part 25

407 33 4
                                    

မြင်သာဆေးရုံပန်းခြံထဲ၌ အမျိုးသမီးနှစ်ဦးတစ်ယောက်ကိုတစ်ယောက်ကြည့်ကာတိတ်ဆိတ်နေကြ၏။တိတ်ဆိတ်နေကြတာချင်းတူသော်ငြားတိတ်ပုံတိတ်နည်းမတူကြ။တစ်ဦးသည် မာန်ပါသောမျက်နှာအနေထားနှင့်တိတ်ဆိတ်နေသော်ငြားကျန်တစ်ဦးသည် စိုးရိမ်မှုကြီးစွာ ရင်တမမနှင့် ဆိတ်ငြိမ်နေ၏။
"ဟင်းးးး အန်တီက ခု ဘယ်လိုဖြစ်စေချင်နေသလဲရှင် "
"ငါပြောတာရှင်းရှင်းလေးပါကလေးမရယ် သရဖီကို့ဘ၀သက်သောင့်သက်သာနဲ့ သူ့ဘ၀သူအေးအေးဆေးဆေး နေနိုင်ဖို့ ငါဖန်တီးပေးနိုင်တယ်  ညည်းလုပ်းပေးရမှာ တစ်ခုတည်း ငါတို့နဲ့​ေ၀းရာကိုသာထွက်သွားပေး "
"ဟင်းးးအဲကိစ္စကလွဲရင်အကုန်ခိုင်းပါအန်တီမေ သမီးအကုန်လိုက်လျောပါ့မယ်ကိုနဲ့​ေ၀းရာကိုတော့ထွက်မသွားခိုင်းပါနဲ့လား သမီးတောင်းဆိုနေတာပါ "
"နင်ကလဲနင့်အမေလိုပဲခေါင်းမာလှသကား ကလေးမရယ် ငါကလဲလေ ညည်းမိန်းကလေးဖြစ်နေလို့ကို ငါ့သမီးနဲ့မဖြစ်စေချင်တာ မဟုတ်လဲ ညည်းဖြစ်ဖြစ် ငါ့သမီးဖြစ်ဖြစ် တစ်ယောက်ယောက်က ကောင်လေးဖြစ်နေရင်ကိုငါ ချက်ချင်းပေးစားပစ်မှာ "
"အန်တီ သမီးတို့နှစ်ယောက်အကြောင်းဘယ်လောက်သိလို့ ခုလိုတွေသွေးထိုးနေရသလဲအန်တီ ကိုကလဲကျမကိုချစ်တယ် ကျမလဲကို့ ကိုချစ်တယ် ဒါကိုသိရက်နဲ့ ခုလိုမျက်နှာပြောင်တိုက်တာတော့လွန်လွန်းပါတယ် "
"အေး ငါနင်တို့နှစ်ယောက်အကြောင်းသေချာမသိဘူးထား နင်တို့လိုလူတွေရဲ့အကြောင်းငါကောင်းကောင်းသိတယ်ကလေးမ စကားတွေမရှည်ပါနဲ့ အချိန်တန်ငါ့သမီးကိုညည်းမေ့သွားမှာပါ ငါ့သမီးလဲညည်းကိုမေ့သွားလိမ့်မယ်"
ဟူးးးး။အသက်စိတ်ပျက်မိပါ၏။ကို့မေမေဟာ အတ္တကြီးမှန်းသိပါရဲ့။ဒါမဲ့ ဤမျှလောက်တစ်ယူသန်တာကိုတော့သူမ မထင်မိခဲ့တာအမှန်။သူမတို့နှစ်ယောက်ချစ်ကြတာ ဘယ်နေရာ ဘယ်အပိုင်းကမှားယွင်းနေလို့လဲ။
