ညနေဘက် မေမေနဲ့စျေး၀ယ်စင်တာဘက်လိုက်ကြည့်မှ မြန်မာနိုင်ငံသည် ယခင်နှင့်မတူတော့ကြောင်း သူမသိလာရပါသည်။ကို ထွက်သွားတုန်းကဤမျှလောက်တိုက်တန်းတွေမရှိသေး။
"အပြန် လှည်းတန်းကို ၀င်စရာရှိတယ်ဆိုမေမေ "
"ဟုတ်တယ် ဆေးရုံသွားမှာ"
သူမတို့လုပ်ငန်းအများစုသည် စက်ရုံနှင့်စျေး၀ယ်စင်တာများသာရှိပါသည်။မေမေ့ဘာကြောင့်ဆေးရုံ၀င်ရသနည်း။မီးငယ်လေးတက်သည့်ဆေးရုံလဲမဟုတ်ရပါ။ရှယ်ယာတွေများ၀င်ထားသလားမပြောတတ်။အတွေးလွန်ရင်းလှည်းတန်းမီးပွိုင့်မိနေသည်ကို သတိထားမိသည်။
သြော် ဂုံးကျော်တံတားတောင်ဆောက်ပြီးပြီကိုး။ကြည့်မြင်တိုင်ဘက်ဖြေးဖြေးမောင်း၀င်တော့ လမ်းဘေးတွင်အစီရီခင်းကျင်းထားသော အကင်ဆိုင်၊အထောင်းဆိုင်နှင့်တွန်းလှည်းများကိုတွေ့ရသည်။ထိုဆိုင်များကြောင့်ကားပိုကြပ်သည်ဆိုပိုမှန်မည်။အငွေ့တထောင်းထောင်းထနေသောဒယ်အိုးကြီးကိုလက်ကိုင်မှခလောက်၍ခေါက်ဆွဲဟုထင်ရသောအရာများကိုအားရပါးရကြော်နေသောဦးလေးကြီးကိုမြင်တော့ ကိုပြုံးမိသည်။အသက်လဲအဲဒီလိုကြော်တတ်တာပဲ။အနည်းငယ်လူရှင်းသည့်နေရာအရောက်မေမေကခြံ၀င်းတစ်ခုထဲကွေ့၀င်သည်။
Myinthar Hospital ..။
ကြီးကျယ်ခမ်းနားလှသောအဆောက်အဦးကိုမော့ကြည့်မိတော့ ဆေးရုံအမည်ကိုမှန်ဆောင်တွင်ရေးထိုးထားသည်။
"အို...မေမီ မတွေ့တာကြာပြီ ။လာ လာ "
မေမေ့အသိဟုထင်ရသောအမျိုသမီးကြီးကလှိိုက်လှိုက်လှဲလှဲကြိုဆိုသည်။ကြည့်ရတာဆေးရုံအုပ်သို့မဟုတ် ဆေးရုံပိုင်ရှင်ဖြစ်မည်။ ကိုသည် လူကဲခတ်မတော်ပါ။သို့သော် ထိုအမျိုးသမီးကိုမြင်သည်နှင့်အရိုသေပေးကြနှုတ်ဆက်ကြသော ဆရာ၀န်နှင့်သူနာပြုများကိုမြင်ရသောကြောင့်ကောက်ချက်ချမိခြင်းဖြစ်သည်။
"တို့ ခုပဲပြန်တော့မလို့ကွ "
"ဖုန်းကြိုမဆက်မိတာဆွေရေ။ ဒီမှာ ကိုယ့်သမီး USကခဏအလည်လာတုန်း.. "
"အိုခေ အိုခေ တို့နားလည်ပြီ ။သားညို ခုပဲအပြင်ခဏသွားတယ်။ ခဏလေးစောင့်နော် "
သူတို့ဘာတွေပြောနေသလဲကိုမသိ။စိတ်လဲမ၀င်စားပါ။သားညိုဆိုသူကောမည်သူနည်း။ရောက်ကတည်းက စကားတစ်ခွန်းမှမဟပဲငြိမ်နေသောသူမကို ထိုအမျိုးသမီးကသေချာကြည့်၏။သေချာ လေ့လာအကဲခတ်နေသည်ဆိုပိုမှန်မည်။
"သမီးလေးက ငယ်ငယ်ကအတိုင်းပဲနော်။ အရပ်ရှည်လာတာကလွဲရင် အရင်တိုင်းပဲ "
ထိုအမျိုးသမီးက ကို့ကိုမှတ်ချက်ပြုပေမဲ့ကို့မှာ သူ့ကိုမသိ၍ဘာမှမပြောနိုင်။
"ဘေဘီ အန်တီဆွေ့ကိုမမှတ်မိဘူးလား "
မေမေစကားထောက်မှ ကိုသေချာစဥ်းစားမိသည်။သူမငယ်ငယ်ကနေမကောင်းတိုင်းဆေးလာလာထိုးပေးနေသောဆရာ၀န်။
"ဟာ "
သတိရရချင်းကို့မျက်နှာရဲခနဲဖြစ်သွားရသည်။ဒါဆို ဒီအမျိုးသမီးက သူ့ကိုဆေးထိုးလို့ အမြဲကြိမ်ဆဲခဲ့တဲ့ဒေါက်တာယဥ်လေးဆွေ။မှတ်မှတ်ရရပင်။တစ်ခါကသူမဘောလုံးကန်ရင်းလဲ၍ဒူးကွဲသည်ကို အရက်ပျံလောင်းသောကြောင့်အန်တီဆွေ့ဆံပင်များကိုဆောင့်ဆွဲပြီးကြိမ်ဆဲခဲ့သေးသည်။
" ဟို မမှတ်မိတာ တောင်းပန်ပါတယ်အန်တီ ။ဆိုးခဲ့မိတာတွေအတွက်လဲ အားနာပါတယ် "
"ဟားးးဟားးး။မေမီ မင်းသမီးအရွယ်ရောက်လာပြီကွ "

YOU ARE READING
ရင်ခွင်ဦး
عاطفيةချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။