မနက်ခင်းစောစောစီးစီး မိုးညိုတက်ကြွနေမိသည်။ ရေချိုးခန်း၀င်ကာရေအမြန်ချိုး၏။အ၀တ်စားလဲမည်အပြု ခါးစပ်နားမှ ပျောက်လုသော အမာရွတ်သိမ်သိမ်လေးကို စမ်းမိသည်။ အသက်သခင်နှင့်တွေ့မည်မို့အနည်းငယ်စိတ်ရှုပ်ရှားမိသည်။ထိုအမျိုသမီးသည် မည်ကဲ့သို့သောပုံစံနည်း။မှန်ထဲမှ ကိုယ့်ကိုယ်သေချာကြည့်ကာ ပြုံးမိသည်။
"သွားကြတော့မလားမာမီ "
"သားရယ် စောပါသေးတယ် မင်းမာမီကိုစောင့်ရအုံးစို့ "
"မာမီကလဲ ကြိုမလုပ်ထားဘူး "
"ဟာ ငါ့သားကအဲလောက်ကိုစိတ်လှုပ်ရှားနေသလားကွ "
ဒယ်ဒီပြောမှ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ရသည်။သူ့ပုံစံကမသိလျှင် အရေးတကြီးချိန်းဆိုထားသည့်နေရာသို့သွားမည့်သူလို အလေးထားနေမိသည်။အမှန်ဆို ဘယ်ချိန်သွားသွားရတာပဲမလား ။ကြိုချိန်းထားတာလဲမဟုတ်။
"နည်းနည်း..."
"ဟားဟားး ဟုတ်ပါပြီကွာ ငါ့သားရဲ့ကျေးဇူးရှင်ကို ဖေဖေသေချာကြည့်အုံးမယ်ဘယ်လိုကလေးမျိုးလဲလို့ "
"သွားကြတော့မလားသား "
"ဟုတ်ကဲ့မာမီ "
မာမီကိုယ်တိုင်ကားမောင်းမှာမို့ ဒယ်ဒီရှေ့တွင်ထိုင်စေရန် သူအလိုက်တသိနောက်ခန်းကို၀င်ထိုင်၏။
"မာမီလိုက်ပို့တုန်းကတော့ အင်းစိန်လမ်းဘက်က၀င်တာ ခုက တော့ ပြည်လမ်းဘက်ကပဲ၀င်လိုက်မယ်အင်းစိန်လမ်းဘက်ကကားရှုပ်တယ်"
"မာမီမှတ်မိရင်ပြိးတာပါပဲမာမီရယ် "
သူတို့ကားလေးသည်ပြည်လမ်းမတစ်လျှောက်ပြေးလွှားနေသည်။လှည်းတန်းဂုံးကျော်တံတားပေါ်မှ သူတို့၏ဆေးရုံအဆောက်အဦးများကို လှမ်းမြင်နေရသည်။လှိုင်တက္ကသိုလ်၀န်းဘေးမှ မြတ်လေးဆောင်၊ကေတုမတီအဆောင်တို့ကိုကျော်လွန်ကာ ယောဂီကျောင်းလမ်းထဲသူတို့၀င်ခဲ့ကြသည်။ကျေးဇူးရှင်ကမမသက်နဲ့တစ်ရပ်ကွက်ထဲဖြစ်နေမလားဟုအတွေးလွန်မိသေးသည် ။ဒါဆိုလဲကောင်းတာပဲ မမသက်အိမ်မလိုက်ရင် အပြန်သူကိုယ်တိုင်မမသက်အိမ်ကို၀င်ပစ်မည်။ဒယ်ဒီတို့နဲ့မိတ်ဆက်ပေးမည်။မိုးညိုကိုယ့်အတွေးနဲ့ကိုယ်ကျေနပ်ကာပြုံးမိသည်။ စပါယ်ခြံ၂လမ်းထဲအကွေ့ မှသူအသိပြန်ကပ်သည်။
