"သရဖီကို! "
ကားတံခါးကိုအမြန်ဆွဲဖွင့်လျက် ရုတ်တရက်ကြိိးဆင်းပြေးသွားသောသရဖီကိုကြောင့် မိုးညိုလဲအမြန်ဆင်းလိုက်ရ၏။
"ပွမ် ! ပွမ်!! "
"ပွမ်!!! "
လမ်းမကြီးတစ်လျှောက်ကားဟွန်းသံများဆူညံသွား၏။လက်အုပ်ချီ၍ အမူအယာပြတောင်းပန်လျက် သူ အပြေးလိုက်ရ၏။
" အသက် "
ခေါင်းအစခြေအဆုံးတစ်ကိုယ်လုံးကိုကြည့်ရှုလျက် သူမ တစ်ကိုယ်လုံး၀မ်းသာစိတ်တို့စီဖြန်းသွားသည်။တကယ် ။တကယ် အသက်ပဲ။
"ကျေးဇူးတင်လိုက်တာ ။ကျေးဇူးတင်ပါတယ် ။အရမ်းလွမ်းနေခဲ့တာ ..."
မမသက်အားတင်းကြပ်စွာပွေ့ဖက်ရင်း ကျေးဇူးတင်ကြောင်းလွမ်းကြောင်းဇွတ်ပြောနေသော သရဖီကို့ကို မိုးညိုမတားနိုင်ပါ။မတားရက်ပါ။
"မမသက် ကားထဲအရင်၀င်ရအောင်နော် ။သရဖီကို စိတ်ကိုထိန်းပါအုံး "
ဟင် ။ မိုးညိုပြောမှ သတိကပ်၏။လူတွေရှုပ်နေတဲ့လမ်းမကြီးဘေးမှာ သူမ ဘာတွေလုပ်မိနေတာလဲ။အသက်ကိုကြည့်တော့ အသိစိတ်လွတ်နေသောလူလို တောင့်တောင့်ကြီးရပ်ကာကြောင်ကြည့်နေ၏။
"လာ ကားထဲ၀င်ကြစို့ "
သူမပဲ ချစ်ရသူလက်ကိုလှမ်းတွဲလျက် ကားဆီဦးစွာလှမ်း၏။မိုးညိုကတော့ အထုပ်ဆွဲကာ နောက်မှ အလိုက်တသိပါလာသည်။ကားနောက်ခန်းထဲ အထုပ်ကိုထည့်ပြီး အပြေးကားပေါ်ပြန်ရောက်လာသည်။
"ဒေါက်တာ !!"
"အီးးးးးဟီးးးးးတကယ် ဒေါက်တာကြီးပဲ အမရဲ့ "
ကာပေါ်တက်တက်ချင်း အသက်နားတိုးကာဖက်လျက် အနေထားမှ မိုးပွင့်သည် ထုံးစံအတိုင်းငိုချင်းချလေ၏။
"မိုးပွင့်ဘယ်လောက်လွမ်းနေလဲသိရဲ့လား လို့ ဟင့်ဟင့် "
ရှေ့ခန်းမှ ဦးသာရင်သည် ဘေးမှ မိုးညိုကိုတလှည့် နောက်ခန်းမှ ၃ယောက်အားတစ်လှည့် ယောင်နနနှင့်ကြည့်နေလေ၏။သူကားကို ပုံမှန် ဂရုတစိုက်မောင်းလျက် နောက်ခန်းကို ကြည့်မှန်မှ တစ်ချက်တစ်ချက်လှမ်းကြည့်မိသေး၏။မမသက်သည် ကျောက်ရုပ်ပမာ ငြိမ်သက်လျက် တစ်ခုခုကိုရှေးရှူကြည့်နေသည် ။သို့သော် သူကြည့်နေသော အရာကိုသေချာမမြင်မှန်းမိုးညိုသိပါသည်။ သရဖီကိုကတော့ မမအားမမှိန်မသုန်ကြည့်လျက် လေးပင်သောအရာကြီးကိုလွှတ်ချလိုက်တဲ့သူလိုပေါ့ပါးနေသည်။သူကော ရင်ထဲပေါ့ပါးသွား၏။ကားထဲ၌ရှိုက်သံသဲ့သဲ့ကေလးမှလွဲ၍တိတ်ဆိတ်နေပြန်သည်။
" အဟမ်းး ဟိုဒင်း တူမကြီးရေ့ "
" ဟင် ။ရှင် ဦးကြီး ။ဘ....ဘာလို့လဲ "
"ဘာမှမဟုတ်ပါဘူးကွာ .။ဒီကသူဌေးမလေးတို့နဲ့ စကားလေးဘာလေးပြောပါအုံးဟ တိတ်ဆိတ်လွန်းလို့ငါ မနေတတ်တော့ဘူး.."
"..."
