ကားပေါ်ကဆင်းဆင်းချင်း အားရ၀မ်းသာစွာဖြင့် ကို့ထံအပြေးသွားနေမိသည်။
"ဟားးဟားးး"
ကို့အခန်းထဲမှ ဂျင်မ့်ရယ်သံနက်ကြီးသည် ဟိန်းထွက်လာ၏။ကို သတိရပြီ။အသိစိတ်ကလေးပျော်ရွှင်မြူးတူးစွာ ကခုန်လျက်ရှိသည်။
"ဟော သားညိုတို့ရောက်လာပြီ "
"မေမေ "
ကိုသည် အန်တီမေအားတစ်ချက်လှမ်းကြည့်လျက်ခေါ်နေ၏။ အန်တီသည်ခေါင်းကိုတစ်ချက်ငြိမ့်ပြသည်။
" ဖြိုးသက်ထက်ဇော် မလား"
ဟင်.....။
ကိုသည်ပြုံးလျက်သူမကို နှုတ်ဆက်နေသည်။ကို့အပြုံးများသက်၀င်နေသည်။သို့သော် ဤအပြုံးနှင့်ကိုသည် ကို မဟုတ်မှန်း သူမသာလျှင်ခံစားမိနေသည်။
"မသရဖီကို "
"မိုးညိုဆိုတာလား ကျမ အနားမှာရှိနေပေးကြလို့ကျေးဇူးပါ "
"မဟုတ်တာ ဟမ် သရဖီကို !!"
မိုးညိုသည် ခုမှ သတိရသွားဟန် သူမကိုလှမ်းကြည့်သည်။သူမ မျက်နှာကိုမြင်မြင်ချင်း ထိတ်လန့်သွားသောမိုးညိုသည် အန်တီဆွေ့ထံချက်ချင်းအကြည့်ပို့သည်။
" အန်တီက မင်းတို့ကိုမျှော်နေတာကွယ် ေနာက်တစ်ပတ်ထဲ သမီးလေးရဲ့စေ့စပ်ပွဲကို ဖိတ်မလို့လေ "
"ဟမ် စေ့စပ်ပွဲ "
သူမကောမိုးညိုပါ ကို့မျက်နှာကို အသေချာကြည့်နေကြ၏။
"သူငယ်ချင်းတို့ တို့ ဂျင်မ်နဲ့စေ့စပ်တော့မှာလေ တို့ကမလောပါဘူးမေမေပေါ့ "
ကိုက အဟုတ်အတိုင်းအတည်ပြောနေသည်။သူမ မှာ ယိုင်မလဲသွားစေရန် အသိစိတ်ကို မနည်းကပ်ထားရ၏။
"ဘာ သရဖီကို !!"
"သားညို!!!"
အန်တီဆွေသည် သူ့သားကိုအပြင်ခေါ်ထုတ်သွား၏။
အခန်းထဲ သူမ ကူရာမဲ့စွာကျန်ရစ်၏။ဂျင်မ်ဆိုသောအမျိုးသားသည် ကို့အပါးမှတစ်ဖ၀ါးမခွာရှိနေ၏။အန်တီမေမီသည် အောင်နိုင်သူအပြုံးဖြင့် သူမကိုခပ်ဆဆကြည့်နေသည်။ကိုကိုကြီးတို့ကော ။
"ကျော်စွာက အလုပ်ကိစ္စအရေးကြီးလို့ ငါရန်ကုန်ပြန်လွှတ်လိုက်ပြီ"
အခန်းထဲေ၀့၀ဲရှာနေသောသူမ မျက်လုံးများကြောင့်အန်တီမေမီက ထ ပြောသည်။
အခန်းထဲ တိတ်ဆိတ်သွား၏။ယခုပုံအတိုင်းဆိုသူမ ပစ်လဲသွားလိုက်ချင်ပြီ။
"ကို မဟုတ် ။သရဖီကို ခုလို သက်သာလာတာ တို့၀မ်းသာပါတယ် စေ့စပ်ပွဲအတွက်လဲ ဂုဏ်ယူတယ်နော် "
"အဟင်းးး ကျေးဇူးပါ ဖြိုးသက်ထက်ဇော် ဒါနဲ့မင်္ဂလာဆောင်ကျ သတို့သမီးအရံလုပ်ပေးရမှာနော့ "
ကိုက ပြုံးစစနှင့်ထိုစကားကိုဆိုနေသည်။အင်းလေ ကို ပျော်နေရင်ပြီးတာပါပဲ။
"အင်းးးတို့အားရင်လုပ်ပေးပါ့မယ် "
"
YOU ARE READING
ရင်ခွင်ဦး
Любовные романыချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။
