"မမသက်ဘာပြောလိုက်တာလဲ "
မိုးညိုနားကြားများမှားလေရော့သလားဟုပြန်လည်မေးမြန်းရသည်။
"အရက် က ချိုလားခါးလားလို့ "
"အဟာ့ မမကလဲဗျာ ကျွန်တော်လဲမသောက်ဖူးတော့ မသိဘူးဗျ မဟုတ်မှ မမ... "
"သောက်ကြည့်ကြမလား "
"ဟမ် "
"ဒီနားက နီးတဲ့ဆိုင်ထဲ၀င်လိုက်ကွယ် မြည်းစမ်းကြည့်ရအောင် "
"မဟုတ် ဟုတ်သေးဘူးလေမမရယ် "
"ဟုတ်ပါတယ် မိုးညိုရဲ့ "
"အိမ်ပြန်မယ်ဆိုမမရယ် ဒေါ်လေးစိတ်ပူ .."
"စကားတွေရှည်လိုက်တာကွယ် မင်းမလိုက်ရင်နေ မမတက္ကစီ ငှားသွားမယ် "
"အာ လိုက်မှာပေါ့ လိုက်မယ်နော်"
အမြန်ကားပေါ်တက်ကာ အနီးနားက ဘီယာဆိုင်ဟုထင်ရသောဆိုင်တစ်ဆိုင်ကို ၀င်ပေးရသည်။မဟုတ်လျှင် အချိန်မရွေးကားပေါ်ကဆင်းသွားနိုင်သည်လေ။
"ရောက်ပြီလား ဆင်းကြအောင်ကွယ် "
"မမ တကယ် ၀င်မလု့ိလား "
ဆိုင်ထဲေ၀့၀ဲကြည့်လိုက်သည်နှင့်အများစုသည်ယောက်ျားသားများ။ ထို့ပြင်တစ်ဆိုင်လုံးဆူညံပွက်လောရိုက်နေကြသည်မို့ မိုးညို သတိပေးနေမိသည်။မမ တကယ်လုပ်မလို့လားဟု စိတ်ထဲအကြိမ်ကြိမ်မေးမြန်းနေမိသည်။
"လာကွယ် "
"နေရာတောင်မလွတ်တော့ဘူးနော်မမသက် "
" လွတ်တဲ့နေရာမရှိရင် ရှိတဲ့နေရာထိုင်မယ် "
မမသည် မမ မဟုတ်သလို ဆိုင်ထဲသို့ရှေးရှူ၀င်ချသွားလေသည်။ဘုရားကယ်ပါဟုပင် မ တ နိုင်လိုက်ပါ မမသည် စားပွဲခုံတစ်ခု၌၀င်ထိုင်ပြီးဖြစ်လေသည်။
"မိုးညို လာ ဒီမှာလာထိုင် "
သူ့ကိုပါ နေရာပေးနေသည်မို့ အပြေးအလွှား၀င်ထိုင်ရ၏။
"ဘာများသုံးဆောင်မလဲ အမ "
"ဒီဆိုင်ကအပြင်းဆုံးဆိုတဲ့အရည်ကိုပေးကွယ် "
"ဟာ မမ မဟုတ်ဘူး ညီလေး ရိုးရိုး ၀ိုင်တစ်ခွက်ပဲပေးပါနော် "
"မဟုတ်ဘူးေမာင်လေး အပြင်းဆုံး ချပေး "
"မမ "
"မိုးညိုမင်းဒီနေ့သိပ်လေရှည်တယ်ကွယ် ပြန်မပြောစမ်းနဲ့ မောင်လေး အမမှာတာချပေး "
"ဟို ကျွန်တော် Toilet လေး၀င်ချင်လို့ဗျ "
"ရပါတယ် အကို ဒီဘက်မှာပါ "
"ညီလေးလိုက်ပြပေးလို့ရမလား "
တမင် ၀ိတ်တာကောင်လေးအားခေါ်ယူ၍၀ိုင်တစ်ပုလင်းသာချပေးရန် နှင့်သူ့အတွက် စပါကလင် အချိုရည်တစ်ခွက်ကို တိတ်တဆိတ်မှာယူရသည်။ဒေါ်လေးကိုလဲ ဖုန်းလှမ်းမဆက်ရဲပါ။ သရဖီကိုကလဲ အဆက်သွယ်မရ ။ခေါင်းကိုတဗျင်းဗျင်းကုတ်ရင်း မမအနား၀င်ထိုင်ရသည်။
အနားရှိ၀ိုင်းမှ မကောင်းလှသောအနံ့အသက်များနှင့်အတူ ညစ်ထေးထေးစကားသံများကျယ်လောင်စွာထွက်ပေါ်လျက်ရှိသည်။သူမမသက်အနားတမင်တိုးကာထိုင်လိုက်၏။ရီေ၀နေသောယောက်ျားသားတစ်ချို့၏တဏှာအကြည့်များသည် မမသက်ထံစုပြုံရောက်ချလာသောကြောင့်ဖြစ်သည်။
"မမ သက် "
"အွန်းးး ဆို"
မမက စားပွဲပေါ်လက်တစ်ဖက်မေးထောက်ရင်းရှေ့တည့်တည့်မျက်နှာမူကာသူ့ကိုမကြည့်ဘဲဖြေ၏။
"..."
