"ဒီ..... ဒီ.....ဒီ "
ရေချိုးပြီးပြန်ထွက်အလာ တဒီဒီမြည်နေသောဖုန်းကြောင့် ခေါင်းကိုသုတ်ရင်း မိုးညိုဖုန်းကိုင်ရသည်။
"ဟယ်လို အမိန့်ရှိပါဒေါက်တာမိုးညိုပြောနေပါတယ်ဗျ "
"ဒေါက်တာမိုးညို ကျမ သရဖီကို "
တစ်ဖက်မှယတိပြတ်လေသံနှင့် ပြောလာသောမသရဖီကို။
"ဟုတ်ကဲ့ မသရဖီကိုပြောပါ "
"ဟက် အံ့သြပုံမထောက်ရင် ဖုန်းဆက်မယ်လို့ကြိုတွေးထားတာပုံပဲ "
" အဟွန်းး ကြိုတော့မတွေးထားပါဘူးဗျာ ဒါမဲ့ခံစားမိနေလို့ ပြီးတော့ ကျွန်တော့်ဘက်ကလဲ မသရဖီကိုနဲ့နှစ်ယောက်ထဲဆွေးနွေးစရာရှိတယ် "
" ဆွေးနွေးစရာ.. "
ကို မျက်ခုံးကိုတွန့်ချိုးလိုက်မိသည်။သူက ဘာတွေဆွေးနွေးမှာလဲ။
" ကောင်းပြီလေ မနက်ဖြန်တစ်နေရာရာမှာတွေ့ကြမယ် ကမဘက်ကလဲရှင့်နည်းတူပဲ ဆွေးနွေးမေးမြန်းစရာတွေအများကြီးရှိနေတယ် "
"အိုခေ မနက်ဖြန် သံလမ်းနားကအောင်စည်းစိမ်မှာတွေ့ကြမယ်ဆိုဘယ်လိုလဲ "
"ဟုတ်ကဲ့ ကောင်းပါပြီခင်ဗျာ "
တစ်ဖက်မှဖုန်းချသွားသည်နှင့် မိုးညိုရင်ထဲကအလုံးကြီးကသွားသလိုခံစားရသည်။သူသရဖီကို ကိုလက်မထပ်နိုင်သလို သရဖီကိုဆိုသည့်မိန်းကလေးကလဲသူ့ကိုလက်ထပ်ချင်ပုံမပေါ်ပါ။ထိုအချက်သည် သူ့အတွက်ကံကောင်းမှုတစ်ခုပင်ဖြစ်ပေသည်။မာမီ့ကိုမလွန်ဆန်နိုင်သေးသောသူ့အဖို့ ကယ်တင်ဖို့ရာ သူမသာရှိပေသည်။ဟူးးးး ဒီအကြောင်းတွေကိုမမသက်ကိုဘယ်လိုပြောပြရပါ့မလဲ။အတွေးနှင့်ရင်မောနေစဥ်ဖုန်း၀င်လာပြန်သည်။ဒီတစ်ခါဖုန်းသည် မမသက်အိမ်မှ။မိုးညိုအလိုလိုပြုံးမိသည်။
"ဟယ်လို မိုးညို "
ဖုန်းကိုင်ကိုင်ချင်းပဲ တိုးလျသော်လဲချိုသာနေသောမမသက်၏အသံကိုကြားရသည်။
"ဟုတ်ကဲ့ မမသက် ဘယ်လိုနေသေးလဲဟင် နေသာရဲ့လား ကျွန်တော်အခုလာခဲ့ရအုံးမလား "
"အမလေး ငါ့မောင်ရယ် မမသက်သာပါပြီ မေမေကမင်းဖုန်းဆက်ဖို့မှာခဲ့တယ်ဆိုလို့လေ။ စိတ်မပူနဲ့တော့ နော် မမအဆင်ပြေပြီသိလား "
"ဟုတ်ကဲ့ပါ ဒါဆိုမနက်ဖြန်မှာလာခဲ့တော့မယ်နော်မမ ချိန်းထားတာတော့ရှိသေးတယ် မမတို့နားတင်ပဲ ပြီးတာနဲ့တန်းလာခဲ့မယ်လေနော် "
"ဟုတ်ပါပြီကွယ် အဆင်ပြေသလိုလုပ်ပါ မလာလဲရပြီ မမဖာသူကြည့်လုပ်ပါမယ် သက်သက်အလုပ်ရှုပ်မခံနဲ့ နော် "
"မရှုပ်ပါဘူးမမသက်ရဲ့ ဒါဆို ဂရုစိုက်အုံးနော် ဒေါ်လေးကိုလဲ ကျွန်တော်မေးကြောင်းပြောပေးအုံး "
"ဟုတ်ပြီငါ့မောင် မေမေက ခုလေးတင်ပဲဘုရားခန်း၀င်သွားတယ် မမပြောလိုက်မယ်နော် "
"ဟုတ်ဟုတ် Good night ပါ မမ "
"ဟုတ်ပြီကွယ် "
မမသက်ရဲ့ဘယ်လေသံဘယ်စကားမဆို မုးညိုအတွက်တော့ပျားသကာလို ချိုလွန်းလှပါသည်။ဘုရားတရားပဲများများလုပ်လို့လားမပြောတတ် ။မမသက်ကိုမြင်ရလျှင်အေးချမ်းသလို မမသက်ဆုံးမလျှင် မြတ်ဗုဒ္ဓ အဆုံးအမများကဲ့သို့ သူဘယ်တော့မှ ငြင်းပယ်လေ့မရှိခဲ့။အမြဲနာခံတတ်သော တပည့်တစ်ဦးသာ။
![](https://img.wattpad.com/cover/373451587-288-k454883.jpg)
YOU ARE READING
ရင်ခွင်ဦး
Romanceချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။