part 7

438 23 0
                                    

ယောဂီကျောင်းလမ်းထဲ၀င်ပြီးမကြာလိုက်ပါ။စပါယ်ခြံ ၂လမ်းထဲကွေ့၀င်ပြီးနှစ်ခြံအကျော်တွင်မိုးညိုကားရပ်သွားသည်။ခြံကခပ်ကျဥ်းကျဥ်းပါပဲ။ဒါအသက်တို့ခြံပေါ့။တစ်ထပ်တိုက်ပုပုလေးကိုသပ်သပ်ရပ်ရပ်ပင်ဆောက်ထားသည်။ခြံ၀င်းထဲတွင်နေရာယူထားသောသစ်ပင်ပန်းမန်တို့ကိုမြင်ရုံနှင့်ဒါအသက်လက်ရာများဟု ကို သိလိုက်သည်။
"ဟော မောင်မိုးညို ရောက်လာပြီ လာလာဟသား "
အန်တီဟာသူမကိုမြင်ပုံမပေါ်။သူတို့နှစ်ဦးလုံးခြံအပြင်တွင်သာကားကိုရပ်ထားကြရသည်။
အန်တီကသူ့မကားကိုမမြင်လို့သူမကိုလဲသတိမမူမိပုံပါပဲ။
"သြော် ဧည့်သည်လဲပါလာတာကိုး သမီးရေဖျော်ရည်ကိုနှစ်ခွ်လုပ်ခဲ့ပါကွယ် ဒီမှာဧည့်သည်ကောပါလာတယ်ကွဲ့ "
အန်တီကသူမကိုမှတ်မိပုံမပေါ်ပါ။အာရုံလဲရှိပုံမရ။အင်းလေ ၇နှစ်ဆိုတဲ့အချိန်ကသူမကိုအတော်ပြောင်းလဲစေတာကို ။
"ရပြီ ရပြီ မိုးညို မမက.....ဟင် "
သူမကိုမြင်တော့အံ့သြမှုတွေပြည့်နှက်နေသည့် အသက်။သို့ပေမဲ့ ချက်ချင်းပြန်ထိန်းကာဖျော်ရည်ခွက်ကိုစားပွဲပေါ်အသာချ၏။အန်တီကတော့ သူမတို့ကိုနေရာချပြီး အခန်းတစ်ခုထဲ၀င်သွားသည်မို့ ဧည့်ခန်းထဲသူမတို့သုံးယောက်သာကျန်ရှိသည်။
"မမသက် ဒါ ကျွန်တော့်အသိလေ မသရဖီကိုတဲ့ "
အသက်ပြုံးရုံသာပြုံးပြနိုင်ပါသည်။
" ဟုတ်ကဲ့ ဒေါက်တာမိုးညိုနဲ့ မကြာခင်စေ့စပ်တော့မဲ့သရဖီကိုပါ တွေ့ရတာ ၀မ်းသာပါတယ် "
" ဟင်... "
ပိုလို့အံ့သြသွားသည့်အသက်။ တောင်းပန်ပါတယ် ။မိုးညိုကိုနိုင်ဖို့က ဒီနည်းလမ်းပဲရှိလို့ပါ။ မိုးညိုကတော့ သိသိသာသာကိုမျက်နှာပျက်ယွင်းနေပြီ။
" ဟုတ်ကဲ့ ကျမ ဖြိုးသက်ထက်ဇော်ပါ မောင်လေးမိုးညိုခေါ်သလို ခေါ်နိုင်ပါတယ် "
မျက်နှာကိုဟန်မပျက်ထိန်းရင်း လက်ကမ်းလာသောအသက်။ဤလက်ချောင်းသွယ်သွယ်လေးများသည် ဟိုယခင်က သူမ နမ်းရှိုက်ခဲ့ဖူးကြောင်း ကာယကံရှင်နှင့်သူမသာအသိဆုံးဖြစ်ပါလိမ့်မည်။အသက်ပုံစံကြည့်ရတာ ပုံမှန်လိုပါပဲလား ။အသက်ဘာတွေတွေးနေသလဲ။ဘယ်လိုမှမခံစားရဘူးလား။သူမစေ့စပ်တော့မယ်ပြောတာတောင်လေ ။သူမကိုနဲနဲလေးတောင် ဘာမှမမေးတော့ဘူးလား ။ကန့်ကွက်ချင်တဲ့အရိပ်ယောင်လေးတောင်မပြတော့ဘူးလား။ကို့ ရင်တွေပူလာသည်။ကို့အပေါ် မှာ အသက်ခံစားချက်များအရင်လို မဟုတ်တော့ဘူးဆိုသည့်အသိသည် ရင်ကိုပူစေသည်။
"ကျွတ်စ် "
စုတ်တစ်ချက်သပ်ရင်း ချပေးထားသောအအေးခွက်ကိုတစ်ချိုင့်တည်းမော့ချရသည်။
