ဟော်တည်ခန်းထဲ၌ လူးလိမ့်ရင်းညတာရှည်ကို သူမဖြတ်သန်းနေရ၏။ တချက်ချက် အိပ်ပျော်သွားသော်ငြားအိပ်မက်ဆိုးများနှိပ်စက်မှုကြောင့်လန့်လန့်နိုးလာသည်။ ဟူးးးး။
စားပွဲပေါ်က ရေဘူးကိုဖွင့်ရင်း သောက်နေကျ အိပ်ဆေးတစ်လုံးကိုထပ်ေမာ့လိုက်၏။ အစောပိုင်းကတည်းကသောက်နှင့်ပြီးသားဆိုသော်ငြား စိတ်အလိုလိုက်ကာထပ်သောက်မိပြန်သည်။ မိုးညိုသိလျှင် ဆူလိမ့်မည်။ ကို ကကော ။
"ကို "
နှုတ်မှ တီးတိုးရေရွတ်လျက်ကို့ ကို တောင့်တမိပြန်သည်။
ဟင်းးးး။
ငုတ်တုတ်ထိုင်လျက်သား ဖုန်းကိုကောက်ဖွင့်ကြည့်မိ၏။မနက်ကြီး၁နာရီတီးတော့မည်။
ဖုန်းထဲက ရောက်တတ်ရာရာ သီချင်းတစ်ပုဒ်ကောက်ဖွင့်လိုက်၏။
သီချင်း တီးလုံးသံကြားသည်နှင့် စာသားများခေါင်းထဲပေါ်လာသည်။ ဗဒင်ရဲ့ နေရာ(၂ ) ဖြစ်၏။"ရောက်လာချိန်မှာတော့အဆင်သင့်ဖြစ်အောင် အမြဲတမ်းပဲရှင်းလင်းထားပါတယ်......ေ၀းနေပါသော်လည်း မျှော်လင့်ဆဲပါ ပြက္ခဒိန်စာရွက်များ တစ်ရွက်စီလွန်ပေမဲ့ မင်းအတွက်ရင်မှာ တစ်နေရာစာကိုယ်ဦးထားတယ် အိုးးး အချစ်ရေ...."
ဗဒင်ရဲ့ညှင်းသွဲသွဲအသံသည် နားထဲတိုး၀င်လာ၏။ဤသီချင်းအား အဆိုကျော် Rဇာနည် ပြန်လည်သီဆိုထားတာရှိသေး၏။သို့သော် သူမဖုန်းထဲတွင်တော့မရှိ။ကြားဖူးတာဖြစ်သည်။ဖေဖေရှိကတည်းက ကက်စက်နှင့်ဗဒင်သီချင်းများစွာကိုနားထောင်ခဲ့ရ၍လားမပြောတတ်ပါ ။ ခေတ်ပေါ်အဆိုကျော်သီချင်းများကို သူမနားထဲမ၀င်ဆန့် ။ အများအားဖြင့်ရှေးသီချင်းများသာ သူမဖုန်းထဲရှိတတ်၏။ မာမာအေး၊ခင်မောင်တိုး၊စိုင်းခမ်းလိတ် စသည့် အဆိုကျော်များလဲရှိ၏။အထူးသဖြင့်လွှမ်းမိုးနှင့်ဗဒင်သီချင်း များသာနေရာယူထား၏။သီချင်းကိုတိုးတိုးလိုက်ငြီးရင်း ကို့ အတွက် အမြဲရှင်းလင်းထားခဲ့သောနေရာ လေးအားလက်ဖြင့်ဖွဖွထိကပ်မိသည်။
အင်းးး။ ကိုနဲ့နီးနီးကပ်ကပ်နေတုန်းကလို အကျယ်ကြီးမခုန်တော့ဘူးပဲ။ ကိုယ့်အတွေးနဲ့ကိုယ်ပြုံးကာ ကုတင်ပေါ်ပြန်လှဲ၏။

YOU ARE READING
ရင်ခွင်ဦး
Romanceချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။