part 12

868 40 0
                                    

နေရောင်ဖျဖျသည်ပြတင်းပေါက်မှ နွေးထွေးစွာတိုး၀င်လာသည်ကိုသိသော်ငြား ကို တမင်မထဘဲ လူးလှိမ့်နေပစ်သည်။သူမပြန်လာတာ နှစ်ပတ်ပင်ပြည့်သွားပြီ။ခုချိန်ထိ ​ေ၀ခွဲမရဖြစ်နေတုန်း။မေမေကတော့ သူမလုပ်ငန်းများကိုလက်လွှဲယူရန်သာ​တိုက်တွန်းနေသည်။ ထိုအရာများကိုခဏထားပါလေ။ခုချိန်ထိ သူမကို အသက်က  အရေးတယူမရှိသေး။ဤကိစ္စက အရာအားလုံးထက်ပိုအရေးကြီးနေသည်။မျက်လုံးများကျိမ်းစပ်ကာ ခေါင်းကတစ်ချက်တစ်ချက်ထိုးကိုက်သည်။ညကငိုထားသောကြောင့်ဖြစ်မည်။
ခြံရှေ့မှ ကားဟွန်းသံကြားရသည်။ကိုကိုကြီးတို့ထင်သည်။ကိုကိုကြီးလာနှိုးမှ ထတော့မည်ဟုကြံစည်စိတ်ကူးမိသည်။သို့သော် သူမထင်သောအရာများသည်အမြဲ လွဲချော်မြဲဖြစ်ပါသည်။
"ဒေါက်ဒေါက် သမီးရေ မေမီလေးက အောက်ဆင်းခဲ့ဖို့မှာလိုက်တယ် မျက်နှာသစ်ပြီးအမြန်ဆင်းခဲ့နော် "
ကိုက်ိုကြီးကိုယ်တိုင်လာမနှိုးရကောင်းလားဟု
သူမအခန်းတံခါးဖွင့်ကာအိပ်ချင်မူးတူးဖြင့် အောက်သို့လှမ်းအော်ပစ်သည်။
"ကိုကိုကြီးက ဘာလို့လာမနှိုးတာလဲ "
"ဟဲ့ သရဖီကို ဒီမှာ သားညိုရောက်နေတာကိုဘာလို့အော်ကြီးဟစ်ကျယ်လုပ်နေတာလဲ အသက်ကဖြင့်၂၀ကျော်နေပြီ ခုချိန်ထိနှိုးရတုန်း "
မချိုသာလှသောမေမေ့အသံကြောင့်သူမမျက်လုံးကိုအမြန်ပွတ်ကာအောက်ထပ်ကိုသေချာကြည့်ရသည်။မေမေ့ဘေးတွင်ပြုံးပြုံးကြီးထိုင်ကာသူမကိုကြည့်နေသော မိုးညိုကို အရှက်ဖြေ သွားဖြီးပြရသည်။
"ဟီး မိုးညို ခဏနော် "
ပြောပြီးအခန်းထဲမြန်မြန်ပြေး၀င်ရသည်။အမလေး အရှက်တွေတော့ ကုန်ပါပြီ။ရေချိုးခန်းထဲ၀င်သည်နှင့် စုတ်ဖွာနေသောဆံပင်များကသူမကို လှောင်နေသည်။ငါဒီပုံစံနဲ့ မိုးညိုကိုသွားပြောမိတာပေါ့။သေလိုက်တော့သရဖီကို။နင့်သိက္ခာတွေအကုန် ကုန်ပြီ။သွားအမြန်တိုက်မျက်နှာအမြန်သစ်ကာ အ၀တ်အစားကိုမြန်မြန်လဲရသည်။ရေတော့မချိုးတော့ ခုတောင်သူများစောင့်နေရသည်လေ။သူမစောင့်ရသည့်အလုပ်ကိုမကြိုက်သလို သူတစ်ပါးကိုလဲစောင့်မနေစေချင်။
ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းစွာ မိုးညိုနှင့်ဆန့်ကျင်ဘက်ခပ်လှမ်းလှမ်းတွင်၀င်ထိုင်ရသည်။
"မိုးညို ဘာကိစ္စ "
"ဟဲ့ အိမ်လာတဲ့ဧည့်သည်ကို ညည်းဘယ်လိုပြောနေတာလဲသရဖီကို "
"မေမေကလဲ "
"ရပါတယ်ဗျာ သူပြောတတ်သလိုပြောပါစေ "
"အေးအေး သားတို့ချင်းသေချာဖြေရှင်းကြပေါ့ကွယ် အန်တီလဲ ချိန်းထားတာရှိသေးလို့အပြင်ခဏသွားအုံးမယ် အေးဆေနေနော်သား "
"ဟုတ်ကဲ့အန်တီ "
မေမေထွက်သွားတော့မှ  မိုးညိုက သူမကိုသေချာကြည့်သည်။ခြံထဲမှ ဒန်းကို စကားပြောမည့်နေရာအဖြစ်သူမရွေးလိုက်သည်။
