"မေမေ ပြောစရာရှိတယ် သား "
"ဘာပြောမလို့လဲ မေမေ ။သားငြိမ်းတို့ကို ညနေအပြင်လိုက်ပို့ပေးဖို့ ပြောထားလို့အမြန်ပြန်ရမယ် "
"သမီးကိစ္စပါ "
အိမ်ပြန်ရန်စိတ်စောနေသောကျော်စွာဟာ သူ့ညီမကိစ္စလို့ကြားတာနဲ့ အလိုလိုရပ်တန့်ပြီးသားပဲ။
"ဘာပြောမလို့လဲမေမေ ထပ်ပြီးတော့ အိမ်ထောင်ချပေးမလို့လား ။ မေမေ့ကြောင့် သားကိုတောင် ညီမလေးက သိပ်မဟုတ်တော့ဘူး "
အားနာပေမဲ့မေမေကို့သူ တည့်တိုးပြောဖြစ်သွား၏။မတတ်နိုင်ပါလေ။ ရန်ကုန်ကိုအတင်းကြပ်ခေါ်လာတဲ့ကိစ္စနဲ့ပတ်သက်ပြိိး ညီမလေးက သူ့ကိုပါ မယုံကြည်တော့။
" ညနေ ဆွေနဲ့ကိုခန့်ကိုခေါ်ထားတယ် "
ဘာလို့လဲ ဟူသောအကြည့်ဖြင့်သူလှည့်ကြည့်မိ၏။
မဟုတ်မှ မိုးညိုနဲ့ထပ်စီစဥ်ဖို့ကြံရွယ်နေတာလား။သူတစ်ခုခုပြောမည်အပြုကိုမေမေက ဆက်ပြော၏။"ကိုခန့်က နာမည်ကြီးရှေ့နေဆိုတော့ သမီးတို့ရဲ့ အနာဂတ် အတွက် လိုအပ်တဲ့စာရွက်စာတမ်းလုပ်ရအောင်လို့လေ "
"ဗျာ မေမေ "
သူနားမလည်စွာမေမေ့ကို သေချာကြည့်လျက်မေးရပြီ။
"ငါ့မောင်တုန်းကလို တရားမ၀င်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ သူတို့ကို မကွဲစေလိုဘူး။ တရားမ၀င်ရင် ၀င်တဲ့နည်းကို မရရအောင်ရှာပြီး သူတို့ကို လက်ထပ်ပေးမယ် "
"မေ မေ "
ကိုယ့်နားကိုယ် မယုံကြည်နိုင်စွာ ကျော်စွာမေမေ့ကိုပဲ အံ့သြတကြီးကြည့်မိတော့၏။
"မေမေ တကယ်ပြောနေတာလားဟင် ။ညီမလေးကိုတကယ်ပဲ ခွင့်ပြုတော့မှာလား "
"ခွင့်ပြုမှာမို့ ငါဒါတွေပြောနေရတာပေါ့ကျော်စွာရဲ့ "
မေမေက မျက်စောင်းနှင့်အတူသူ့ကို ငေါက်၏။
"ဟားးး ညီမလေးသိပ် ၀မ်းသာနေမှာ ။ညီမလေးသိပြီးပြိီလား ။သူ့ကို ပြောပြီးပြီလားဟင် "
"မပြောဖြစ်သေးဘူး ။ မေမေ အဲနေ့နောက်ပိုင်းထဲက ဘေဘီ့ကိုကော သမီးလေးအသက်ကိုကော ရင်မဆိုင်ရဲဘူး။မေမေ့ကိုယ်မေမေ လိပ်ပြာမလုံဘူး ။ မေမေအတ္တကြီးခဲ့သမျှ မေမေပူလောင်ခဲ့ရတာဟာ အဲကလေးမ ရဲ့မေတ္တာတွေကြောင့်ဆိုတာ မေမေသိလိုက်ရတယ်။ မေမေ ဘယ်လောက်ဆိုးခဲ့ဆိုးခဲ့ သူကတော့မေမေ့ကို ဟင့်ဟင့်"