"မာမီ ဘာလို့ရပ်လိုက်တာလဲ "
"ဟော် သားရောက်ပြီလေ မာမီပြောတဲ့အိမ်ဒီအိမ်ပဲ "
"ဗျာ! "
မာမီသည်မမသက်အိမ်ရှေ့ရပ်ထားသည်မို့ မိုးညို မယုံကြည်နိုင်ဖြစ်နေ၏။မမသက်တစ်ခါမှ ဒီအကြောင်းမပြောဖူးပါ။နေအုံး ခုမှ သတိရသည်။
{မိုးညိုလဲ ခွဲခန်း၀င်ဖူးသလား }
{မမလဲအဲလိုမျိုးကိစ္စတွေရှိခဲ့ဖူးတယ်ကွယ် တကယ်တန်းကျ ခဏလောကကြိးကိုမေ့သွားသလိုပါပဲနော် }
{ လူတစ်ယောက်ကိုကယ်နိုင်လိုက်တဲ့ခံစားချက်ကဘယ်လောက်တောင်ကောင်းလိုက်သလဲ မင်းသိလား}
မမသက်ပြောခဲ့ဖူးသောစကားများကိုနားထဲပြန်ကြားနေမိသည်။ဒါဆို သူ့ကျေးဇူးရှင်ဟာ မမ မမသက်ဖြစ်နေတာပေါ့။
"ဟော သားမောင်မိုးညို အလည်လာတာလား အို မိသားစုကောပါလာသလားလာပါလာပါ အိမ်ထဲကြွပါရှင် "
သူ့အားခရီးဦးကြိုပြုနေသောဒေါ်လေးနီကိုမာမီကောဒယ်ဒီပါ အံ့သြစွာကြည့်နေကြ၏။
"သား သိနေတာလား "
"သားနောက်မှရှင်းပြမယ်မာမီ လောလောဆယ်အိမ်ထဲ၀င်နှင့်ပါ "
"လာကြပါရှင် ထိုင်ပါအုံးကျမ သောက်စရာတစ်ခုခုပြင်လိုက်ပါ့မယ် "
"ရတယ် ရတယ် အမက အသက်ရဲ့မေမေလား"
"ဟုတ်ပါတယ်ရှင် သမီးကဆေးခန်းသွားပါပြီ ဘာကိစ္စရှိလို့ပါလဲ "
" အော် ဆေးခန်းဖွင့်ထားသလား ကိုယ်ပိုင်လားအမ "
"ကိုယ်ပိုင်တော့ကိုယ်ပိုင်ပေါ့ကွယ် ဒီနားကတိုက်ခန်းမှာ ငှားပြီးဖွင့်နေပါတယ် "
"ကျွန်တော်တို့က ဒီက မိုးညိုရဲ့မိဘတွေပါ ကျွန်တော့်သားလေး အသက်ကိုကယ်တင်ခဲ့တဲ့ဟော့ဒီက အမကြီသမီးကို လာပြီးကျေးဇူးတင်ကြောင်းလာပြောတာပါ အမကြီးတို့ အကူညီလိုရင်လဲပြောပါကျွန်တော်တို့ဘက်ကအတတ်နိုင်ဆုံးကူညီမှာပါ "
"အသက်ကိုကယ်တင်တယ် "
"ဟုတ်ကဲ့ခင်ဗျ "
သမီးလေးသူမကိုဘာမှမပြောထားပါလား ။
"ကျမကလဲအသက်ကြိိးပြီဆ်ိုတော့ဘာမှလဲမသိပါဘူးရှင် သမီးကိုဖုန်းဆက်ပြီးခေါ်ပေးမယ်နော်ခဏလောက်စောင့်ပါ "
အမျိုးသမီးကြိိးသည်ဖုန်းခေါ်ရန် ခလုတ်များကိုနှိပ်နေခိုက် ယဥ်လေးဆွေမျက်စိကစားမိ၏။အိမ်အခြေနေကတော့ ကောင်းကောင်းမွန်မွန်ရှိပုံပေါ်ပါသည်။အမျိုးသားကိုမမြင်၍ဟိုဟိုဒီိဒီ ရှာမိတော့မှ သူမ၏အံ့သြမှုတို့သည်အရှိန်အဟုန်ပြင်းထန်သွားခဲ့၏။