ဦးကြီးပြောမှ အသက် ကိုယ့်ကိုယ်ကို သတိရ၏။ တဆက်တည်းချွေးစေးများထွက်နေသောလက်ဖ၀ါးကို ခုမှ သတိရ၏။ ကို...။သူမကိုမြင်မြင်ချင်းအပြေးဆင်းလာပြီးလူကို မမြင်ဖူးသလိုကြည့်နေတဲ့ကို။သူမကို အသက်ရှုကြပ်မတတ်ဖက်ထားပြီး မျက်ရည်တွေစီးကျနေတဲ့ကို။ ပြီးတော့ ပြီးတော့ ။ ကိုဟာ သူမဆံနွယ်များကိုဖိကပ်နမ်းရှုံ့နေခဲ့သည်။ မိုးညိုသာ အချိန်မှီ မတားခဲ့လျှင် ကို ဟာသူမကို ထိုနေရာမှာပင် တကိုယ်လုံးနမ်းရှုံ့တော့မလို။ ခုလည်း သူမလက်ကောက်၀တ်ကို လွတ်ထွက်သွားတော့မည့်သူလို မလွှတ်တမ်းဆုပ်ကိုင်ထား၏။သူမ အသာရုန်းမိတော့ ကိုက လွှတ်မပေး ထပ်မံတင်းကြပ်စွာ ဆုပ်ကိုင်ထား၏။သူမကို့ကို တစ်ချက်ကြည့်မိတော့ ကိုက လမ်းမ ဘက်ကိုလှည့်လျက် ပတ်၀န်းကျင်ကိုငေးမောကြည့်ရှုနေသည်။အရမ်းလွမ်းပါတယ်ပြောပြီး ခုလိုမျိုး ဟိုဘက်လှည့်နေတယ်ပေါ့။ စိတ်ထဲဆိုးနွဲ့ချင်စိတ်ကြောင့်ဒေါသအနည်းငယ်ထွက်သွား၏။ အရင်အခြေနေမျိုးဆိုစိတ်ရှိလက်ရှိ ထုရိုက်ပစ်မိမည်။ခုတော့ ထိုစိတ်ကိုမနည်းမြိုချရသည်။မဖြစ်ပါ ။ကို ဟာ အိမ်ထောင်ရှိပြီးသားအမျိုးသမီး ဖြစ်နှင့်နေပြီ။ သူမ ကို့ကို စိတ်ယိုင်စေလို့မဖြစ်။
" နာတယ် "
"ဟင် "
အသက် ခပ်တိုးတိုးညည်းမိတော့ ကိုက ဒီဘက်လှည့်လျက် စူးစမ်းနေသည်။
"လက် နာနေပြီလို့ "
"သြော် ဆောရီး။ ကို..."
ကိုကခုမှ သူမလက်ကို အလန့်တကြားလွှတ်ချ၏။ ပြီးနောက် ခပ်ဖွဖွပြန်လည်ဆုပ်ကိုင်လျက်
"အရမ်းနာသွားလားဟင် ။ကိုကလေ ကိုက..."
သူမလက်အား ညင်သာစွာပွတ်သပ်လျက် ကို့အသံသိမ်၀င်သွား၏။
"ဒါဆို ဒီလိုလေးတွဲထားမယ်နော် ရလားဟင် "
ရုတ်ချည်းသူမလက်မောင်းကိုအသာတွဲလျက် ကိုက ခွင့်တောင်းနေသည်။ခုနက ကျားတစ်ကောင်လိုမျိုး ထင်ရာစိုင်းတတ်တဲ့ ကို မဟုတ်ပြန်တော့ ။ကိုကချက်ချင်း ကြောင်ပေါက်လေးတစ်ကောင်လို သူမကို ခယရိုကျိုးနေပြန်သည်။ဟင်းးးခက်တာပါပဲ။
"ထွက်မပြေးပါဘူး ဘာလို့တွဲနေမှာလဲ "
"မပြောနိုင်ဘူးလေ ။အသက် ထပ်ပြီးပျောက်သွားမှာစိုးတာကို "
ကိုဟာ နှုတ်ခမ်းကိုအနည်းငယ်ရှေ့သို့စူ မျက်မှောင်ကိုကြုတ်လျက် သူမကို ချွဲနွဲ့နေသည်။ကို အရင်ကထက်ကလေးပိုဆန်လာတာပဲ။ ဂျင်မ်က သိပ်အလိုလိုက်သည်ထင်ပါ့။
"ဒီလိုနေလည်းရတာပဲကို "
ကို့လက်ဖ၀ါးအားသူမလက်ဖ၀ါးထဲထည့်တော့ကိုက ကျေနပ်စွာပြုံးလျက် သေချာပြန်လည်ဆုပ်ကိုင်၏။ အသက် မရုန်းမိပါ ။ဘာပဲဖြစ်ဖြစ်ပါလေ လက်ကိုင်ရုံပဲဥစ္စာ ။
အလယ်ခုံမှသူမကို မိုးပွင့်မှလက်တစ်ဖက်ကိုတွဲခိုထား၍ကျန် တစ်ဖက်ကိုတော့ ကိုက ခပ်ဖွဖွဆုပ်ကိုင်ထား၏။ ရှေ့ခန်းတွင်လည်း ဦးကြီးနှင့် မိုးညိုသည် စကားကျနေပုံပင်။ ခုနက မနေတတ်သောဦးကြီးသာရင်ဟာ မိုးညိုဘက်လှည့်၍ အားရပါးရရယ်နေသည်။
ကားလေးသည် ပုံမှန်အတိုင်းခရီးနှင်နေ၏။လေးပင်ကျော်ကျော်အကွေ့၌ ထုံးစံအတိုင်း ကားသောက် လျက် သူမ မျက်လုံးများမှေးစင်းလာသည်။ မနက်က ၁ချက်တီးနိုးပြီးပြန်မအိပ်ထား၍ထင်သည်။ အလွန်ငိုက်မြည်းလျက် သူမမျက်လုံးများအသာယာမှိတ်ကျသွား၏။
YOU ARE READING
ရင်ခွင်ဦး
Roman d'amourချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။
