လူစုခွဲသည့်တိုင် ထိုမိန်းကလေးဟာ တိတ်ဆိတ်နေသည်။ မျက်လုံးအရောင်များမှေးမှိတ်လျက် အနည်းငယ်မကျန်းမာပုံပေါ်သည်။ခေါင်းမှအစွပ်ကိုကြည့်ခြင့်ဖြင့်မကြာသေးမှီက ဦးခေါင်းပိုင်းခွဲစိတ်မှုပြုထားပုံပင်။ရောက်စကသူမကို အမောက်ထောင်ပြနေသော မိန်းကလေးမဟုတ်တော့။မိုးညိုကတော့ သူလှမ်းမှီသလောက်လိုက်ရှာကြည့်အုံးမည်ဟုဆိုသည်။ကျော်စွာဆိုသည့်ထိုလူကတော့ သူ့ဆီဆက်သွယ်ဖို့ပဲအထပ်ထပ်ပြောနေ၏။
အိမ်သို့ရောက်ရောက်ချင်း ဆိုဖာပေါ် ထိုင်ချကာ အမောဖြေရ၏။ ကျော်စွာ။အဲဒီလူဟာ သူမကို လျှော့တွက်ထားပုံပဲ။ ချက်ချင်းဖုန်းကိုထုတ်၍ သော်ဇင့်ဆီဖုန်းခေါ်လိုက်၏။
"မင်းတို့ ခုဘယ်မှာလဲ "
"....."
"ဟုတ်ပြီ။ သူသွားချင်တဲ့နေရာရောက်သည်အထိသေချာလိုက်ပို့နော် ။ "
"......"
"အေးအေး။ အောင်မော်ကိုလဲ သေချာပြော ။ ရောက်ပြီဆို သေချာနေရာချပြီးမှ ပြန်လာခဲ့ကြားလား "
မနက်ဖြန် သူမ ခွင့်ရက်ပြည့်ပြီ။နေပြည်တော်ပြန်ရမည်။ သူမအနေနဲ့ တခြားအလုပ် မလုပ်ဘဲဖေဖေ့လုပ်ငန်းများ ဦးစီးမယ်ဆိုရင်တောင် တစ်သက်လုံး ဖူဖူလောင်လောင် စားနိုင်သောက်နိုင်သည်။သို့သော် ဖေဖေရှိစဥ်ကတည်းက သူမ ကိုယ်တိုင် အလုပ်တစ်ခုနဲ့အခြေချနေတာမြင်စေချင်၍ဤအလုပ်ကို ၀င်လုပ်ခဲ့ခြင်းဖြစ်၏။ဖေဖေတိမ်းပါးသွားတော့လဲ မထွက်ဖြစ်။မထွက်ချင် ။သူမအတွက် ဤအလုပ်သည် အဆင်ပြေသည် ခေါင်းစားစရာသိပ်မလို။တစ်ခါတလေ ပင်ပန်းတာမျိုးတော့ရှိ၏။လစာကိုမက်၍လုပ်နေခြင်းမဟုတ်သော်လည်း ကိုယ့်လုပ်အားမို့ သူမ ဂုဏ်ယူသည်။ကျေနပ်သည်။ ဖေဖေ့စားသောက်ဆိုင် ကို သူမ သိပ်သဘောမကျသော်လည်းဖေဖေရှိစဥ်ကတည်းက လုပ်လာခဲ့သောအလုပ်မို့တစ်ကြောင်း၊၀န်ထမ်းများ အခြေနေကြောင့်လည်းကောင်း မဖျက်သိမ်းဘဲ ဆက်လက်လုပ်ဆောင်နေရ၏။ထိုမျှမကသေး ဖေဖေပိုင်သော ဆိုင်ခန်းနှင့်အိမ်ယာများကိုလဲ စီမံရသေး၏။ ကံကောင်းသည်က ဖေဖေ၏ စီမံကောင်းမှုကြောင့်သစ္စာရှိသော အလုပ်သမားများ ရရှိထားခြင်းပင်။သူမထွေထွေ ထူးထူး စိတ်ပင်ပန်းရတာမျိုးမရှိ။တစ်လတစ်ခါ လချုပ်စာရင်းများနှင့် ၀င်ငွေထွက်ငွေစာရင်းများကို သူမ လာလာ စစ်ရရုံသာရှိ၏။ကျန်အချိန်များတွင်တော့ သော်ဇင့်အဖေ ဦးကိုကိုကတာ၀န်ယူထား၏။ဆိုင်ခန်းများကိုလဲ သူ့အမေ ဒေါ်မြဇင် ကတာ၀န်ယူပေးထားသည်။ သူများတွေလို သူမ ကိုလုပ်ကြံ၍ ပိုင်ဆိုင်မှုများလက်၀ါးကြီးအုပ်သွားမည်ကိုလဲ မစိုးရိမ်ရပါ။ ထိုမိသားစုသည်သူမတို့သားအဖကို အလွန်သစ္စာရှိကြောင်း သူမတွေ့ရှိခဲ့ပြီးဖြစ်သည်။
"ညနေ ဆိုင်ကို တစ်ချက်သွားကြည့်ရအုံးမှာပဲ "
တစ်အိမ်လုံး သူမ တစ်ဦးတည်းမို့ အနည်းငယ် ခြောက်ကပ်ကပ်နိုင်သော်ငြား သူမ မပျင်းပါ။စာအုပ်ဖတ်လိုက် သီချင်းနားေ ထာင်လိုက်နှင့်အချိန်ကုန်ဖြစ်၏။အပေါင်းအသင်းများများစားစားမရှိလှသောသူမအဖို့ တစ်ဦးတည်းနေသားကျနေပြီ။အလုပ်ထဲ၌ တော့ အတော်အသင့် ပြောရဆိုရသည်။
YOU ARE READING
ရင်ခွင်ဦး
Roman d'amourချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။