ပြောနေရင်းမှ မေမေသည် ရှိုက်လျက် ငိုရှာသည်။ သူလည်းမေမေ့ကိုပွေ့ဖက်လျက် မျက်ရည်ကျချင်နေ၏။
"မေမေ ခုလိုနားလည်ပေးတာသားအရမ်း၀မ်းသာတယ်မေမေ "
"ဟင့်အင်း သား မေမေ နားလည်ပေးတာမဟုတ်ဘူး ။ အဲကလေးမ နားလည်ပေးတာ ။ သူတို့နှစ်ယောက် သေလောက်အောင်ချစ်နေကြရင်တောင် မေမေစိတ်ဆင်းရဲမယ်ဆိုရင် သူတို့ခွဲနေကြမယ် ေ၀းနေကြမယ်တဲ့ မေမေ့ကို အမေနေရာထားတာမို့ မေမေ့ကိုစိတ်ချမ်းသာစေချင်တယ် ။အေးချမ်းစေချင်တယ် တဲ့ ။ကြည့်စမ်းသား မေမေ နေ့တိုင်း ပူလောင်နေရတာ မငြိမ်းချမ်းနေရတာတွေဟာ သူ့မေတ္တာတွေကြောင့်သား ။မေမေလေ အဲကပြန်လာကတည်းက အချိန်တိုင်းမေမေစဥ်းစားပြီးပြီ ။မေမေ့သားသမီးတွေ ကိုယ်ပျော်ရာကို ရွေးချယ်စေဖို့မေမေဆုံးဖြတ်ထားတယ် သား။မေမေ့သားသမီးတွေရဲ့ပျော်ရွှင်မှုဟာ မေမေပျော်ရွှင်မှုပဲ။ သားတို့ပျော်နေရင် မေမေပျော်နိုင်တယ်။သားတို့ရဲ့ပျော်ရွှင်မှုတွေရေရှည်တည်တံ့အောင်ကြာမြဲအောင် မေမေတတ်နိုင်သမျှ ဖန်တီးပေးမယ်။ ဘေဘီလေးလာရင်လဲ မေမေသေချာပြောပြပါ့မယ် ။မေမေ့ကိုခွသ့လွှတ်ပါ ။မေမေ တစ်ယူသန်ခဲ့ပါတယ်သားရယ် "
"မေမေ !!"
"ဟင် ဘေဘီလေး ။ ဆွေ..."
ဘယ်ကတည်းကရောက်နေမှန်းမသိသော သမီးငယ်ဟာ သူမကိုပြေးဖက်လျက် မျက်ရည်များစီးကျနေ၏။ ဒီအပွေ့အဖက်လေးတွေ သူမ ဘယ်လောက်လွမ်းနေလိုက်ရလဲ။ ဆွေတို့ဇနီးမောင်နှံကတော့ သူမကိုပြုံး၍ကြည့်နေ၏။
"ကဲ မေမီ သရဖီလေးကို တစ်ပါတည်းပြောရအောင်လား "
သားအမိတစ်တွေ ပွေ့ဖက်ငိုကြွေးအပြီးအန်တီဆွေက စကားစ၏။သူမ အန်တီဆွေ့ အခေါ်ကြောင့် မလိုက်ချင်ပါဘဲ မေမေ့အိမ်ကိုပါလာရတာ။ဒီရောက်မှသူမ သိလိုက်ရတာဟာ မေမေဟာ ကိုကိုကြီးကိုဖက်လျက် ငိုရှိုက်ရင်ဖွင့်နေ၏။ မေမေ့မျက်ရည်တွေကိုမြင်မှ အသက်ပြောတာတွေနားထဲကြားယောင်နေ၏။ မေမေတစ်ယောက်တည်း ဘယ်လောက်ပင်ပန်းနေခဲ့လိမ့်မလဲ။ခုတော့ သူမတို့ကိုမေမေဟာ လွတ်လပ်ခွင့်ပေးပြီတဲ့။ ကြားကြားချင်းပျော်လွန်းလို့ အိမ်အပေါက်၀မှာကြက်သေသေနေမိတာ။ ချစ်သောအသက်ရေ ကို့ကိုစောင့်နေပါ။ကိုတို့ရဲ့ချစ်ခြင်းမေတ္တာတွေ လွတ်လပ်ပြီ။
