"ညီမလေး "
"တီးရေးး "
အခန်းထဲ၀င်၀င်ချင်းပြိုင်တူခေါ်လာသောသူတို့နှစ်ယောက်။ကုတင်ပေါ်လှဲလောင်းနေရင်းမှ အသံလာရာလှည့်ကြည့်မိသည်။အသိစိတ်ကသိသော်ငြား သူမ ဆွံ့အစွာပင်နေမိသည်။
"မမငြိမ်းကို မှတ်မိရဲ့လား ညီမလေး "
"မေမေ မေမေ တီရေးက မီးကိုမချစ်တော့လို့လားဟင် မီးကိုခေါ်ဘူးးအီးးးး"
ရုတ်တရက် ထ ငိုသော ကလေးငယ်ကြောင့်သူမ ကပျာကယာ ကုတင်ပေါ်မှဆင်းကာ ပွေ့ချီမိ၏။စိတ်စေရာပါပဲ။သို့သော်နှုတ်မှ ဘာမှမပြောမိသေး။မပြောနိုင်။
"မငိုပါနဲ့ ။မငိုပါနဲ့ကွာ "
ထိုစကားမှလွဲ၍သူမ ဦးနှာက်ကထပ်မနှိုးဆော်တော့။
"သမီးးး မေမေ့ဆီလာ ။တီလေးကနေမကောင်းလို့ပါကွယ် ။မငိုရဘူးနော် ။ပေးပေး မမငြိမ်းကိုပေးညီမလေး "
ထိုအမကြီးက ပြောလဲပြော သူ့လက်ထဲမှကလေးကိုလက်လွှဲယူနေသည်။
"ဟင့်အင်းးးတီးရေးက မမဒေါက်တာလောက် မီးကိုမချစ်ဘူးး၀ူးးးးးအီးးးး"
"သမီးးရယ် တိတ်ပါကွယ် တိတ်ပါ ။ချစ်ပါတယ် ။တီလေးက မမဒေါက်တာကိုကော သမီးကိုကော အတူတူချစ်ပါတယ်ကွယ် ။နော် နော် အို့အို့ မေမေ့သမီးးး။ မငိုရဘူးနော်သမီးနော် "
"အဲချို ညနေ မမဒေါက်တာဆီပို့ပေးမှာရားး"
"အင်းအင်း။ မေမေကိုယ်တိုင်ပို့ပေးမှာပေါ့။တိတ်တော့နော် "
ထိုအခါမှကလေးသည်ကျေနပ်သွားကာအငိုတိတ်တော့၏။ဒါတောင်အနည်းငယ်ရှိုက်နေသေးသည်။
"အမ ထိုင်မယ်နော် "
သူ့အား ခွင့်တောင်းကာမေးနေသောအမျိုးသမီးကို သူမ သေချာကြည့်နေမိ၏။သူတို့ပြောဆိုနေသောစကားများကိုလိုက်မမှီတော့။မမဒေါက်တာကဘယ်သူလဲ။ခေါင်းထဲရှုပ်ထွေးစွာ စဥ်းစားရပြန်ပြီ။သိနေသော်လဲ သူမ မသိဖြစ်ရပြန်သည်။
"မမ ပြန်မိတ်ဆက်ပါ့မယ်ကွယ်။ မမနာမည် ငြိမ်းချမ်းမေ ပါ ။ညီမလေးရဲ့ယောင်းမ ပေါ့။ဒါ မမ သမီးလေး ဆောင်းသဇင်လေ။ ညီမလေး သတိရလားဟင်"
မမငြိမ်းရှင်းပြမှ သူမအသိတို့ သေချာသွား၏။
"သတိရပါတယ် ။ဒါနဲ့ ဆောင်းလေးပြောတဲ့ မမ ဒေါက် တာ ဆို တာ က..."
