အစကတော့တော့သူမစိတ်ရှုပ်ရုံသာ ခုတော့ ရူးပါရူးချင်သွားသည်။
"ဘယ်လိုစိတ်မျိုးနဲ့ခုလိုပြောထွက်ရသလဲမိုးညို ဟမ် မမကအဲလောက်တောင်တန်ဖိုးမဲ့နေသလား ဖြေစမ်းမိုးညို "
"အသက် ထင်သလိုမဟုတ်ပါဘူးအသက်ရဲ့ ကိုကော မိုးညိုကော အသက်ကိုမေတ္တာစစ်မေတ္တာမှန်နဲ့ချစ်ကြတာပါ အသက်ကို ပေါ့ပေါ့တန်တန်သဘောမျိုးနဲ့ ပြိုင်လုတဲ့အခြေနေမျိုးမဟုတ်ပါဘူး "
"ဟုတ်ပါတယ်မမသက်ရယ် ကျွန်တော်တို့နှစ်ယောက်လုံး မမသက်ရွေးချယ်မှုကိုလက်ခံလိုက်နာကြမှာပါ မမသက်ဘယ်သူ့ကိုရွေးရွေး မမဆန္ဒပါ "
"သြော့် ဒါဆို ကျမကရှင်တို့နှစ်ယောက်လုံးကိုမရွေးချယ်ဘူးဆိုရင်ကော "
သူတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်။
"လက်ခံပါတယ် မမသက်ပျော်မယ်ဆို အကုန်လက်ခံမှာပါ "
ကိုကလဲသဘောတူညီစွာ ခေါင်းကိုတစ်ဆတ်ဆတ်ညိမ့်ပြသည်။
မိန်းကလေးတစ်ယောက်ကို အပြိုင်ပိုးပန်းဖို့ သူတို့ဘယ်လိုစိတ်ကူးနဲ့သဘောတူညီနေတာလဲ။သူမအနေနဲ့ရော ဘယ်လိုမျက်နှာနဲ့ရှေ့ဆက်ရမလဲမတွေးမိကြဘူးလား။
စိတ်ညစ်စရာပါပဲ။မဖြစ်ဘူး လုံး၀မဖြစ်ဘူး။သူတို့မပိုးပန်းခင် သူမရှက်လို့စိတ်ညစ်ပြီးသေနိုင်တယ်။
"ပယ်ချတယ်! "
"ဟမ် "
"ဗျာ "
"မင်းတို့နှစ်ယောက်လုံးကိုပယ်ချတယ်လို့ ကဲ အပြင်ထွက်ကြပါတော့ ကလေးတွေလာရင် ရှုပ်ရှုပ်ရှက်ရှက်ဖြစ်မယ် သွားသွား "
နှစ်ယောက်လုံးကို အခန်းထဲမှတွန်းထုတ်ကာသူမမောင်းထုတ်မိသည်။ဟူးးးးစိတ်ညစ်စရာပဲ။မိုးညိုဟာလဲ အလိုက်သိတယ်မှတ်တာ ။တကယ်ကိုအလိုက်မသိပါလေ။ကိုကကော ။ဘာသဘောနဲ့ မိုးညိုကိုခွင့်ပေးရတာလဲ။သူမသဘောထားကိုမသိလေရော့သလား မသိချင်ယောင်ဆောင်နေတာလား။ခုမှအရမ်းသူတော်ကောင်းဖြစ်ပြနေလိုက်တာ။
"ဒေါက်တာ "
"အင်း မိုးပွင့် "
"လူနာရောက်ပါပြီ "
"အေးအေး ၀င်လာခိုင်းလိုက်ကွယ် "
မိုးပွင့်ကမ၀ံ့မရဲပြုံးကာပြန်ထွက်သွား၏။ခုနကအကြောင်းတွေသူလေးကြားချင်ကြားရော့မည်။မိန်းမတစ်ယောက်ဟာလူသိရှင်ကြားလိုက်လံပိုးပန်းခံရတာလောက်ရှက်စရာမရှိတော့။မိုးညိုနဲ့ကို မလို့ပေါ့။တစ်ပါးသူသာဆို သူမ ဘာလုပ်မိမယ်မသိ။
![](https://img.wattpad.com/cover/373451587-288-k454883.jpg)
YOU ARE READING
ရင်ခွင်ဦး
Romanceချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။