"ညီမလေး "
"သမီး သရဖီ "
"ဟင် ရှင် "
"ဟော ဘာတွေအတွေးလွန်နေတာလဲကွယ် ။ ဒီမှာသမီး ဦးက သမီးတို့နှစ်ယောက်အတွက် တရား၀င်တဲ့ဆက်ဆံရေးကိုရှင်းပြမလို့တဲ့ "
"သြော် ဟုတ်ကဲ့ အန်ကယ် "
"အေးကွ မေမီ မင်းသမီးက အပျော်လွန်ပြိိးမေ့နေတာဖြစ်မယ် ဟားးဟားး။ သမီး ဒီမှာ ဒါက သမီးနဲ့ အသက်လေးတို့အတွက် အဖြစ်နိုင်ဆုံး မိသားစု ပဲ။ဒီမှာ စာချုပ် သမီးဖတ်ကြည့် "
အန်ကယ်ပေးသော စာချုပ်အားသူမဖတ်ကြည့်မိတော့ သူနဲ့အသက် တို့အား ထိန်းမြားမည်ဆိုပါက ငြိစွန်းသောတရားဥပဒေနှင့် ထိုငြိစွန်းမှုများကို ချေပနိုင်မည့် အချက်များ။ သူမတို့လက်ထပ်မည်ထိန်းမြားမည်ဆိုလျှင် နှစ်ဖက်မိသားစုကြား ပြေလည်ပါက ကိစ္စမရှိ။သို့သော် မိဘများကွယ်လွန်သည့်အခါ သူမတို့နှစ်ဦးတည်းကျန်ရှိသည့်အချိန်၌ သူမတို့နှစ်ဦးထဲမှတစ်ယောက်ယောက်တစ်စုံတစ်ရာဖြစ်ခဲ့သော် ပိုင်ဆိုင်မှုများအား ထိတွေ့ခွင့်မရှိကြောင်း တနည်းအားဖြင့် မပိုင်ဆိုင်ကြောင်း မသက်ဆိုင်ကြောင်း (သရဖီကို သေဆုံးလျှင် ဖြစ်စေ အသက် သေဆုံးလျှင်ဖြစ်စေ နှစ်ဦးသား အတူတူရှာဖွေစုဆောင်းခဲ့သောပိုင်ဆိုင်မှုများကို ကျန်သူမပိုင်ဆိုင်ခြင်း။ဥပဒေအရ မသက်ဆိုင်ဖြင်းဖြစ်၏) အချက်များဖြစ်၏။
"ဒီလိိုဆို သမီးတို့ လက်ထပ်တာ ဘာထူးတော့မလဲအန်ကယ် "
"ဟုတ်တယ် ဒါ့ကြောင့် အန်ကယ်က သမီးတို့မိသားစုထဲကို အသက်လေးကို အမွေစားအမွေခံစာရင်းထဲထည့်။ သမီးသရဖီ ကိုလည်း အသက်လေးတို့မိသားစုထဲကို အမွေစားအမွေခံထည့်ပြီး မိသားစုနှစ်ခုလုံးမှာ နှစ်ယောက်လုံးပါ၀င်နေကြမယ်ဆိုရင်တော့ မိသားစုဖြစ်ပါတယ် ။ ခုနကစာချုပ်မှာပါသလို တစ်ယောက်ယောက်တစ်စုံတစ်ရာဖြစ်ခဲ့ရင် ပိုင်ဆိုင်မှုကို ကျန်သူပိုင်ဆိုင်နိုင်ပါတယ်"
"မေမေက ဒါကို ကောခွင့်ပြုပေးမလားဟင် "
"ဘေဘီ့အတွက်ပဲ မေမေ ကိုခန့်ကိုခေါ်ထားတာလေ "
"ကိုကိုကြိိးကကော "
"ငါ့ညီမလေးတို့ကို ကိုကိုကြီးက အကုန်ခွင့်ပြုပြီးသားဗျား "
"မမငြိမ်းက..."
