ရွာအ၀င် ခြံ၀န်းကြီး၌ ရွာသူရွာသားအပေါင်းတို့ တဆူဆူ တညံညံနှင်လုပ်အားပေးနေကြ၏။ အနှစ်နှစ် အလလမျှော်မှန်းခဲ့သော သူတို့၏အိမ်မက်ကြီးတကယ်ဖြစ်လာတော့မည်။
"ဟေ့ တက်တိုး ရေေနွးကြမ်းနဲ့ဆေးလိပ် ဟိုဘက်ပေးချေအုံးကွာ "
"ဟုတ်ကဲ့ ဦးကြီး "
ဦးကြီးသာရင်က ခဏတဖြုတ်အမောဖြေရင်း တက်တိုးအားရေနွေးပွဲတွေနေရာချခိုင်းနေ၏။
"လက်ဖက်သုပ်လဲ ရပြီနော် ဦးကြီး။ ဒီမယ် "
"အေးအေး ငါ့တူမ ။ဟ မြို့က ကလေးမလေးတွေကော ဘာလို့လိုက်လာကြတာလဲ "
"ဟာ ဦးကြီးရယ် ကျမတို့လဲ ကာယလုပ်အားမတတ်နိုင်တော့ ဉာဏလုပ်အားထည့်ရအောင်ပေါ့ "
"ဟုတ်ပြိိကွာ ကြည့်ပြီး လိုတာပြောပေးပါအုံး "
"ဟေးးဖိုးညိုတို့ အောင်မောင်းတို့ နားကြအုံးခဏ လာလက်ဖက်သုပ်လာစား"
"အမလေး ဦးကြီးသာရင်က သူ့ လူငယ်တွေပဲပင်ပန်းတယ်ထင်ေနတာ။ ကျမတို့လည်းပင်ပန်းပါတယ်နော် "
"ဟ အေးပါ လုံးတင်ရာ ။နင်ကလဲ နင်တို့အပျိုဖွဲ့အတွက် အဖို့ လာယူလေ "
"ဟာ မရဘူး မလုံးတင် အဲတာ ကာလသားေတွဖို့ "
"ဟင် ဆရာမက ဘက်လိုက်ချက်ပဲ ။ဒါဆိုကျမတို့က ရေသောက်ပြီးလုပ်ရမှာလား "
"မဟုတ်ပါဘူးဗျာ ။ဒီမှာ မလုံးတင်တို့အတွက်မြေပဲကြော်နဲ့ ချင်းသုပ်တဲ့ဗျ ။ မမကိုယ်တိုင် သေချာသုပ်ပေးထားတာနော် ရှယ်ဗျ ရှယ် "
"ဟေးးး ။ဒါမှ တို့ဆရာမ ။ အဲတာကြောင့်ချစ်နေရတာ အူးးးးမွ"
အားရကျေနပ်စွာ သူမအား အာဘွား အကြီးကြီးပေးနေသောမလုံးတင်ကို အားလုံးသဘောတကျ ရယ်မိကြ၏။
"ဟေ့ မိလုံးတင် စိတ်လျှော့စိတ်လျှော့။ ရော့ ဒီချင်းသုပ်စား ပြီးတော့ ရှင့်ပါးစပ်ကြီးကိုပိတ်ထား "
"အမလေး မမပန်းရယ် ကျုပ်က တော့်ဆရာမလေးကို မလုယူပါဘူးနော် ။အဖြစ်သည်းနေလိုက်တာ။ တကယ်တည်း "
မလုံးတင်အဖြေကို မိုးညိုတို့က သဘောပေါက်သော်ငြား ရွာသားများမှာတော့ အင်တင်တင်ဖြစ်သွားကြ၏။သို့သော် ဘာမှမဟုတ်သကဲ့သို့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြပြန်၏။
မလုံးတင်အမေဆေးရုံဆင်း၍ပြန်လာသည့်နေ့ကတည်းက မလုံးတင်နှင့်ကိုတို့ စတင်သိကျွမ်းခဲ့ခြင်းဖြစ်၏။ အဲတုန်းကတော့ မလုံးတင်ဟာ ကို့ကို စွာလိုက်သည့်ဖြစ်ခြင်း။အခုတော့တစ်ယောက်ကလဲ မိလုံးတင်၊တစ်ယောက်ကလည်း မမပန်း အတော်ကိုဟုတ်နေကြ၏။ သရဖီ ဆိုတော့ ပန်းပဲပေါ့ မမပန်းပဲခေါ်မယ်လေနော့ ဟုဆိုကာ မလုံးတင်က ကို့ကိုအမည်သစ်မှည့်ကာခေါ်လေသည်။ထိုနေ့က ကိစ္စကို သူမ ပြန်မြင်ယောင်မိသေးသည်။ အဲဒီနေ့က မလုံးတင်သူမအား မည်မျှဂရုစိုက်သည်ဆိုတာကိုလည်းသူမ အသေချာသိခဲ့ရပါ၏။
YOU ARE READING
ရင်ခွင်ဦး
Roman d'amourချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။
