အတိတ်ရဲ့တစေ့တစောင်းကိုသတိရမိပြန်တော့ သရဖီကို့နှလုံးသားတို့သည် တဒိန်းဒိန်းခုန်လို့လာပြန်ပြိီ...။
"ကျွတ်စ်..ဒီမိန်းမငါ့ကိုဘယ်အထိများပြုားနေမှာလဲမသိဘူး"
အတွေးလွန်ပြီးသတိရကာ နောက်ပြန်လှည့်ကြည့်မိမှ...။
"ဟာ....မိီးးးလေး"
ကားနောက်ခန်းတွင်မေ့မျောနေသောတူမငယ်အားပွေ့ဖက်ပြိီးဆေးရုံဆီသို့...။
"ဘယ်လိုဖြစ်ရတာလဲညီမလေးရယ် ကိုကိုကြီးဖြင့်စိတ်ပူလိုက်ရတာ နင်နဲ့တော့လေ ..တော်သေးတာပေါ့ အရမ်းကြီးမဖြစ်သွားလို့..။
မာန်ခံလိုက်ရသော်လဲကိုကိုကြီးကို သရဖီိမကြောက်ပါ။
"ကိုကိုကြီးကလဲ အဲတာညီမလေးကြောင့်မဟုတ်ဘူး..."
"ဟ ..နင့်ကြောင့်မဟုတ်လို့ငါ့ကြောင့်လား ပြော.."
"တော်ပြီကွာ အိမ်ပြန်တော့မယ် နားငြီးတယ် နောက်မှထပ်တွေ့မယ်"
"မေမေ့ကိုပြောလိုက်အုံး အရမ်းကြီးစိတ်မပူဖို့"
အင်းးဟုသောအသံနှင့်ခေါင်းတစ်ချက်ညိမ့်ကာ အိမ်ကိုတန်းပြန်ခဲ့သည်။
အခန်းထဲ အိပ်ရာပေါ်ပစ်လှဲချရင်းမျက်နှာကျက်ဖြူဖြူကိုမြင်တော့ မဆီမဆိုင် ထိုမိန်းမက ဖြတ်ခနဲအတွေးထဲ၀င်ရောက်လာပြန်သည်။
"ဟူးးးးး အသက်...အသက်"------
"ဒေါက်တာ ဒီနေ့စောပြန်မှာမလား ညနေဘက် ကလေးတွေမကျပါဘူး မိုးပွင့်ကြည့်ထားပေးမယ်လေ ဒေါက်တော့မေမေလဲအိမ်မယ်တစ်ယောက်တည်းမလား"
"အွမ်းးး အားနာပေမဲ့မိုးပွင့်ကိုပဲအားကိုးရတော့မယ်"
"ရပါတယ်ဒေါက်တာရဲ့ ဒီေန့ဒေါက်တာအရမ်းပင်ပန်းထားတာကို"
အသက်အားနာစွာစကားဆိုတော့မိုးပွင့်ကအလိုက်တသိပြောရှာသည်။ကျေးဇူးင်စွာပြုံးပြ ရင်း..။
"ဟုတ်ပြီ ဒါဆို မိုးပွင့်ကိုအပ်ခဲ့မယ်နော်"
"ဟုတ်ကဲ့ဒေါက်တာ ဒါနဲ့ ဟိုလေ..."
"အွမ်းဆိုလေမိုးပွင့်ရဲ့ဘာပြောချင်လို့လဲ"
"မနက်က ဟိုမမနဲ့ မီးမီးလေးအဆင်ပြေရဲ့လားလို့ပါ ခါတိုင်းလိုသူ့မေမေလာမပို့ဘူးနော် အဲမမကလဲချက်ချင်းကြီးကြိမ်း၀ါးပြီးဒေါသတွေထွက်နေတာ မိုးပွင့်တောင်လန့်မိတယ်"
မိုးပွင့်ပြောမှ အသက်ကို့ကိုသတိရသည်။တနေကုန်ကလေးတွေပေါ်အာရုံထားမိတော့ကိုကို့မေ့လျော့သွားခဲ့သည်လေ။
"အွန်း မီးငယ်လေးအဒေါ်လေ"
"ဟော် ဒေါက်တာနဲ့အသိတွေလား.."
အသက်ပြုံးမိသည်။အင်းးးအသိဆိုတာထက်ပိုမယ်ထင်ရဲ့။
"ဆိုပါတော့ကွယ်...ကဲမမပြန်တော့မယ် မိုးပွင့်လဲမိုးချုပ်အောင်မနေနဲ့နော်ဂရုစိုက်ပြန်ကြားရဲ့လား"
"ဟုတ်ကဲ့ပါဒေါက်တာရဲ့"
မိုးပွင့်သည် သူမဆေးခန်း၏အကူနာ့စ်မလေးတစ်ယောက်ဆိုသော်ငြား ညီအမများကဲ့သို့တရင်းတနှီးရှိလှပါသည်။တစ်ခါတရံသူမ မအားလျှင်တောင် မိုးပွင့်က တစ်ယောက်တည်းဆေးခန်းကိုကြည့်ပေးထားတတ်သည်။ငယ်ရွယ်သူဖြစ်သည့်အလျှောက် သွက်သွက်လက်လက်နှင့်အားကိုးရသည်။ထို့ကြောင့်လဲသူမတို့ဆက်ဆံရေးသည်အလုပ်သဘောမကဘဲညီအမဆက်ဆံရေးဖြစ်နေခြင်းပင်။
အိမ်ပြန်လမ်းတစ်လျှောက် အသက်၏စိတ်အစဥ်သည် သရဖီကိုဟူသော ကို့ထံသို့ပျံသန်းရောက်ရှိနေပေသည်။
ကို သာ သူမအနားမှာခုချိန်ထိရှိနေခဲ့လျှင်။
အို.....ငါဘာတွေတွေးနေမိပါလိမ့်။
အတွေးစတို့ကိုဖြတ်ပစ်ရင်းအိမ်တံခါး၀မှ မေမေ့ကိုအပြုံးဖြင့်နှုတ်ဆက်ရသည်။
"သမီးလေး ပင်ပန်းလာပြီကွယ်ရေမိုးချိုး မေမေသမီးအကြိုက်တွေချည်းချက်ထားတယ်"
"ဟုတ်မေမေ "
"ငါ့သမီးလေး မိဘအကျိုးပြုရတာပင်ပန်းလှပါပြီကွယ် "
မေမေ့စကားသည် မည်သည်ကိုရည်ညွှန်းမှန်းမသိပေနဲ့အသက်မျက်နှာမပျက်ပြုံးကာစကားပြန်ရသည်။
"မဟုတ်တာ မေမေကကလဲ သမီးရေချိုးတော့မယ်နော်မေမေ"
"အေးအေး သမီးအမြန်ချိုးနော် အအေးပတ်မယ်"
ဟုတ်ကဲ့မေမေ ဟု စကားပြန်ပြီးရေချိုးခန်းထဲအပြေးသွားရသည်။ဆောင်း၀င်ပြီမို့ညနေဘက်အအေး၀င်နေလေပြီ။
YOU ARE READING
ရင်ခွင်ဦး
Romanceချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။