မနက်စောစော လမ်းထလျှောက်စဥ်ကို့မေမေ့ဟာဒေါက်တာယဥ်လေးဆွေဆီအလည်လာရင်း ပက်ပင်းတိုးနေလေသည်။မေမေကလဲ ဤနေ့ကြမှ အိမ်ပြန်ပစ္စည်းယူတာပေါ်မလာတော့။ ကိုကိုကြီးတို့ကလဲ၇နာရီလောက်မှရောက်မည်။မိုးညိုလဲ ဂျူတီ၀င်နေရော့မည်။သူမကိုဘယ်သူမှမကယ်နိုင်တော့ဘူးလား။ကိုကလဲ၅မိနစ်တစ်ခါ ဖုန်းခေါ်မယ်ပြောပြီးဒီနေ့မှ ခုထိ မခေါ်သေးး။စိတ်ရှုပ်လိုက်ပါဘိ။ဘာမဆိုင် ညာမဆိုင် ကို့ကိုစိတ်ကောက်ချင်လာသည်။စိတ်ထဲ၌ဘုရားကယ်ပါဟုတစာစာ မြည်တမ်းနေမိသည်။ဘုရားကြားသွားသလားမပြောတတ်ပါ ။ဒေါက်တာယဥ်လေးဆွေကိုမြင်မှသူမရင်၀မှ အလုံးကြီးကျဆင်းသွား၏။အားရ၀မ်းသာစွာ ပြုံးပြပြီး မျက်လုံးနှင့်နှုတ်ဆက်လိုက်၏။
"ဟာ မေမီ ရောက်နေပြီလား ကို့ကိုတေ့ာဖုန်းမဆက်ဘူး "
"ဒီမှာပြောစရာလေးရှိနေလို့ပါ ဆွေရယ် "
"သမီးဖြိုး အခြေနေကောင်းလာပြီမလား လမ်းတွေဘာတွေ ထလျှောက်နေပြီ"
"ဟုတ်ကဲ့အန်တီ အန်တီ့ကျေးဇူးတွေကြောင့်ပါ "
"သားညိုတောင်ပြောနေသေး သူ့ကိုတောင်ဆူနိုင်နေပြီတဲ့လေ "
"အာ မိုးညိုကတော့လုပ်ပြီ "
"ဆွေ သူနဲ့သိနေတာလား "
"အာ မိတ်ဆက်ပေးဖို့မေ့နေတာမေမီ ဒါကိုပြောပြောနေတဲ့ ကို့သား ကိုကျန်းမာခြင်းတွေပေး​ေ၀ခဲ့တဲ့သားညိုရဲ့အသက်သခင် ကျေးဇူးရှင် ဒေါက်တာဖြိုးသက်ထက်ဇော်တဲ့ သားညို့စီနီယာလေ "
"ဘာ သားညိုနဲ့လဲ သူကသိနေတယ်"
"ဟို့ မေမီ ဘယ်လိုဖြစ်တာလဲကွာ "
"ဒါဆို...  "
ခုမှမေမီသဘောပေါက်သွားလေသည်။သရဖီိကိုသည် သားညိုကိုခုတုံးလုပ်၍ဒီကလေးမအိမ်သွားသွားနေတာဖြစ်မည်။ဒါကြောင့်ဒီရက်တွေ ပြုံးပျော်နေတာ။
အသက်မှာ ကြောင်အအလေးနှင့် သူတို့စကား၀ိုင်းထဲတွင် ရှိနေရ၏။
ရတ်တရက် ဖုန်းတီးလုံးသံကြောင့်​သူမအသိ၀င်လာ၏။ဟော ကိုပဲ ။ပြုံးရွှင်စွာ ဖုန်းကိုကိုင်လျက် သူတို့အနားမှထွက်ခွာဖို့ပြင်ရသည်။
"ဟယ်လို "
"...."
"ရှင်!!!!"