"မသရဖီကို ကျွန်တော့်ကိုတစ်ခုခုပြောချင်တာရှိလား"
"ကျမ ဘာပြောရမလဲကိုမိုးညို "
ဆွေးဆွေးမြေ့မြေ့သူမပြန်ဖြေတော့ မိုးညိုက စောင့်ဆိုင်းနေသည့်မျက်၀န်းများဖြင့်သူမကိုစောင့်ကြည့်နေသည်။သေချာတွေးကြည့်မှ သူမကိုယ်သူမသိမ်ငယ်စပြုလာသည်။
"မမသက်နဲ့ပတ်သက်ပြီး ကျွန်တော်ကပဲတောင်းပန်ပါတယ်ဗျာ "
"ဟင့်အင်း ရှင်နဲ့မဆိုင်ပါဘူး ကျမရဲ့ကံပေါ့ "
"မဟုတ်တာ မမသက်က..."
"မိုးညို "
"ဗျာ "
သူပြောမည့်စကားကိုဆုံးအောင်ပြောခွင့်မပေးဘဲ သူမဖြတ်ခေါ်မိသည်။ မိုးညိုက ပြောပါဆိုသည့်အကြည့်နှင့်။
"ကျမနဲ့ အသက် မဟုတ်ဘူး ဒေါက်တာဖြိုးသက်ထက်ဇော်နဲ့ကိုရှင်ဘယ်လိုမြင်လဲ "
"ဗျာ "
"ဒါဆို ကျမကို​ကော ရှင်ဘယ်လိုမြင်လဲ "
"ဗျာ "
ဘာ​ေမးမေး တဗျာဗျာဖြစ်နေသောသူ့ကို ကိုရယ်ချင်မိသည်။သနားစရာပဲ။သူမထက်ပင် မိုးညိုဟာပိုသနားစရာကောင်းနေသေးသည်။
"ကျွန်တော် မဖြေတတ်ဘူး သရဖီကို "
"ရှင်နဲ့ညှိနှိုင်းမှုလုပ်တဲ့နေ့က ကျမ ရှင့်ကိုစိန်ခေါ်တယ်လို့ပြောခဲ့တာ မှတ်မိသေးလား "
"ဟုတ်ကဲ့ ဘာမှန်းမသိပေမဲ့ကျွန်တော်မှတ်မိနေပါတယ် "
"အဲတာ ဒေါက်တာဖြိုးသက်ထက်ဇော်ကို အပြိုင်ပိုးပန်းဖို့ ကျမရှင့်ကိုစိန်ခေါ်တာ "
"ဗျာ!"
"ဟုတ်တယ် အဲတုန်းကတော့ ကျမကိုယ်ကျမ အရမ်းအထင်ကြိီးပြီး ရှင့်ကိုနိုင်မယ်ထင်ခဲ့တာ ဟက် ခုတော့ ကျမ ရှုံးနေပြီလို့ခံစားနေရတယ် "
"နေပါအုံးမသရဖီကို ခများရော မမသက်ရော မိန်းကလေးတွေလေ ဘယ်လိုဖြစ်ပြီး "
"မိန်းကလေးတွေချည်းဖြစ်ရလို့ ချစ်ခွင့်မရှိတော့ဘူးလားကိုမိုးညို ဘာလဲ လူတစ်ယောက်နဲ့တစ်ယောက်ချစ်ဖို့ တစ်ယောက်က ယောက်ျားဖြစ်ပြီးကျန်တစ်ယောက်က မိန်းမဖြစ်မှရမှာလား "
"အဲလိုတော့ မဟုတ်ဘူးပေါ့ဗျာ ကျွန်တော်ပြောတာက "
"ထူးဆန်းသလို မဖြစ်နိုင်သလို မဖြစ်သင့်သလို အကြည့်တွေနဲ့လာမကြည့်စမ်းပါနဲ့ကိုမိုးညို ကျမ အသက်ကိုချစ်တယ် သူငယ်ချင်းလိုမိတ်ဆွေလိုညီအမလိုမဟုတ်ဘဲ ချစ်သူလို အိမ်ထောင်ဘက်လို ဘ၀လက်တွဲဖော်လိုမျိုးချစ်တာ မဟုတ်သေးဘူး ချစ်ခဲ့တာ ကျမအသက်၁၅နှစ်၁၆နှစ် စိတ်ကစားတတ်တဲ့အရွယ်ကတည်းက ခုချိန်ထိမပြောင်းမလဲချစ်ခဲ့တာ ရှင်ကဘယ်သူဘယ်၀ါမှန်းတောင်မသိသေးကတည်းက ကျမအသက်ကိုချစ်ခဲ့တာ"
ဒေါသတကြီးသူမတရစပ်ပြောမိတော့ မိုးညိုက အံ့သြတုန်လှုပ်စွာသူမကိုမမှိတ်မသုန်ကြည့်နေသည်။
"မမသက်ကကော မသရဖီကိုကိုချစ်ခဲ့လား "
ရင်ဘတ်ထဲ၌စူးခနဲနာကျင်သွားသည်။ဤမေးခွန်းသည် သူမအဖြေရခက်ဆုံးဖြစ်လိမ့်မည်။
"ထင်ခဲ့တာပဲ ဒါပေမဲ့ ခုတော့မဟုတ်ဘူးလို့ ထင်လာပြီ "
ခေါင်းငိုက်စိုက်ကျကာ ထိုစကားကိုသူမ ခပ်တိုးတိုးသာဆိုနိုင်သည်။

ရင်ခွင်ဦး Where stories live. Discover now