part 10

2.1K 104 1
                                    

ခြံထဲသို့၀င်လိုက်သည်နှင့် ကိုကိုကြီးတို့ရောက်နေကြောင်း ကို သိလိုက်ပါသည်။
"ဘေဘီ ဘယ်လိုလဲ သားညိုနဲ့အဆင်ပြေခဲ့ရဲ့လား "
မေမေ့အမေးကိုသူမ မကြားသယောင်ပြုကာ ကိုကိုကြီးအားနှုတ်ဆက်လိုက်သည်။ကိုကိုကြီးက ​ေမ့မေ့ကိုတစ်လှည့်သူမကိုတစ်လှည့်ကြည့်သည်။
"မီးလေးကော ကိုကိုကြီး "
"ရှိပါ့ ။ သူ့မေမေနဲ့မီးဖိုထဲမှာရှုပ်နေတယ် "
အကြံတစ်ခုဖြစ်ရကား မီးလေးထံအပြေးသွားဖြစ်သည်။
"မီးလေးရေ "
လက်နှစ်ဖက်အားရှေ့သို့ဆန့်တန်းကာ သူမအားရပါးရခေါ်သော်ငြား တူမလေးသည် ကစားနေရာမှရပ်ကာ သူမကိုကြောက်လန့်နေသည့်မျက်လုံးများနှင့်ကြည့်နေသည်။
"သမီး ။ တီလေးခေါ်နေတယ်လေသမီးရဲ့ "
မမငြိမ်းကပြောမှ မီးလေးကသူမကိုစကားပြန်သည်။
"တီလေးက  မီးကိုချစ်ဘူး။ တီလေးကိုချစ်တော့၀ူး "
နှုတ်ခမ်းဖူးဖူးလေးများကိုရှေ့သို့စူထော်ကာပြောလာသောတူမငယ်ကြောင့် သရဖီကို အကြံအိုက်ရပြီ။
"ဟာ တီလေးကိုစိတ်ကောက်နေတာလားမီးလေးရ။ တီလေးမှားသွားပါတယ်ကွာနော် နော် ။နောက်ဆို မီးလေးလုပ်ချင်တာမှန်သမျှအကုန်ဖြစ်စေရမယ်ဟုတ်ပြီလား "
"တကယ်ရား "
"အင်းပေါ့ တကယ်ပေါ့ "
သူမကိုမယုံသင်္ကာနှင့်ကြည့်။ပါးတစ်ဖက်ကို လက်ညိုးနှင့်ထောက်  မျက်လုံးများပင့်ကာပင့်ကာ စဥ်းစားခန်း၀င်နေသောတူမ​တော်ကို သရဖီကိုအချစ်ပိုရပြန်သည်။
"ဟားးးလာပါအုံး တီလေးဆီကို ။ တီလေးက လွမ်းနေတာကိုကွာ မွမွရွှတ် "
​ကောက်ချီကာပါးနှစ်ဖက်ကို မွှေးလိုက်မှ မျက်နှာလေပြုံးချိုလာသည်။
"အဲဆို မမဒေါက်တာဆီကောလိုက်ပို့မှာရား "
"ပို့မှာပေါ့ ။မီးသွားချင်ရင် တီလေးကိုပြော။ချက်ချင်းလိုက်ပို့မယ် ဟုတ်ပြီလား "
"ဟုတ် တီလေးကိုချစ်သယ် "
ထိုအခါမှပါးချိုင့်ခွက်လေးများပေါ်သည်အထိရယ်ရင်းသူမကိုချစ်ကြောင်း၀န်ခံလာသည့်ကလေး ။တကယ့်မနိုင်စိန်လေးပါပဲ။
"မမငြိမ်း မီးလေးကိုအပေါ်ခေါ်သွားမယ်နော် "
ခေါ်သွား ခေါ်သွားဟုဆိုကာ ချက်စရာရှိသည်များကိုကြော်လှော်ချက်ပြုတ်နေသောမမငြိမ်းကို မျက်စောင်းတစ်ချက်တောင်လှည့်ထိုးခဲ့သည့်မီးလေးပါ။ပါးစပ်ကလဲပြောသေးသည် မေမေ့ကိုတီလေးလောက်ချစ်တော့၀ူးတဲ့ ။အလွန်စကားတတ်သည့်တူမငယ်ပါလေ။
အခန်းတံခါးကိုသေချာပိတ်ကာ တူမငယ်ကို ကုတင်ပေါ်ချ အ၀တ်အစားအမြန်လဲရသည်။အိမ်နေရင်းမို့သက်တောင့်သက်သာဖြစ်စေရန်တီရှပ်လက်ရှည်တစ်ထည်နှင့်pant ပွပွတစ်ထည်ကိုရွေးချယ်၀တ်ဆင်ရသည်။
"မီးလေး နောက်ဆိုလေ ။တီလေးကမမဒေါက်တာဆီခဏခဏသွားမှာ။ အဲတာကြောင့် မီးလေးကိုဆူမိတာ တောင်းပန်တယ်နော် ။မီးလေးမမဆီသွားချင်ရင်လဲ တီလေးကိုပဲခေါ်နော် "
တူမငယ်သည် သူမကိုတအံ့တသြကြည့်ကာ မယုံနိုင်ဖြစ်နေသည်။ထိုအကြည့်မျိုးသည် သူမ စိတ်ရောမှန်သေးလား။ရူးများသွားသလား ဟူသောအကြည့်မျိုးဖြစ်သည်။မတတ်နိုင်ပါလေ။သူမ အသက်နဲ့ပတ်သက်လျှင် စိတ်မမှန်ဘူးထင်လဲထင်။ရူးသည်မှတ်လဲမှတ်စေတော့။

ရင်ခွင်ဦး Where stories live. Discover now