"ပြောကွယ် မမနားထောင်နေတယ်"
ထိုစဥ်၀ိတ်တာကောင်ကလေးပြန်လည်ရောက်ရှိလာသည်။သူ မသိမသာမေးဆတ်ပြတော့ ခေါင်းအသာညိမ့်ပြ၏။
"ရပါပြီအမ "
"ဒါ မင်းတို့ဆိုင်ရဲ့ အပြင်းဆုံးအရည်တွေလား "
"ဟုတ်ကဲ့အမ ဒါအကို့အတွက်ပါ"
"ကောင်းပြီကွယ် "
"ကျေးဇူး ညီလေး"
မမကပြောပြောဆိုဆိုနှင့်ပုလင်းအဖုံးကိုတစ်ချင်ထဲဖဖွင့်ချသည်။ဖန်ခွက်ထဲအပြည့်ဖြည့်ကာနှာခေါင်းကိုပိတ်လျက် မတုံ့မဆိုင်း မော့ချပစ်၏။
"ဟာ မမ "
အေးစိမ့်စိမ့်အနီရောင်အရည်များသည်သူမလည်မြိုတစ်လျှောက်ကန့်လန့်၀င်သွားသလိုခံစားရ၏။
"အဟွတ် ဟွတ် ခု ခိ "
"မမ ရရဲ့လားဟင် ဖြေးဖြေးသောက်ပါမမရယ် သောက်ဖူးတာလဲမဟုတ်ဘဲနဲ့ "
"ရ ရတယ် မိုးညို "
"ဟာ မမ "
မိုးညိုကိုလက်ကာပြရင်းသူမထပ်မံ၍ထိုအရည်နီနီများကိုဆက်ကာဆက်ကာမော့ချပစ်သည်။
ပထမဆုံးတစ်ခွက်သည် အ၀င်မတော်၍ တီး သွားသော်လဲ နောက်ခွက်များတွင်ချောချောချူချူလည်ချောင်းထဲဆင်းသွားသည်။သို့သော် သူမ ရင်မှပူလောင်မှုသည် အေးမြမသွား။ခံစားနေရသောေ၀ဒနာများသည်လဲသက်သာ လျော့ပါးမသွားပါ။အပြင်းဆုံးအရည်တွေကလဲ ဘာမှလဲမခံစားရပါလား။
" မပျောက်ဘူးပဲ ဟင့်"
"ဗျာ မမ ဘာပြောတာလဲ "
"နောက်တစ်ပုလင်းထပ်မှာပေး "
"ဟာ မမ များနေပြီလေ တော်ရအောင်နော် ဒေါ်လေးစိတ်ပူ "
"ရှူးးး မိုးညို အရမ်းစကားများတယ် ဟင့် ဟင့်"
ရီေ၀ေ၀အကြည့်များနှင့် လက်ညိုးကိုနှုတ်ခမ်းပေါ်တင်ကာ သူ့ကိုအပြစ်တင်နေသည်။ငိုနေသောကြောင့်နာဖျားများရဲရုံမက ပါးမို့မို့လေးသည်လဲနီမြန်းနေလေပြီ။နားရွက်ဖျားလေးများလဲ ရဲနေလိမ့်မည်ဟုမိုးညိုခန့်မှန်းမိပါသည်။
"ဒီက ဖြိုးသက်ထက်ဇော်မလားဟင် "
"ဟင် ဘယ် သူလဲ ဘယ် ကလဲ "
မမသည်လေးပင်သောစကားလုံးများဖြင့်ဗရောဗထွေးမေးမြန်းနေသည်။ထိုအမျိုးသမီးကိုသူ မမြင်ဖူးပါ။မမနှင့်လဲတစ်ခါမှ မတွေဖူးပါ။မိုးညိုအရောင်လက်သောမျက်လုံးများဖြင့်အားကိုးတကြီးကြည့်မိ၏။
