"မမသက် ! ဒေါ်လေး ! မမသက် !"
အိမ်ရှေ့မှ မိုးညို ၏အလောတကြီးေခါ်သံကြောင့် ကို့ဖုန်းအားမျှော်နေသောသူမ ငေးငေးငိုင် အပြင်ကိုလှမ်းကြည့်မိသည်။မေမေကနောက်ဖေးမှာမို့မကြား။
"မမသက် ကျွန်တော်နဲ့ လိုက်ခဲ့ပါ အရေးကြီးနေတယ် "
အိမ်ထဲအတင်း၀င်လာပြိိးသူမကိုလက်ကဆွဲလဲဆွဲ ပါးစပ်ကလဲမရပ်မနားပြောနေသောမိုးညို့ပုံစံကို သူမ ဆွံ့အနေမိသည်။
"ဘာဖြစ်သလဲမိုးညိုရယ် ဖြေးဖြေးပေါ့ ကွယ်"
"အာ ဖြေးလို့မရဘူးမမသက်ရဲ့ သရဖီကိုသဘက်ခါ US ပြန်တော့မယ် "
"ဟင် "
"ကို က "
တရွတ်တိုက်ဆွဲခေါ်ခံနေရသောခြေလှမ်းတို့က ရုတ်ချည်းရပ်တန့်သွားသည်။"ဟုတ်တယ် မမသက်ရဲ့ ကျွန်တာ်လဲ ခုပဲ ကိုကျော်စွာပြောပြလို့သိတာ ခုကျွန်တော် သူ့ဆီသွားမလို့ မမ ပါလိုက်ခဲ့ "
"ဟင် အင်းအင်း ခဏကွယ် မမမေမေ့ကိုပြောရအုံးမယ် မေမေ မေမေရေ့ !"
မမက ခုမှသတိ၀င်လာသလို နောက်ဖေးမှဒေါ်လေးအားအော်ခေါ်ကာပြေး၀င်သွား၏။သူကတော့ကားစက်ိုအသင့်နိှုးလျက်စောင့်ဆိုင်းလျက်ရှိသည်။မကြာလိုက်ပါ ။ချက်ချင်းဆိုသလို မမပြန်ထွက်လာ၏။
"သွားကြမယ်မိုးညို မြန်မြန်သာမောင်းချေတော့ "
ကားတံခါးကိုဆွဲဖွင့်၀င်ပြီးသူ့ကိုအမိန့်ပေးသည့်မမပုံသဏ္ဍာန်သည်သူ့ထက်ပင်ပိုလောနေသယောင်ထင်ရ၏။ အင်းစိန်လမ်းမကြီးတစ်လျှောက်ကားကိုအမြန်ပင်ဂရုစိုက်မောင်းနေရသည်။မမသက်ကိုကြည့်တော့ လက်တစ်ဖက်နှင့်တစ်ဖက်တင်းကြပ်စွာဆုပ်နယ်နေသည်။မမသက်တစ်ခုခုကိုကြောက်ရွံ့နေပုံပင်။"ရောက်ပြီမမ "
"ဟင် "
မမကတစ်ခုခုကိုအစိုးရိမ်လွန်နေသလို စိတ်နဲ့လူနဲ့မကပ်ဖြစ်နေသည်။
"ဒါ ကို တို့အိမ်လားဟင် "
"ဟုတ်တယ်လေမမသက်ရဲ့ "
ခြံ၀န်းကိုသေချာကြည့်ပြီးမှ မမကထိုမေးခွန်းကိုမေးသည်။မိုးညိုလူေခါ်ဘဲလ်ကိုနှိပ်ရင်းပြန်ဖြေရ၏။
"ဟာ ညီလေး ချက်ချင်းရောက်လာပါ့လား သြော် ညီမလေးကောလာလာ "
အထဲမှ ကိုကျော်စွာက လှိုက်လှိုက်လဲလဲပင် ဆီးကြိုသည်။
"မမ လာလေ "
တစ်လျှောက်လုံး လောနေသည့်မမသည်ခုတော့ ကျောက်ရုပ်ကဲ့သို့တောင့်တောင့်ကြီးရပ်နေလေပြီ။
"မေမေ ဒီမှာ ညီလေးမိုးညိုတို့လာတယ် "
"ဘာကိစ္စလဲ "
"မေမေ ဘယ်လိုပြောနေတာလဲဧည့်သည်ကို လာညီလေးထိုင်ထိုင် ကြီးမြ အပေါ်ထပ်က ညီမလေးကိုခေါ်ပေးပါ ငြိမ်းတို့ကောခေါ်ခဲ့နော် "
အသံသာကြားရပြီး ယခုချိန်ထိ မျက်နှာကိုမမြင်ရသေးသော ဒေါ်မေမီ၏ပုံပန်းသဏ္ဍာန်ကိုအသက် ကြိုမှန်းဆမိလိုက်ပါသည်။မည်မျှတောင်ခက်ထန်လိုက်မည့်ပုံစံလဲ။
"လာပါမေမေရဲ့ ဒီမှာဧည့်သည်ကောပါလာတာကို လာ ထိုင် "
မလိုက်ချင်လိုက်ချင်နှင့်ပါလာကာဆိုဖာတွင်၀င်ထိုင်မှသူမကိုမြင်ပုံပေါ်သည်။သူမမြင်တော့ အံ့သြစိတ်နဲနဲလေးတောင်မပြပါ။
တကယ်အံ့သြနေသည်က အသက်သာဖြစ်နေသည်။
"သြော် ဧည့်သည်ကောပါလာတာပဲ "
"ဟုတ်ကဲ့အန်တီ ကျွန်တော်တို့ သရဖီကို့ကိုလာတွေ့တာပါ "
"အေး ပြောစရာမြန်မြန်ပြောပြီးပြန်ကြပေါ့ သူလဲနားဖို့လိုတယ် "
"မေမေ ဘယ်လိုဖြစ်နေတာလဲ "
ကိုကျော်စွာက အားနာစွာ၀င်ထိန်းသည်။သူမကတော့ အားနာစိတ်ေလးတစ်စက်မှရှိမည့်ပုံမပေါ်ပါ။

YOU ARE READING
ရင်ခွင်ဦး
Romanceချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။