လည်း စားမည်။
"မသရဖီကို ဒီကို ဘာကိစ္စ "
မိုးညိုကအလိုက်မသိစွာ ထိုမေးခွန်းကိုမေးသည်။အဲစကားသူမလည်းပြန်းမေးသင့်သည်မလား ဒါပေမဲ့မမေးဖြစ်ပါ။
"အင်း ဒီလိုပဲလို့ပြောပြီးပြီလေ "
" အန်တီမေမီကောနေကောင်းရဲ့လား ။ကျွန်တော်မေးတယ်ပြောပေးအုံးနော် "
"ရှင်က တီဆွေ့သားကောဟုတ်ရဲ့လား "
"ဗျာ ဘာလို့လဲ "
"မသိဘူး ။ ဒီ့တိုင်းမေးတာ "
".... "
မိုးညိုသည် ဘာပြန်ပြောရမယ်မသိ။မမသက်ကော သရဖီကိုကော ဒီနေ့ထူးဆန်းနေကြသည်။
"ရှင့်ကိုကျမပြောစရာရှိတယ် "
"ဟုတ်ကဲ့ ပြောပါ "
" ကျမနဲ့ ဒေါက်တာဖြိုးသက်ထက်ဇော်က ....."
' ဒီးး...ဒီး... ဒီးးး ´
၀င်လာသောဖုန်းကြောင့်ပြောလက်စ စကားရပ်တန့်သွားသည်။
"ဟုတ်ကဲ့မေမေ အိမ်ပြန်နဲနဲနောက်ကျမယ်နော်။ ညစာလည်းအပြင်မှာပဲစားခဲ့တော့မှာ "
"..... "
"မိုးညိုနဲ့မေမေ။ မိုးညို မေမေ့ကိုနှုတ်ဆက်လိုက်ပါအုံး "
သူ့ဘက်သို့ဖုန်းကိုလှမ်းရင်း ပြောလာသောသရဖီကိုကြောင့် အခန်းထဲမျက်စိကစားနေသောမိုးညိုရုတ်ချည်းနှုတ်ဆက်ရသည်။
"ဟုတ်ကဲ့အန်တီ ကျွန်တော်မိုးညိုပါ "
"...."
"ဟုတ်ကဲ့ စိတ်ချပါခမျာ "
"တွေ့လားညာနေတာမဟုတ်ပါဘူးဆို ။ ဖုန်းချပြီနော် "
နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အလိုလိုရယ်မိကြသည်။
"ဘာတွေရယ်နေကြသလဲ "
နားထင်စပ်များကို တဘက်ဖြင့်သုတ်ရင်းအသက်ကလှမ်းမေးသည်။ ရေချိုးပြီးကာစ ဘာမှမလိမ်းခြယ်ဘဲတောင် အသက်မျက်နှာလေးသည် ချော့မွတ်ကာကြည်လင်နေသည်။
"မမနည်းနည်းကြာသွားတယ်ကွယ်။ ပျင်းနေသလားမောင်လေး "
အသက်ကသူမကိုမရှိသည့်လူတစ်ယောက်လို မိုးညိုကိုသာအာရုံထားသည်။
"မကြာပါဘူးမမသက်ရဲ့။ ဒီမှာမသရဖီကိုလဲရှိတော့ စကားပြောဖြစ်နေတာ "
ထိုအခါမှသူမကိုအသက်ကမြင်သလိုကြည့်သည်။
"မပြန်သေးဘူးလား ရှင်က "
ကိုယ့်ကိုယ်ကိုပြန်ပြီးလက်ညိုးထိုးယူရလောက်အောင်အထိ ကို အံ့သြမှင်တက်မိပါသည်။လူနှစ်ယောက်ရှိနေသည်ကို တစ်ယောက်ကို အရေးတယူစကားပြောပြီးကျန်တစ်ယောက်ကိုနှင်လွတ်နေတာတော့ အသက်မတရားပါလေ။
"ရှင့်ကိုမပြောလို့ မိုးညိုကိုပြောတာဖြစ်မလား "
"ဒေါ်လေးက နှစ်ယောက်လုံး ညနေစာစားပြီးမှပြန်လို့ပြောထားတာမမသက်ရဲ့ "
"မိုးညို ။ မင်းက သူ့ဘက်ကလား မမဘက်ကလား "
ဆတ်ခနဲလှည့်ပြီးအကူခေါ်နေသောအသက်ကိုမိုးညိုကပြူးကြည့်သည်။
"မ မမဘက်ကပေါ့မမရဲ့ "
"ဒါဆိုဘာလို့ သူ့ဘက်ကချည်း ကာစီးကာစီးပြောပေးနေတာလဲ "
"အသက်အဲလောက်တောင် ပြန်စေချင်နေရင် ကို ပြန်ပါ့မယ်။ မိုးညို ကျမကို ခွင့်ပြုပါအုံး"
စားပွဲပေါ်မှ ကားသော့ကိုယူကာ ကို အလောတကြီးထထွက်ခဲ့မိသည်။သူမအခြေနေသည် ဤမျှဆိုးရွားနေသည်လား။ကားကိုအမြန်မောင်းကာ ကို့ယ်ကိုယ်ကို ဒေါသထွက်နေမိသည်။မျက်လုံးအိမ်မှမျက်ရည်များသည်လည်း ပါးပြင်သို့ အတားစီးမဲ့စီးဆင်းလာသည်။

YOU ARE READING
ရင်ခွင်ဦး
Romanceချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။