သူမခါင်းထဲ ထိုအကြောင်းကိုပိုမိုစိတ်၀င်စားနေသည်မို့ မ၀ံ့မရဲမေးမိသည်။
"အင်းးး မမဘယ်လိုပြောရမယ်မသိပါဘူးကွယ် "
"မထူးတော့ပါဘူး။ သမီးပြောတဲ့ သူက ဒေါက်တာ ဖြိုးသက်ထက်ဇော် တဲ့။ကလေးအထူးကုလေ ။အရမ်းလဲသဘောကောင်းပြီးအရမ်းလဲချစ်စရာကောင်းတယ်။ကလေးတွေအပေါ်နွေးထွေးလွန်းလို့ ကလေးတိုင်းရဲ့အသည်းစွဲဘုရင်မပေါ့။အင်းးး။အရင်ကဆို သူ့ကို သမီးကော ညီမလေးကောတွေ့ချင်လွန်းလို့ အကြောင်းရှာပြီးခဏခဏ သွားသွားတွေ့ကြတာလေ "
ဒေါက်တာဖြိုးသက်ထက်ဇော်။
ဖြိုးသက်ထက်ဇော်။
ဖြိုး သက် ထက် ဇော် ။
သူမေခါင်းထဲ ထိုနာမည်မှလွဲ၍ဘာမှမရှိတော့။ဒီကလေးပြောတဲ့ သူ့ထက်ပိုချစ်တာကရော ဘာတွေလဲ။သူမ ခံစားမိပြန်ပြီ။အဲစိတ်။အဲခံစားချက်။သို့သော် ဦးနှောက်ကဟအလုပ်မလုပ်။သူမနဲ့ဖြိုးသက်ထက်ဇော်။ဘာတွေလဲ။ဘာဖြစ်ခဲ့တာလဲ။
"ကျမ တကယ်ပဲ တူမလေးထက် သူ့က်ိုပိုချစ်ခဲ့တာလား "
သူမအမေးကို အဖြေခက်သွားပုံပေါ်သည်။ချက်ချင်းအဖြေမပေး။အတန်ကြာမှ
"အင်းးဆိုပါတော့ကွယ် သမီးလေးကို တော့ ညီမလေးက မီး မီးလေး ဆိုပြီးပါးစပ်ကမချအောင် ချစ်ပြီး သူ့ကိုတော့.... "
ဂျင်မ်အခန်းထဲ၀င်လာသည်။သို့သော်သူမ စိတ်တို့ သူ့ထံမရှိပါ။မမငြိမ်းခေါ် သူ့ယောင်းမထံတွင်သာရှိသည်။
"ဆက်ပြောပါ ...."
"သူနဲ့ပတ်သက်တာနဲ့ ပြုံးနေအောင်။သူ့အကြောင်းကြားတာနဲ့ ကျေနပ်နေအောင် ။သူ့ကိုမြင်တာနဲ့ အရာအားလုံးမေ့သွားသည်အထိ ညိီမလေးရဲ့ခံစားချက်တွေရှိခဲ့တာလေ။ "
မိုးကြိုးအခါတစ်ရာလောက်ပစ်သွားသလို။ဦးနှောက်သည် နောက်ကျိသွား၏။အားးး။
နားထင်အားလက်နှင့်ဖိရင်းးသူမ အသည်းအသန် စဥ်းစားရပြန်ပြီ။
"Tharaphi! Tharaphi !"
ဂျင်မ်သည်သူမအနားစိုးရိမ်စွာရောက်လာသည်။ဟင့်အင်း မလာစမ်းနဲ့။ချွတ်ယွင်းနေတဲ့သူကို အခွင့်ကောင်းယူတဲ့သူ ။မလာနဲ့ ။မလာစမ်းပါနဲ့။သူမ ဂျင့်မ်လက်ကိုပုတ်ထုတ်မိသည်။မျက်၀န်းထဲမှ မျက်ရည်စများလွင့်စင်ထွက်သွားသည်။
"ညီမလေး ရရဲ့လား ။ဟင်းးး မမငြိမ်းစကားမှားသွားတယ်ကွယ် ။မပြောသင့်တာကို "
"ဟင့်အင်းး အမ မမှားဘူး ပြောသင့်တာတွေပြောပေးတာကျေးဇူးပါ။မေမေ ဘယ်မှာလဲ ။ ခုတွေ့ချင်တယ် "
"မေမေလေး ကအပြင်မှာ ကိုနဲ့စကားပြောနေ ..."
"လိုက်ပို့ပေးပါ "
"..."
သူမအားတစ်ဖက်စီတွဲလျက် လိုက်ပို့ကြ၏။ဂျင်မ်ကတော့ ဘယ်လိုပုံစံနဲ့ကျစ်ရစ်သည်သူမသိ။မသိချင်။ဆေးရုံကြီးထဲ ရှာမတွေ့သဖြင့် မမငြိမ်းကအခန်းထဲပြန်ရန်တိုက်တွန်းသော်လည်းသူ လက်မလျှော့မိ။မေမေ့ကိုခုတွေ့မှဖြစ်မည်။အတန်ကြာရှာဖွေမိသော် ဆေးရုံအပြင်ထောင့်နား မြင်ရသောအရိပ်နှစ်ခု။
"လိုက်မပို့နဲ့တော့ မမငြိမ်း ကိုယ့်ဖာသူသွားမယ် "
မမငြိမ်းတို့အားလျှောက်လမ်းတွင်ထားရစ်၍သူမတစ်ဦးတည်း ထွက်ခဲ့၏။
YOU ARE READING
ရင်ခွင်ဦး
Romanceချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။