အသိစိတ်တခဏ လွတ်ထွက်သွားပြီး မိုက်ခနဲ ပုံလဲကျသွား၏။ဘုရား မဖြစ်ဘူး။ကို ။ကို ။
သူမ သတိပြန်၀င်ချိန် ဒေါက်တာယဥ်လေးဆွေသည်ထိန်းမတ်ထား၏။
"သမီး ဘာဖြစ်သလဲ "
"ကို..."
"အင်းးး သရဖီလေးဘာဖြစ်သလဲ"
"ဟင့် ဟင့် ကို   ကို "
ကို ဟူသောအသံကြားသည်နှင့် ဒေါ်မေမီသည် အပြေးတစ်ပိုင်းရောက်လာ၏။
"ဘာဖြစ်တာလဲ ကလေးမ ငါ့သမီးဘာဖြစ်လို့လဲ"
"ကို  ကိုကဟင့် ကို   ကား အက် ဆီး ဒန့် ဖြစ် လို့ တဲ့ ဟင့် ဟင့်  "
"ဘာ!!! "
စကားတစ်ခွန်းနှင့်တစ်ခွန်းလေးပင်စွာမနည်းအားယူပြောနေရ၏။သူမရင်တွင်း၌ဗလောင်ဆူနေသည်။
"ဟာ ဘယ်မှာလဲ ခုလိုက်သွားရမှာပေါ့ "
"ဟယ်လို ဟုတ်ကဲ့ ခု လူနာက ဘယ်ဆေးရုံလဲ ကျမတို့ ချက်ချင်းလိုက်လာခဲ့ပါ့မယ် ဟုတ်ကဲ့ ဟုတ်ကဲ့ "
ဒေါက်တယဥ်လေးဆွေက သူမလက်ထဲမှ ဖုန်းကိုလွှဲယူကာ အကြောင်းပြန်နေသည်။သူမမယ်တော့ အားအင်တွေအကုန် ပျောက်ဆုံးသွားသလိုခံစားနေရ၏။အန်တီမေ ဟာလဲ သူ့နည်းတူပင် တုန်လှူပ်စွာဆွံ့အ နေသည်။
"မေမီ ။သမီး ။သတိကပ်စမ်း သတိကပ်ကြအုံး ငါတို့ခုချက်ချင်း မန်းလေးလိုက်သွားမှဖြစ်မယ် "
ဒေါက်တာယဥ်လေးဆွေသည် သတိနှိုးဆော်ရင်း ဖေးမနေရသည်။
"သမီး သားညို နဲ့မှ လိုတာပြင်ဆင်ပြီး လိုက်လာခဲ့ အန်တီတို့သွားနှင့်မယ် နော် "
"ဟင့်အင်း သမီးကောတပါတည်းလိုက်လို့မရဘူးလား အန်တီ သမီး ကို့ကို စိတ်မချဘူး"
"နင်က ဘာခုမှ စိတ်မချတာလဲ "
"မေမီ စကား​ကိုသတိထားလေ သမီး သားညိုနဲ့မှလိုက်ခဲ့ပါကွယ်နော်  သမီးကျန်းမာရေးက သိပ်စိတ်ချရတာမဟုတ်သေးဘူး "
မတတ်နိုင်သည့်အဆုံး သူမ မှာ အပူမီးရင်၀ယ်င်၀ယ်ပိုက်လျက်ယောင်ချာချာကျန်ခဲ့ရ၏။မေမေ ။ မေမေပြန်လာပါတော့။
ထိုင်ခုံတွင်နေရာယူလျက် မေမေပြန်အလာကိုမျှော်တလင့်လင့်စောင့်ရသည်။
"ညီမလေး မေမေပြောတာဟုတ်သလား "
သူမ ခေါင်းကိုအသာညိမ့်ပြ ရ၏။ မနက်ခင်းဖြစ်လင့်ကစား ကိုကိုကြီးသည် နဖူးမှချွေးစများကိုသုတ်ကာ ဗျာများနေသည်။ ။
