"ကဲ ဒါဆို ကို့တာ၀န်ကို ကျေပွန်ကျနော် နောက်မှ ရှုပ်ရှုပ်ရှက်ရှက်တွေမလုပ်နဲ့ "
"ဟုတ်ကဲ့ပါ::::"
"ဥက္ကဋ္ဌ !!"
" ဥက္ကဋ္ဌ !!"
"ဟေ လုံးတင် ဘာဖြစ်လာတာလဲအလောတကြီးနဲ့ "
"ဆရာမ ။ ဆရာမလေ "
"ဟေ ။ဆရာမလေး ဘာဖြစ်လို့လဲ "
"ငိုနေတယ် "
"ဟေ ဘာလို့ငိုတာလဲ။ ဘာဖြစ်ကြလို့လဲ "
သူကြီးနှင့် မလုံးတင်အပြောကြောင့် မိုးညိုသည်ဖုန်းပြောနေရာမှ အပြေးရောက်ချလာသည်။
"မမ။ မမဘာဖြစ်လို့လဲ မလုံးတင် "
"အေးး ဆရာလေး ။ဆရာမလေးက မှာလိုက်တယ် ။ ဒဏ်ရာချုပ်ဖို့ လိုတာအကုန်ယူခဲ့ပါတဲ့ "
"ဟင် ။မမ ဘာဖြစ်လို့လဲ။ဒဏ်ရာရလို့လား ။ ဟမ် မလုံးတင် "
"ဆရာမက ဘာမှ မဖြစ်ဘူး ။ဖြစ်တာက မမပန်း "
"ဟ လုံးတင်ရာ ။နင်ပဲ ဆရာမလေးငိုနေတယ်ဆို ။ဘယ်လိုလုပ် မမပန်းဖြစ်ရပြန်တာလဲ ဟ"
" မမပန်း ဆိုင််ကယ်ပေါ်ကပြုတ်ကျပြီး လက်၀ါးကွဲသွားတာ "
"အေးလေ ဒါဆို သူပဲငိုမှာပေါ့ ။ ဘယ်လိုလုပ်ဆရာမကငိုမလဲ ။နင့်ဟာက လဲ "
"ဟုတ်ပါတယ်ဆို ဦးကျော်ရယ် မမပန်းက လက်ကွဲပြိိးဆရာမကငိုတာ "
ထို့ထက် ထပ်ပြီးမရှင်းပြတတ်သောမလုံးတင်ကိုကြည့်၍ သူကြီးအပါအ၀င် စုေ၀းနေကြသောရွာသားအားလုံးမျက်စိလည်သွားကြ၏။ ဒီနေ့ ဆေးရုံဖွင့်ပွဲနေ့အတွက် ကြိုပြီးတာ၀န်တွေခွဲနေကြတာ။ တစ်ယောက်တစ်ပေါက်နှင့် ငြင်းခုံပြီး ခုမှငြိမ်ရုံရှိသေး ။လုံးတင်စကားကြောင့် အားလုံးကြောင်တောင်တောင်ဖြစ်ကုန်ပြီ။
"ကျွန်တော်ခုပဲလိုက်ခဲ့မယ်ခဏစောင့်မလုံးတင် "
ကြောင်နေသောသူတို့အားလုံး အိမ်အပေါ်ထပ်ပြေးတက်သွားသော မိုးညိုကြောင့်သတိပြန်၀င်ကြ၏။ ထို့နောက်တစ်ယောက် တစ်ပေါက် ထင်ကြေးပေးကြရင်း ဘယ်သူနာလို့ဘယ်သူငိုလဲ မဲခွဲနေကြလေသည်။
"သွားကြမယ်ဗျာ ။မြန်မြန်သာမောင်းတော့ "
အသင့်စောင့်နေသောဆိုင်ကယ်ပေါ်ခွလျက် မိုးညိုဆိုတော့ ဆိုင်ကယ်သမားလေးဟာလည်း အလျင်အမြန်ပင်ထွက်သွား၏။
သူရောက်သွားတော့ မမသည် သရဖီကိုအားဖက်၍ငိုနေရှာသည်။ နှုတ်မှလဲ မိမိအပြစ်ဖြစ်ကြောင်းတတွတ်တွတ်ဆိုနေရှာ၏။ သရဖီကိုကတော့ ပျော့ခွေကာ မောပန်းနေပုံရသည်။
"ခဏပဲနော် သရဖီကို "
"မိုးညို မနာအောင်သေချာချုပ်ပေးပါ "
"ဟုတ်ကဲ့ပါ မမရယ် ။စိတ်ကိုလျှော့ပါအုံး"
"ကို အသက်ကိုကြည့်နော် မနာဘူးနော် ခဏပဲနော် ။ခဏပဲ "
မမသည် ဆောက်တည်ရာမရစွာ ငိုရှိုက်နေ၏။ သူဒဏ်ရာကို လုပ်ကိုင်ပေးနေစဥ်အတောတွင်း သရဖီကို့မျက်နှာအားဖွဖွကိုင်လျက် နဖူးချင်းတေ့ထား၏။နှုတ်မှလဲ ဘာမှမဖြစ်ဘူး ကိုဘာမှမဖြစ်ဘူးဟူသော စကားကိုသာ ထပ်တလဲလဲပြော၍ ကို့ယ့်ကိုယ်ကိုတည်ဆောက်နေပုံပေါ်သည်။
" Drip ချိတ်ရမယ်ထင်တယ် ။ သွေးအတော်ထွက်တားတာပဲ။ အဲတာကြောင့် လူက အားနည်းသွားတာ "
"ဟုတ်တယ် မိုးညို ။ကို့ကိုကယ်ပါ ။ သွေးလိုအပ်ရင် မမသွေးကိုယူပါ ။ မမပေးလို့ရတယ် "
"အာ မဖြစ်ပါဘူး ။ Drip ချိတ်လိုက်ရင် ဖြည်းဖြည်းချင်း အားပြန်တက်လာမှာပါ ။
သရဖီကို ထနိုင်လားဟင် ။ကျွန်တော်တို့ အိမ်ပြန်ကြမယ်နော် ။ ဆိုင်ကယ်စီးနိုင်သေးလား"
"အင်းးးး။မိုးညို။ ဖြစ်တယ် ။အသက် မငိုအောင်သာ ပြောပေး"
"ဟုတ်ပြိိ ဟုတ်ပြီ ။ မမ စိတ်ကိုထိန်းအုံး ။ဘာမှမဖြစ်ဘူးနော် ။အိမ်ပြန်ကြမယ် "
" ၂ယောက်စီးမှ ရမှာ ။ကျွန်တော်ထိန်းထားမယ်။ညီလေး နိုင်ရဲ့လား "
"ရတယ် အကို။ တက် "
သရဖီကိုအားပွေ့ထူရင်းဆိုင်ကယ်သမားလေးအားမေးတော့သူကလည်းခပ်သွက်သွက်ဖြေသည်မို့သူသတိထားကာ ဆိုင်ကယ်ပေါ်တက်ရ၏။
"မမ ဖြေးဖြေးလာခဲ့နော်။ စိတ်ချမယ်နော် ညီလေး "
မမကိုစိတ်မချစွာ နောက်မှဆိုင်ကယ်သမားလေးအားသေချာမှာရ၏။ မမကတော့ စိတ်မရှိသော ခန္ဓာကိုယ်နှင့် မလဲရုံတမယ် ကျန်ရစ်၏။
"သြော် မမ မမ "ဟုသာ သူ ရေရွတ်မိပါသည်။
YOU ARE READING
ရင်ခွင်ဦး
Storie d'amoreချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။