"ဟုတ်ပါတယ်ဗျ ဒီကအမက သိသလား "
"သိတာပေါ့ ဖြိုးသက်ထက်ဇော် တို့ကိုမှတ်မိလား "
"ဟင် ဘယ် သူ လဲ မ သိ ဘူး"
မမသည်မှောက်လုလုနီးပါး ခေါင်းကိုမတ်ကာ နားထင်စပ်မှဆံနွယ်များကိုသပ်ရင်းဘူးခါနေသည်။မမသေချာကောမြင်ပါရဲ့လားမသိပါ။
"အဟင်းးး ရှင်မသိတာဖြစ်နိုင်ပါတယ် တို့ကတော့သိတယ် "
"မိုး ညို သူ ဘယ် သူ လဲ "
ထိုမိန်းကလေးအားလက်ညိုးထိုးကာ သူ့ကို လာမေးနေသည်။
"မမ အရမ်းမူးနေတယ် ပြန်ရအောင်နော် မမနော် "
"မ ပြန် ဘူး နောက် တစ် ပု လင်း မှာ ပေး လို့ "
"အာ အမဘယ်သူဖြစ်ဖြစ် အားနာပါတယ်ဗျာ လောလောဆယ် ကျွန်တော့်ကို ကူဖျောင်းဖျပါအုံး မမသက်အရမ်းမူးနေပြီ "
"ဟုတ်ပြီ မောင်လေး "
"မမလာလာ "
"မ ပြန် ဘူး လွှတ် "
ကိုယ့်ကိုယ်ကိုယ်ပင်မနိုင်နင်းစွာ ကယိမ်းကထိုးနှင့် ရုန်းကန်နေသည်။
မမအား နှစ်ယောက်သားထိန်းချုပ် တွဲကာ ကားပေါ်မနည်းဆွဲတင်ယူရသည်။
"အကို ၀ိုင်းမရှင်းရသေးဘူး အော် အမ "
"ရတယ် အမ အသိတွေ စာရင်းမှတ်ထားလိုက်နော် "
"ဟုတ်ကဲ့အမ "
ဘီလ်စာရွက်နှင့်အတူ သူတို့နောက်ပြေးလိုက်လာသောကောင်လေးသည်တစ်ချက်ထဲပြန်သွား၏။ထိုအမျိုးသမီးသည်ဆိုင်ရှင်ဖြစ်လိမ့်မည်။
"ရတယ် အမ ခုရှင်းလိုက်မယ်နော် "
"ရတယ် မောင်လေး သူ့လိပ်စာလေးသာပေးခဲ့ပါ အမ တို့ပြောစရာတွေရှိတယ် "
"မမသက်က လိပ်စာကဒ် မထားဘူးအမ ဒါကျွန်တော့်လိပ်စာကဒ်ပါ အမဆက်သွယ်နိုင်ပါတယ်ဗျ "
"ကောင်းပြီကွယ် ထပ်တွေ့ကြမယ် "
"ဒါနဲ့အမနာမည်က "
"ကေသီ "
"ဟုတ်ကဲ့မကေသီ ခွင့်ပြုပါအုံး "
တစ်လမ်းလုံး ဒေါ်လေးအားမည်သို့ရှင်းပြရမလဲမိုးညိုမသိတော့ပါ။မမကတော့နောက်ခန်းတွင်ယောင်ရမ်းရင်းလိုင်ပါလာသည်။ တစ်ချက်တစ်ချက်ငိုရှိုက်နေသေးသည်။
YOU ARE READING
ရင်ခွင်ဦး
Romansaချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။