"ဟားး ခက်တာပဲကွာအန်တီကော"
"မေမေ  အိမ်ပြန်သွားတယ်"
" မမသက် "
"မိုးညို ဟင့်ဟင့် ကို   "
"အင်းအင်း ဘာမှ မဖြစ်ပါဘူး အဆင်ပြေမှာပါမမသက်ရဲ့ "
"တစ်ခုခုဆို ဘယ်လိုလုပ်မလဲ မိုးညိုရဲ့ "
မိုးညိုလာမှ အားကိုးရာရသလို သူမ ဖက်ငိုမိသည်။မိုးညိုသည် သူမကိုအစွမ်းကုန်နှစ်သိမ့်နေသည်။မိုးညိုပီသပါပေ့။
"ညီလေး ညီမလေးအတွက်လိုတာတွေပြင်ဆင်ထား အကို အိမ်ပြန်ပြီး ၀င်ခေါ်မယ် ဟုတ်ပြီလား "
"ဟုတ်ကဲ့အကို "
မိုးညိုသည် ချက်ချင်းအ၀တ်လဲကာ သူမအားသွေးပေါက်ချိန်။ပြိးနောက် လိုအပ်မယ်ထင်သောဆေး၀ါးအချို့နှင့် ပစ္စည်းများကိုယူကာ ကားကိုထုတ်၏။
ခြံ၀တွင် မေမေ့ကိုတွေ့ရ၏။
"မေမေ "
"ဟော သမီး မနကစောစောဘယ်သွားမလို့လဲကွယ် ဒေါက်တာဆွေသိရင်ဆူနေရော့မယ် "
"ကို ကားအင်ဆီးဒန့်ဖြစ်လို့မေမေ သမီး ခုလိုက်သွားချင်တယ် မေမေ ဂရုစိုက်နေရစ်ပါနော် "
"အမလေး ဖြစ်မှဖြစ်ရလေကွယ် အေးအေး မေမေ့ကိုမပူနဲ့ သမီးသာ သေချာဂရုစိုက် မောင်မိုးညို မင်းမမကိုအပ်ပါတယ်ကွယ် "
"ဟုတ်ကဲ့ဒေါ်လေး ကျွန်တော်တို့ကိုခွင့်ပြုပါအုံး "
"အေးအေး ဘုရားသကြားမလို့ သရဖီလေးဘာမှမဖြစ်ပါစေနဲ့ "
ဆေးရုံ၀၌ ဒေါ်နီနီမှာ ဘုရားတလျက်ကျန်ရစ်၏။
အမြန်လမ်းမတစ်လျှောက်ကားလေးနှစ်စင်းသည်ပြိုင်မောင်းနေကြ၏။ ကိုကိုကြီးတို့မိသားစုကတစ်စီး။သူမနှင့်မိုးညိုကတစ်စီး။မိုးညိုသည် ကားမောင်းရင်းသူမကို အရိပ်တကြည့်ကြည့် ဂရုစိုက်ရှာသည်။သို့သော်ငြားသူမစိတ်အစဥ်မှာတော့ မတည်ငြိမ် ယောက်ယက်ခတ်နေ၏။
"မြန်နိုင်သမျှသာမောင်းပေးလှည့့်ပါမိုးညိုရယ် မမအနေခက်လှချည့် "
"ကို ဘာမှမဖြစ်လောက်ပါဘူးနော် မိုးညို "
"လမ်းကလဲ ခုမှ ရှည်နေလိုက်တာ "
စကားတို့မှာလဲ တောင်စဥ်ရေမရ လျှောက်ပြောနေမိသည်။သူမ စိတ်နှင့်လူနှင့်မကပ်တော့ပါ။
မိုးညိုခမျာ သက်မကိုဟင်းခနဲချကာ ခေါင်းသာ တွင်တွင်ခါရမ်းနေလေသည်။

ရင်ခွင်ဦးWhere stories live. Discover now