မိုးညိုကိုကြည့်တော့လဲ သူမနည်းတူပင်။မနက်ခင်းစောစောစီးစီး ချွေးပျံနေသည်။ အင်းပေါ့လေ ကိုယ်ချစ်ရတဲ့သူကို ကိုယ်နဲ့လက်ထပ်တော့မဲ့မိန်းကလေးနဲ့မိန်ဆက်ပေးရ တာ ဘယ်နေကောင်းမလဲ။အသက်ကတော့ အိမ်အပြင်ကိုငေးကာ လက်နှစ်ဖက်ကိုပွတ်သပ်နေသည်။ ဤနေရာ ဤဌာနတွင်ရှိသော လူသုံးဦးသည် ကိုယ်စီကိုယ်ငှ အတွေးကိုယ်စီ။ထွေထွေထူးထူးဘာမှမပြောဖြစ်ဘဲစကား၀ိုင်းလေးပြီးဆုံးသွားသည်။ဘာမှမပြောဖြစ်ဘူးဆိုသည်မှာ ကို့တစ်ယောက်ထဲသာ။အသက်နဲ့မိုးညိုဆိုတဲ့သူကတော့ ဘာတွေပြောမှန်းသူမ မသိပါ။
ပြန်ခါနီးတောင် မိုးညိုဆိုသူက အသက်အား ဂရုစိုက်ရန် မပြီးနိုင်မစီးနိုင် မှာတမ်းခြွေနေလေသည်။ အသက်ကော အတူတူပဲ။မျက်နှာကြည်ကြည်ပေါ်မှာအပြုံးတွေချိုနေပုံများ။လှတယ် ။ အသက်က ခုလို ဗမာရင်ဖုံးတွေနဲ့လဲလှတာပဲ။ကျောင်းတုန်းကတော့ ကျောင်းလာရင်အဖြူအစိမ်းနဲ့ ဆံပင်ကိုနှစ်ဖက်ခွဲစည်းပြီးဖြူဖြူနုနုနဲ့လှတယ်။အိမ်မှာနေရင်းစာလုပ်ဖြစ်ရင်ဂါ၀န်တွေအ၀တ်များတဲ့အသက်က ကလေးဆန်ဆန်လှတာပဲ။ခုများလဲ ပိုပြီးရင့်ကျက်တည်ငြိမ်လာတာကလွဲရင် အသက်ဟာ နန်းဆန်စွာလှမြဲလှဆဲပါပဲ။
လူတကာလည်ပြန်ငေးရလောက်အောင်လှတဲ့အထဲမပါသော်ငြားမြင်ရသူတိုင်းနှစ်ခါပြန်ကြည့်စေတဲ့အကြည်ဓာတ်ကလေးသည်အသက်ရဲ့မွေးရာပါအားသာချက်ဖြစ်မည်။ဘယ်သူတွေဘယ်လိုထင်ထင် ကို့အတွက်တော့ အသက်ဟာ ပြီးပြည့်စုံသောအလှပိုင်ရှင်ပါပဲ။မျက်ခုံးမွေးရေးရေးများက ဆက်လုမတတ်သွယ်တန်းနေပြီးမျက်တောင်ကော့လေးတွေဟာအတော်ကိုဆွဲဆောင်မှုရှိလှသည်။ထိုမျက်ခုံးနဲ့မျက်တောင်ကော့လေးတွေကြောင့်ပင် မျက်လုံးမှေးမှေးကလေးဟာပိုလို့လှပနေသယောင်ထင်ရ၏။နှာတံဟာသူများတကာလိုရှည်ပြီးချွန်နေတာမျိုးမဟုတ်ဘဲရှည်လုံးလုံးလေးနှင့်တစ်မျိုးလှ၏။
ရယ်လိုက်တိုင်းကော့တက်သွားတဲ့နှုတ်ခမ်းပါးလေးများဟာ သွားညီညီလေးများပံ့ပိုးမှုကြောင့်အတော်ကြည့်ကောင်းလှပါသည်။ဘယ်ဘက်မှသွားစွယ် ချွန်ချွန်လေးကတော့ အသက်ရဲ့ သူများနဲ့မတူတဲ့ထူးခြားချက်တစ်ခုဖြစ်သည်။
"မသရဖီကို .... မသရဖီကို "
ဟင်...။ကို မည်မျှအငေးလွန်သွားသည်မသိ။ကိုမိုးညိုခေါ်မှ သတိကပ်၏။အင်းးး တစ်ချိန်က ချစ်မြတ်နိုးခဲ့ဖူးတဲ့သူကို ခုလိုသတိလက်လွတ်ငေးမိတာ သူမအပြစ်ပါပဲ။ မဟုတ်သေးဘူး။ဒါဟာသူမ အပြစ်မဟုတ်ပါလေ ။
ဘယ်ချိန်ကြည့်ကြည့် ရိုးမသွားဘဲ အမြဲလှပနေတဲ့ အသက်အပြစ်ဖြစ်လိမ့်မည်။
ဟုတ်သည် ။ဒါဟာ လှပလွန်းတဲ့ အသက်အပြစ်ဖြစ်ပါလိမ့်မည်။

ရင်ခွင်ဦးWhere stories live. Discover now