part 28

2.8K 104 2
                                        

အ​ေ၀းပြေးလမ်းမပေါ်၌ကားလေးသည်တစ်ရွေ့ရွေ့။ကားပေါ်ရှိ အမျိုးသမီးနှင့်အမျိုးသားတို့သည် ရယ်လဲမရယ် ပြုံးလဲမပြုံးကိုယ်စီကိုယ်ငှအတွေးများနေကြလေသည်။

မိုးညိုကာမောင်းရင်းနေ့လယ်ကအဖြစ်အပျက်များခေါင်းထဲတန်းစီ၀င်ရောက်လာပြန်သည်။
"ပြီးပြိိမလား မမ သွားကြမယ် "
"ကို့ ကိုနှုတ်ဆက်ချင်သေးတယ် မိုးညို "
မမသက်အသံကြားတော့မိုးညိုလုပ်လက်စများရပ်တန့်သွားသည်။
"ရန်ကုန်ရောက်မှပဲအေးဆေးတွေ့ပါတော့လားမမရယ် "
"ဟင့်အင်း ဟိုရောက်ရင် တွေ့ဖြစ်မယ်မထင်ဘူး "
"ဘာလို့လဲ "
"အင်းးး ဒီ့အတိုင်းပါ "
"မမနှုတ်ဆက်ချင်တယ်ဆို ခဏ၀င်ကြမယ်လေ ကျွန်တော်လဲ မာမီ့ကိုတစ်ပါတည်းနှုတ်ဆက်ခဲ့လိုက်မယ် "
" Is n't this beautiful Tharaphi? I like it "
(ဒီဟာလေးမလှဘူးလား သရဖီ ကိုယ်တော့ဒါလေးကြိုက်တယ် )
အခန်းထဲ၀င်၀င်ချင်း ပင် အ မင်္ဂလာကဲ့သို့ ထိုလူ၏အသံကိုကြားရ၏။
"ဟော သူငယ်ချင်းတို့ လာလေ ဒီမှာ ဂျင်မ်က လက်စွပ်ရွေးခိုင်းနေတာ ကူရွေးပေးကြပါအုံး "
"ကျွန်တော်တို့ လက်စွပ်ကူရွေးဖို့လာတာမဟုတ်ဘူးသရဖီကို "
မမက သူ့လက်အားဆွဲကာသတိပေးသော်လည်း မရပါ။မမသည်းခံနိုင်ပေနဲ့ မိုးညို သည်းမခံနိုင်။

"It just came again, I think it won't  come anymore."
(ထပ်ရောက်လာတာပဲ မလာတော့ဘူးထင်နေတာ )
ဂျင်မ်က ထိုစကားကို ခပ်ဟဟရယ်ကာဆို၏။ထိုရယ်သွေးမှုသည် သူမအားအရှုံးသမား ဟု လှောင်နေသယောင်ရှိ၏။
"You come with me "
(မင်းငါနဲ့လိုက်ခဲ့ )
မိုးညိုကအလိုက်သိစွာဂျင်မ့်ကိုခေါ်ထုတ်သွား၏။အခန်းထဲ သူမနဲ့ကို နှစ်ယောက်တည်းသာကျန်ရှိနေသည်။
"ပြောစရာရှိလို့လား ဖြိုး...  သက် ထက်ဇော် "
ကိုက ဖြိုးဆိုသောစကားလုံးကို သံရှည်ဆွဲကာခေါ်၏။
"တစ်ကယ် ဘာမှ မမှတ်မိတာလား ကို "
"ဟင် ဘာကိုလဲ "
သူမ သက်ပြင်းကိုသာအခါခါချမိ၏။
"အင်းပါလေ ထားလိုက်ပါတော့ "
"တို့ ပြန်တော့မယ်လို့ လာနှုတ်ဆက်တာ ရန်ကုန်ရောက်ရင်လဲတွေ့ဖြစ်မယ်မထင်လို့လေ "
ထိုစကားပြောနေစဥ်အလိုလို၀မ်းနည်းစိတ်ကလှိုက်တက်လာပြန်သည်မို့ ခေါင်းကိုအောက်ကိုငိုက်ချပစ်ရ၏။ကို မြင်လို့မဖြစ်ပါ။ကို့ပျော်ရွှင်မှုလေးများ သူမ ကြောင့်နဲ့ ပျက်စီးသွားလို့မဖြစ်ပါ။
"ဟုတ်လား ဘာလို့လဲ ငါ မင်္ဂလာဆောင်တော့မှာမို့ ၀မ်းနည်းနေတာလား "
သူမ ကယောင်ကတမ်းဖြင့်မောကြည့်လိုက်မိသည်။
"ဟော ငိုနေတာလား "
ရယ်သွေးလျက် သူမကို စကားဆိုနေသောကိုသည် ဘာမှမှတ်မိပုံမပေါ်။ဟုတ်၏။သူမ ကို လက်ထပ်တော့မှာမို့၀မ်းနည်းနေမိတာ။ကိုက သူမ မဟုတ်တဲ့သူနဲ့ တစ်သက်လုံးအတူတူရှိတော့မှာမို့ ၀မ်းနည်း​ေနတာပါ လို့ အော်ပြောလိုက်ချင်သည်။
"မငိုပါနဲ့ကွာ လက်ထပ်ပြီးလဲ ငါ မကြာမကြာ ပြန်လာမှာပါ "
ဟင် ဒါဆို ကိုက ဟိုမှာပဲအခြေချမဲ့သဘောပေါ့။ကို့မျက်နှာအား သူမ သတိလွတ်စွာငေးကြည့်မိသည်။နဖူးစပ်နားက ဒဏ်ရာလေးတောင်ပျောက်လုပြီ။ကို နှင့် သူမတို့တကယ် မနီးစပ်နိုင်တော့ဘူးထင်သည်။

ရင်ခွင်ဦး Where stories live. Discover now