"ဟေးးး မမငြိမ်းကိုဆွဲမထည့်နဲ့နော် ။မမက ညီမလေးတို့ပျော်ရင်မမတို့ပိုင်ဆိုင်တာပဲပေးရပေးရ ခွင့်ပြုတယ် "
ခုမှရောက်လာသော မမငြိမ်းက မီးလေးအားပွေ့ချီလျက် သူမတို့စကား၀ိုင်းသို့၀င်ထိုင်၏။
"ရောက်လာပြိလား ငြိမ်း "
"ကားနဲနဲကြပ်နေလို့ ကို "
"ဟုတ်ပါပြီ "
သူမ ရင်ထဲ ပျော်ရွှင်မှုတို့အဆတစ်ရာ တိုးကဲလာ၏။ သို့သော် မပြည့်စုံသေးပါ။ဒီပျော်ရွှင်မှုတွေရရှိဖို့ ချစ်သောအသက် မည်မျှ ခံစားနေရလိမ့်မလဲ။သူမကိုလက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တာမဟုတ်ဘဲ တစ်ဘ၀လုံးပိုင်ဆိုင်ဖို့အတွက် ခဏလေး လက်လွှတ်ပေးခဲ့တယ် ဆိုတာ ယခုသူမသဘောပေါက်သွားခဲ့ပြီ။
"သမီး အသက်ဆီသွားချင်ပြီ မေမေ "
"ဟာ ခုချက်ချင်းကြိီးလား ဘေဘီ "
"ဒီလိုဖြစ်လာဖို့ အသက် အရမ်းပင်ပန်းခဲ့တာမေမေ ။ဒီပျော်ရွှင်မှုတွေကို သမီးတစ်ယောက်တည်း မစံစားနိုင်ဘူး "
"ဟုတ်ပါပြိိကွယ် ကိုခန့် သမီးအတွက် လိုအပ်တဲ့စာချုပ်စာတမ်း အကုန်ပြင်ဆင်ထားပါ ။ သားတို့ကော အသက်လေးဆီလိုက်မယ်မလား "
"မမဒေါက်တာဆီရား မီးလိုက်မှာ ဖွားးး"
ဘယ်ကတည်းကသွားချင်နေသည်မသိ။တစ်ချိန်လုံးငြိမ်နေသောမီးလေးအပြောကြောင့် သူမတို့အားလုံးရယ်မောမိကြပါ၏။
"ကျမလဲ အသက်လေးကိုလွမ်းနေတာကွယ် ။ သူဦးစီးတဲ့ဆေးရုံမှာ လျှပ်စစ်မီးမရသေးဘူးတဲ့ အဲတာလှူရင်း လိုက်မလို့ အစောကတည်းက စီစဥ်ပြီးပြီ"
"ဒါဆို အန်တီဆွေ ဒီနေ့မိုးညိုကိုလွှတ်လိုက်တာ အဲတာလား "
"ဒါပေါ့ သမီးရဲ့ "
"ကဲ သားညိုကို ဖုန်းဆက်။ဒီညပဲ ခရီးထွက်ကြတာပေါ့"
"မေမေလည်း မမမြကိုအိမ်လာစောင့်ပေးဖို့ ဖုန်းဆက်ခေါ်ရအုံးမယ်။ဘေဘီအိမ် မှာမနေကတည်းက ကြီးမြက ပဲခူးပဲခဏခဏပြန်နေတာ "
"ဟီး ကြီးမြကိုလွမ်းလိုက်တာ ။ဒါ့ကြောင့် မမြင်တာ "
"အမလေး အပိုတွေပါ "
မေမေက မဲ့ကာရွဲ့ကာနှင့် မျက်လုံးကိုပင့်ပြော၏။
သူမတို့ လိုအပ်သော ပစ္စည်းများယူ၍ညတွင်းချင်း မကွေးသို့ထွက်ခဲ့၏။ မိသားစုနှစ်စု ကားနှစ်စီးနှင့် ထွက်ခဲ့ကြ၏။ သူတို့ကားတွင် သူမနှင့်ကိုကိုကြီးတစ်လှည့်စီမောင်း၍ မိုးညိုတို့ကားတွင်တော့ မိုးညိုတစ်လှည့် အန်ကယ်ဦးခန့်ညို တစ်လှည့်မောင်း၏။
"ဟယ်လို မိုးညို ဘာဖြစ်လို့လဲ"
ကားမောင်းနေရင်းနောက်ကားမှမိုးညို့ဖုန်းခေါ်သံကြောင့် သူမအမြန်ကိုင်လိုက်၏။
"ရေဒီယိုက ချယ်ရီFM လိိုင်းကို အခုဖွင့်ကြည့်လိုက်အမြန် "
မိုးညိုအပြောကြောင့် ကားဘောက်စ်ကိုဖွင့် လျက်ချယ်နယ်လိုင်းကို ချယ်ရီFM သို့ရွှေ့လိုက်၏။အဆိုကျော်ဗဒင်ရဲ့ သီချင်းတစ်ပုဒ်လာနေ၏။ ဘာမှန်းမသိပေမဲ့သူတို့ နားထောင်နေလိုက်၏။
![](https://img.wattpad.com/cover/373451587-288-k454883.jpg)
YOU ARE READING
ရင်ခွင်ဦး
Roman d'amourချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။