"ဟင် ဒါ ဒါ ဦးစိုးတင့်မလား "
"ရှင်ဟုတ်ပါတယ် ကျမအမျိုးသားပါ ခုတော့မရှိတော့ပါဘူးရှင် "
"မမနီ အမကမမနီပေါ့ "
"ဟုတ်ကဲ့ ကျမနီနီပါ ဘာဖြစ်လို့ပါလဲရှင် "
"ကျမကိုမမှတ်မိဘူးလား မမနီ ကျမယဥ်လေးဆွေလေ "
"ဟင် ယဥ်လေးဆွေ ဒေါက်တာယဥ်လေးဆွေ "
သူမလက်ထဲမှ တ တူတူ၀င်နေသောဖုန်းခွက်သည်အောက်သို့ရုတ်ချည်းလွတ်ကျသွား၏။
"မမနီရယ် အိုစာသွားလိုက်တာ ကျမကိုမမှတ်မိဘူးလားဟင် ဦးတင့်ဘယ်တုန်းကဆုံးသွားတာလဲ "
"မမနီဘာလို့ ဘာမှမပြောဘဲထွက်သွားခဲ့တာလဲ "
"ဒီ့တိုင်းပါပဲဒေါက်တာရယ် "
တစ်ယောက်နှင့်တစ်ယောက်ပွေ့ဖက်ကာ ငိုကြွေးနေမိကြသည်။သူမ အသက်ကြီးလာ၍ဖြစ်မည် ဒေါက်တာ့ကိုတောင်မမှတ်မိတော့ ။
ဒီတစ်ခါ ကြောင်သွားရသူများမှာ မိုးညိုနှင့်ဒယ်ဒီ ။
"ကဲ သေချာလေးရှင်းပြကြပါအုံး ကိုယ်တော့နားကိုမလည်တော့ဘူး ဆွေရယ် "
"ကိုညိုမှတ်မိလား ဆွေဆေးရုံကြီးမှာ လခစား၀င်လုပ်တုန်းကလေ ဆွေပောပြောနေတဲ့မိသားစုလေ "
"သြော် သိပြီသိပြီ "
"မမနီ သမီးလေးကောအဲနှစ်က ၁၀တန်းကိုအောင်ခဲ့ရဲ့လား "
"အောင်တယ်ဒေါက်တာ သမီးကအခုဆရာ၀န်ကြီးဖြစ်နေပြိိ"
"တော်လိုက်တဲ့ကလေး "
"မာမီ မမသက်ကိုသိနေသလား "
"သိတာတော့ကြာပါပြီသားရယ် မြင်ဖူးတာက ဟိုတနေ့ကမှမြင်ဖူးတာ "
"ဒါနဲ့ ဒေါက်တာတို့ချူချာလှတဲ့ သားလေးက မောင်မိုးညိုပေါ့ ဟုတ်သလား "
"ဟုတ်တယ် မမနီ မမနီသမီးလေးကျေးဇူးနဲ့ ကျမသားလေး ခုလို ကျန်းကျန်းမာမာကြီးပြင်းလာခဲ့တာ "
"သမီးနဲ့ ဘယ်တုန်းကတွေ့လို ဘယ်လိုတွေ "
"သမီးလေးလာမှ မေးကြည့်ပေါ့မမနီ "
"ကလင် လင် လင်.."
'ဟယ်လိုသမီး မောင်မိုးညိုတို့ရောက်နေတယ် သမီးခဏလောက် အိမ်ပြန်ခဲ့ပါကွယ် မြန်အောင်ဆိုက်ကားငှားခဲ့နော်သမီး ´
"ကျွန်တော်သွားခေါ်လိုက်မယ်လေ ဒေါ်လေး "
"ရတယ်ရတယ် သားလေး "
YOU ARE READING
ရင်ခွင်ဦး
Romanceချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။