part 35

3.3K 131 7
                                        

"ဒေါ်သရဖီ ရောက်လာပြီလား။ ဒီမှာ ဒါကျွန်တော့မိတ်ဆွေ ဦးသာရင်တဲ့ ။ခများကို ဟိုတစ်ခါ ပြောထားတဲ့တစ်ယောက်ပေါ့ဗျာ "
"တွေ့ရတာ၀မ်းသာပါတယ်ဦးလေး။ ဦးလေးတို့လို အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေဆီ လှူချင်နေတာကြပါပြီ"
"ကျေးဇူးပါ သူဌေးတို့ရယ် ကျွန်တော်တို့ဆီမှာလဲ ။ခုမှ  ဆေးကုပေးမဲ့ ဆရာမလေး ရှိလာလို့ပါဗျာ မဟုတ်ရင် ဆေးရုံကြီးက ဒီ့အတိုင်းရှိနေမှာ ။ခုလို သူဌေးတို့က လိုအပ်တဲ့ဆေး၀ါးမှန်သမျှ ထောက်ပံ့မယ့်အပြင် ဆေးရုံကြီးဖွင့်လှစ်နိုင်ဖို့ကူညီမယ်ဆိုတုန်းက ကျုပ်ဖြင့် ၀မ်းသာလွန်းလိုက်တာဗျာ "
"အာ သူဌေးမဟုတ်ပါဘူးဦးလေးရယ် အဆင်ပြေသလိုပဲခေါ်ပါ "
"ဟုတ်ကဲ့ပါဗျာ "
"ကဲ ဒေါ်သရဖီကို  ကြုံတုန်းလေး ကျန်းမာရေးမှူးတွေနဲ့စကားလေးပြောရအောင် လာဗျာ "
"ဟုတ်ကဲ့ ကောင်းပါပြီ "
ဦးတင့်ဇော်ခေါ်ရာနောက် သူမ မငြင်းဘဲလိုက်ခဲ့ရ၏။
တိုင်းအဆင့်ကျန်းမာရေး၀န်ကြီးမလား။ ငြင်းရန်မသင့်ပေ။ မိုးညိုကတော့ ခရီးပမ်းလာသည်ဆိုကာ ​ော်တည်တွင်နားကျန်ရစ်သည်။အင်းလေ တစ်လမ်းလုံးသူချည်းမောင်းလာတာပဲမဟုတ်လား။မိုးပွင့်ကတော့  အကိုမပါရင်မလိုက်ဟုဆိုကာ တမင်နေရစ်သည်။

