part 24

2.1K 93 6
                                    

" သက်သာရဲ့လား ညီမလေး "
"ဟုတ်ကဲ့မမငြိမ်း အသက် အများကြီးသက်သာနေပါပြီ "
"အေးအေး လိုတာရှိကိုကိုကြီးကိုပြောနော် "
သူမ အသာအယာခေါင်းငြိမ့်ပြရ၏။
"မမဒေါက်တာ အတီး စားး အင့် "
"မီးငယ် လေးက  စားစေချင်ရင်မမ စားမှာပေါ့ နော် "
"ဟုတ် အာ့ကြောင့်မမကိုခြစ်တာ"
မီးငယ်လေးနဲ့ကိုကိုကြီးတို့သူမဆီလာရောက်
ဂရုစိုက်နေကြခြင်းဖြစ်သည်။ကိုက ခုရက်ပိုင်းသူမကို မျက်စိအောက်ကအပျောက်မခံဘဲ လိုလေသေးမရှိဂရုတစိုက်ရှိလှ၏။ယုတ်စွအဆုံး သူမ၏အ၀တ်အစား အတွင်းခံမှအစကိုယ်တိုင်လျှော်ဖွတ်၏။ရေပတ်တိုက်လျှင်လဲ မေမေကို မခိုင်း သူမကိုယ်တိုင်ပြုလုပ်၏။ဒီကနေ့ ကို့သူငယ်ချင်း ဂျင်မ့် ကိုမန်းလေးဘက် လိုက်ပို့၍သူမအနားမရှိနေခြင်းဖြစ်သည်။သို့သော် လူကသာမရှိခြင်းဖြစ်၏။ဖုန်းကတော့၅မိနစ်တစ်ခါ ဆက်၏။ခရီးကိုပဲအားရုံစိုက်ထားရဖို့ မနည်းပြောထားရ၏။ဂျင်မ့်ကို နေရာအနှံ့ပြမှာမို့ ၂ရက်၃ရက်လောက်ကြာကောင်းကြာနိုင်သည်မို့သူမကို မှာကြားစရာများကိုမှာကြားက ကိုကိုကြီးတို့မိသားစုကိုလည်း ဂရုစိုက်ပေးဖို့မှာထားခဲ့ပုံပေါ်သည်။
မေမေ ရှိနေမှာပါဟုပြောသည်ကိုမရ။မေမေကတော့ ခပ်လှမ်းလှမ်းမှ ပြုံးကာခေါင်းခါပြနေသည်။

"အန်တီလေးကို ကျွန်တော်တောင်းပန်ပါတယ် ဒီနှစ်တွေထဲ အန်တီလေးပင်ပန်းခဲ့ရတာတွေအတွက်ပေါ့ "
"အိုကွယ် မဟုတ်တာ သားရယ် သားမေမေကောကျန်းမာရဲ့လား "
"ဟုတ်ကဲ့ ဒေါ်လေး "

မေမေက ကိုကိုကြီးနဲ့စကားလက်ဆုံကျနေ၏။မေမေ မေးမှ သူမဒေါ်လေးကိုသတိရမိသည်။
ဒေါ်လေးမေမီ သည်ရှေ့ရက်များက သူမကိုလူနာသတင်းလာမေးသည်ဟု မေမေ​ေပြာပြသေး၏။သို့သော် သူမနှင့်တော့တစ်ခါမျှ မဆုံပါ။
ကိုကိုကြီးကတော့ ဒေါ်လေး က ပေးလိုက်သည်ဟုဆိုကာ လက်ဆောင်များပါ ပါ လာတတ်၏။
ဒေါ်လေးသည်  သူမအား ဘယ်တုန်းကမျှ အမြင်မကြည်ခဲ့ဖူးပါ။သူမယုံချင်ပါသည်။
သို့သော် မယုံရဲသေးပါ။သူမနှင့်ကို့ ကိုနှစ်ပေါင်းများစွာ  ခွဲထားရက်သည်မဟုတ်ပါလား။ ဒေါက်တာယဥ်လေးဆွေကတော့် ပြည်ပခရီးတပတ်လောက်ထွက်သွား၏။သူမသက်သာနေသော်ငြား သူပြန်လာမှဆေးရုံဆင်းရမည်ဟုဆိုသည်။

ရင်ခွင်ဦး Where stories live. Discover now