part 14

498 27 0
                                    

"သား ဒီနေ့ဆေးရုံမသွားဘူးလား "
အိမ်ပြန်ရောက်ရောက်ချင်းဧည့်ခန်းတွင်ထိုင်ကာစာဖတ်နေသောဒယ်ဒီကစကားစသည်။
"သား ချိန်းထားတာရှိလို့ဒယ်ဒီ ဒယ်ဒီကောဒီနေ့ရုံးချိန်းမရှိဘူးလား "
"အေးကွ မနက်ပိုင်းနဲ့တင်နားလို့ ပြန်လာတာ "
ဆိုဖာတွင်၀င်ထိုင်ကာဒယ်ဒီ့မျက်နှာကိုလေ့လာရသည်။
"ပြောစရာရှိလို့လား သား "
ဒယ်ဒီကစာအုပ်ကိုဖတ်ရင်းမှသူ့ဘက်ကိုမကြည့်ဘဲမေးသည်။
"ဟိုလေ ဒယ်ဒီ "
"ပြောစရာရှိတာကိုရဲရဲသာပြောငါ့သား ဒယ်ဒီ သားပြောသမျှကိုအကုန် နားထောင်ပေးမယ် "
"အန်တီမေမီ့သမီးနဲ့ကိစ္စကိုဒယ်ဒီသိပြီးသားလား "
"အင်း သားမာမီကတော့ပြောပါတယ် သားတို့ချင်းတောင်ရင်းနှီးနေပြီဆို ဘာလဲ ဒယ်ဒီ့ကိုမိန်းမလိုက်တောင်းခိုင်းတော့မလို့လား "
"အာ မဟုတ်တာ သားမေးချင်တာလေးရှိလို့  "
"အွန်း "
"တကယ်လို့သားနဲ့သရဖီကိုက တစ်ယောက်နဲ့တစ်ယောက်မိတ်ဆွေအဖြစ်နဲ့နေကြတယ်ဆိုရင် ဒယ်ဒီဘယ်လိုပြောမလဲ "
"ဟေ သားတို့ကအချိန်တန်လက်ထပ်ကြမှာမဟုတ်ဘူးလား "
ဦးခန့်ညို မသိသလိုမေးလိုက်သည်။
"သားသိချင်တာလဲအဲတာပဲဒယ်ဒီ မချစ်မနှစ်သက်ပဲ လက်ထပ်တာသဘာ၀ကျရဲ့လားလို့လေ ဒယ်ဒီကောမာမီ့ကိုမချစ်ဘဲအချိန်တန်ချစ်သွားမှာပါဆိုပြီးလက်ထပ်ခဲ့သလား "
"အေး ဒယ်ဒီတို့က သိပ်ချစ်ကြလို့ မိဘတွေသဘောမတူတာတောင် ရအောင်ခိုးပြေးခဲ့ကြတာလေ "
"ဒါဆို သားမချစ်တဲ့သူကိုရော သားကိုအတင်းလက်ထပ်ခိုင်းမှာလား "
"သားက အဲက​ေလးမလေးကိုသဘောမကျလို့လား "
"မဟုတ်ပါဘူးဒယ်ဒီ "
"ဒါဆို သားမှာရည်ရွယ်သူရှိနေလို့လား "
"ပြောရမှာတော့ခပ်ခက်ခက်ဒယ်ဒီရဲ့ ခုလောလောဆယ်တော့သားလဲသေချာမပြောနိုင်သေးဘူး ဒါမဲ့ သေချာတာတစ်ခုကတော့သားလဲသူ့ကိုအိမ်ထောင်ဘက်အဖြစ်လက်မထပ်နိုင်သလိုသူကလဲသားကိုလက်ထပ်မှာမဟုတ်ဘူး "
"ဟာ ဒါဆိုသားတို့ နေ့တိုင်းတွေ့နေကြတာပွင့်ပွင်လင်းလင်းပြောပြလေ "
"သားမာမီ့ကိုဘယ်တုန်းကမှမလွန်ဆန်ခဲ့ဘူးလေဒယ်ဒီ ကြိုးလဲမကြိုးစားဖူးဘူး ခုလိုငြင်းပယ်ရတာကလဲ သားတို့နှစ်ယောက်လုံးတစ်ယောက်နဲ့တစ်ယောက်မချစ်ကြတဲ့အပြင် ရည်ရွယ်သူတွေကိုယ်စီရှိနေကြတယ် "
"ငါ့သားရဲ့ရည်ရွယ်သူကဘယ်သူလဲ ဒယ်ဒီတော့ သားကို တစ်ခါမှ မိန်းကလေးတွေနဲ့မမြင်ဖူးဘူးနော် "
"ဒယ်ဒီသိပါတယ် သားဆေးတက်တုန်းကဒယ်ဒီတစ်ခါမြင်ဖူးတယ်လေ "
ဦးခန့်ညိုအပြေးလွှားစဥ်းစားရသည်။
"ကြာပြီဆိုတော့မမှတ်မိတော့ဘူးကွယ်"
"ဘယ်လိုဖြစ်ဖြစ်ပါ ငါ့သားရွေးချယ်ထားတဲ့မိန်းကလေးဟာ ပေါ့ပေါ့တန်တန်လူမျိုးမဟုတ်တာဒယ်ဒီယုံကြည်တယ် "
"ကျေးဇူးပါဒယ်ယ်ဒီ မာမီ့ကိုသေချာနားလည်အောင်ဖျောင်းဖျပေးပါအုံး "
"ဟားး အလကားတော့မရဘူးနော် တန်ရာတန်ကြေးဘာပေးမလဲ "
""ဒယ်ဒီဖြစ်စေချင်တာပြောရတယ် "
"ဟုတ်ပြီကွာ စိတ်ထဲမထားနဲ့တော့ ဒယ်ဒီကြည့်ပြောလိုက်မယ် သားသာ ရည်ရွယ်သူကိုအိမ်ခေါ်နိုင်ဖို့ကြိုးစား "
ရက်စ်။မိုးညိုအပျော်တပိုင်းနဲ့ အခန်းထဲ၀င်ခဲ့သည်။
သူ့ဘက်မှအဆင်ပြေပြီ။မမသက်ဘက်မှ ရွေးချယ်ရန်သာလိုတော့သည်။

ရင်ခွင်ဦးWhere stories live. Discover now