"ဦးကြီးသာရင် လိုအပ်တဲ့ပစ္စည်းတွေ အသက်၀ယ်ခဲ့ပြီနော် ။ဦးကြီးပြောတဲ့အလှူရှင်က လာကောလာအုံးမှာလားရှင့် မိုးတောင်ချုပ်နေပြီ "
"ငါ့တူမရယ် ခုပဲ ဦးကြိီးသူနဲ့စကားပြောလာတာ ။သူပုံစံကသဘောကောင်းပုံပဲဟေ့ ။ ငါ့တူမ ဆန္ဒတွေပြည့်၀တော့မယ်နဲ့တူတယ် "
"အမယ်လေး ။ မယုံရဲပါဘူးဦးကြီးရယ် အဲအလှူရှင်က ဦးကြီးတို့ရွာ မလိုက်ဖူးသေးလို့ပါ ။ မဟုတ်ရင် လမ်းမြင်တာနဲ့ ပြန်ပြေးမှာ သိလား"
"အံမာ  ညည်းလာတုန်းကကော ပြန်ပြေးလို့လား ။ ငှက်ဖျားနဲ့သေမလိုဖြစ်တာတောင် ငါ့ရွာကို မခွာနိုင်ဘဲ နေတဲ့သူကများ "
"အဲတုန်းက အသက် ကားမူးပြီး ဘာမှ မသိအောင်အိပ်ပျော်နေလို့ပါနော် ။ ပြိးတော့ မေမေ့မျက်နှာ ၊ဘကြီးမျက်နှာရှိလို့ မဟုတ်ရင် အသက်က ချက်ချင်း ရန်ကုန်ပြန်တယ် "
" ကဲပါ လာ သူတို့နဲ့မနက်မှ ထပ်တွေ့ရမယ်ထင်တယ် "
"ဟင့် ဒါဆို ညအိပ်ရအုံးမှာပေါ့ "
"အေးလေ ဥက္ကဌ ကသေချာမှာလိုက်တယ် အလှူရှင်နဲ့သေချာစကားပြောကြည့်တဲ့ ညည်းနဲ့လည်းပြောခိုင်းတဲ့ "
သက်မကိုခိုးချရင်းးသူမ ဦးကြီးနောက်ကအသာျလးလိုက်ရပါသည်။ ထုံးစံအတိုင်း သူကြိး၏ အမျိုးဟုဆိုသော အိမ်တွင် ဤတစ်ညတည်းခိုရပါမည်။ဒါပေမဲ့လည်း ဒွတစ်ခါ ညအိပ်ရတာတန်ပါသည်။သူမ ဖြစ်စေချင်သည့်အတိုင်း ဆေးရုံကြီးဖွင့်လှစ်ပေးမည့်သူပေါ်လာပြီမဟုတ်လား။ထိုကိစ္စ အထ မြောက်ဖို့ဟရွာရှိလူများကို မက်နှင့်အော်၍ လူစုကာ၃ကြိမ်တိုင်တိုင် သူမ နားချ လိုက်ရပါသည်။ သူမဤရွာရောက်တာ၆လကျော်သော်ငြား ဆေးရုံသည် ပိတ်မြဲအတိုင်းအထီးကျန်စွာပိတ်ထားရပါသေးသည်။ ဆေးရုံ ဟုအသံကြားသည်နှင့် ရွာသူရွာသားများသည် မျက်နှာပျက်ယွင်းသွားတတ်ကြသည်။ယုတ်စွအဆုံး မလုံးတင်တောင် ထိုအကြောင်းဆိုလျှင်ပါးစပ်ပိတ်သွားတတ်၏။မသက်သာသည့်အဆုံး ဦးကြီးသာရင်ကိုကပ်ကာ ထိုဆေးရုံအကြောင်းတီးခေါက်ကြည့်ရလေသည်။ထိုဆေးရုံသည်  နိုင်ငံတော်က ချပေးသော ဆေးရုံစစ်မဟုတ်။ ကိုယ်ထူကိုယ်ထ နှင့် ၀ိုင်း၀န်းကြိုးပမ်းကာ ရပ်ရွာလုထု၏ လုပ်အားဒါန ငွေအားဒါနတို့ဖြင့်စတင် မတည် ပြီးမှ ကျန်ထက်၀က်ကိုနိုင်ငံတော်က ချပေးသည်ဆို၏။  ဆေးရုံကြီးအလုံး ဆောက်လုပ်ပြိိးစီးစဥ်ကရွာသူရွာသာအပေါင်းနှင့် ရပ်နီးချောင်းစပ်ပျော်မဆုံးဖြစ်ခဲ့ကြရသည်ဆို၏။သို့သော် ထိုဆေးရုံသို့ဆရာ၀န်ချပေးရန်တောင်းဆိုသည့်အခါ အခက်အခဲများစတင်လာသည်တဲ့။ တောင်ခြေရွာ ချောင်ကျသည်မို့ မြိ့ုမှဆရာ၀န်သည် တောကိုမဆင်းနိုင်ဟုဆိုကာ ငြင်းဆန်ကြသတဲ့။ အချို့က လာဘ်ထိုးကာ တောရွာသို့မကျရေးကြိုးပမ်းသတဲ့။ နောက်တော့ ဆရာ၀န်တစ်ယောက်လာမည် ဟု သတင်းရ၍ မျှော်လင့်ချက်များတောက်ပရုံရှိသေး။ ထိုဆရာ၀န်က နိုင်ငံ့လစာအပြင် လစဥ်ရွာမှ သူ့အတွက် တောဆင်းခ လစာ ထပ်တိုးပေးမှ လာနိုင်မယ်လို့ ဆိုပြန်သတဲ့။ရွာသားတွေဘက်မှ တတ်နိုင်တဲ့ လစာကို ဆိုတော့ ငွေကြေးကို နည်းသည်ဆိုကာ ထပ်မံတောင်းဆိုသည်တဲ့။ ထို့ထက်မတတ်နိုင်သောရွာသားများဟာ လက်လျှော့လျက် မလာချင်လဲနေစေတော့ဟု စိတ်လျှောလိုက်ကြသည်တဲ့။ထိုကတည်းက ရွာသူရွာသားတွေဟာ ဘယ်ဆရာ၀န်မှမမျှော်တော့သလို ဆေးရုံအကြောင်းကြားလျှင် နောင်တတွေနဲ့တိတ်ဆိတ်သွားကြတော့တာတဲ့။သူမထိုအကြောင်းတွေကြားခံစဥ်က သူတို့နေရာက၀င်ခံစားမိ၏။ကိုယ်တည်ဆောက်ထားတဲ့ရောင်စဥ်ဟာ  အရောင်ဆိုးခံလိုက်ရတဲ့အခါ မျှော်လင့်ထားသလိုဖြစ်မလာတဲ့အခါ နာကျဥ်းသွားတတ်ကြတာပဲလေ။ သူမရောက်ခါစတုန်းကမယုံသင်္ကာအကြည့်တွေနှင့်ကြည့်တဲ့မျက်လုံးများကို သူမ အပြစ်မတင်ရက်တော့ပါ။ ပြီးခဲ့တဲ့ ရက်က သူမ ဆေးရုံကိုဖွင့်ချင်တယ် လို့ပြောတုန်းက ဖြစ်သွားသောသံသယအကြည့်တွေကိုလဲသူမ နာခံနိုင်ခဲ့၏။

ရင်ခွင်ဦး Where stories live. Discover now